/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/မှန်ကြည့်တိုင်း-ကျွန်မအမြဲငိုခဲ့ရတယ်

မှန်ကြည့်တိုင်း ကျွန်မအမြဲငိုခဲ့ရတယ်

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

          သီချင်းဗွီဒီယိုတွင် ပါဝင်နိုင်ရန်အတွက် ဝလွန်းနေသည်ဟုဆိုပြီးအငြင်းခံရခြင်းက အဆိုတော်တစ်ဦးအတွက် ကိုယ်အလေးချိန်လျှော့ချနိုင်ရန် တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်။

          လီဗာပူးမြို့တွင်နေထိုင်သူ အသက် 22 အရွယ် Poppy Hughes က ယခင်ကိုယ်အလေးချိန် 204 ပေါင်မှ ပေါင် 70 တိတိလျော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။

          ကလေးအထူးကုသူနာပြုအဖြစ်လည်း လုပ်ကိုင်နေသောသူမသည် ငယ်စဉ်ကတည်းက စားချင်တာမှန်သမျှကို မဆင်မခြင်စားခဲ့တာကြောင့် ဆယ်ကျော်သက်အရွယ်မှာသူမအတွက် အ၀လွန်ခြင်းဟာ ခြောက်လှန့်မှုတစ်ခုဖြစ်ခဲ့ရပါတယ်။

          ကိုယ်အလေးချိန်လျှော့ချဖို့မစဉ်းစားခင်အထိ ဘီစကစ်အထုတ်ပေါင်းများစွာကို တစ်ထိုင်တည်း စားတယ်ဆိုတာ သူမအတွက်အထူးအဆန်းမဟုတ်ခဲ့ပါ။

          Poppy  ရှင်းပြတာကတော့ “ကျွန်မဘီစကစ်တွေ ဒါမှမဟုတ် အချိုတွေစားနေတဲ့အချိန်မှာ စဉ်းစားမိတာက ကျွန်မဟာ အလေးချိန်လျော့ချမယ့်အစီအစဉ်တွေကို မလိုက်နာတော့မယ်အတူ ဆက်စားတာပဲကောင်းပါတယ်ဆိုပြီးပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မဟာနေ့စဉ်နေ့တိုင်း ဒါတွေကိုပဲ ဆက်ပြီးစားနေဖြစ်ပါတယ်” လို့ ဆိုပါတယ်။

          အခုအခါမှာတော့ Poppy ဟာ သူမကိုယ်သူမ မယုံနိုင်အောင်ကို သူမရဲ့ကိုယ်အလေးချိန် ကို လျှော့ချနိုင်ခဲ့ပါတယ်။ ဗီဒီယိုမှာပါဝင်လိုပါက ခန္ဓာကိုယ်အလေးချိန်ကိုလျှော့ချဖို့လိုတယ်လို့ ထုတ်လုပ်သူပြောကြားလိုက်တဲ့ အခိုက်အတန့်ဟာ သူမကို လုံးဝပြောင်းလဲစေခဲ့ပါတယ်။

          “ကျွန်မကိုကြည့်နေတဲ့မျက်လုံးတွေကို ကျွန်မလုံးဝမကြိုက်ဘူး” ဒါကြောင့် မှန်ကြည့်တိုင်း ကျွန်မအမြဲငိုနေရပါတယ်။

          “အရင်တုန်းကတော့ ကိုယ်အလေးချိန်လျှော့ဖို့ဘယ်သူတွေဘာပြောပြော ကျွန်မဂရုမစိုက်ခဲ့ပါဘူး”

          ယခင်က သူမက သူမစားချင်တာတွေအားလုံးကို စားခဲ့တာကြောင့် ကိုယ်အလေးချိန်လျှော့ချတဲ့အခါ သူမအလွန်ပင်ကြိုးစားခဲ့ရပါတယ်။ သူမရဲ့အရင်က စားသောက်မှုပုံစံတွေကတော့ မနက်စာကို ပေါင်မုန့်နှစ်ချပ်၊ နေ့လည်စာကို အသားသွတ်ပေါင်မုန့်၊ အာလူးကြော်နဲ့ ချောကလက်၊ ညစာကို ငါး (သို့) အကြော်ဆိုင်တစ်ခုခုမှာစားတဲ့အပြင် သွားရေစာတွေကိုလည်း အရမ်းစားခဲ့ပါတယ်။

          2015 နွေရာသီလောက်မှာတော့ Poppy ရဲ့ ကိုယ်အလေးချိန်ဟာ 204 ပေါင်လောက်ရှိတာကြောင့် ကိုယ်လက်လှုပ်ရှားမှုသင်တန်းတစ်ခုကို တက်ရောက်ဖို့် သူမကိုယ်တိုင်ဆုံးဖြတ်ခဲ့ပါတယ်။ Poppy ဟာ သူမရဲ့သူငယ်ချင်းကိုလည်း သူမနဲ့အတူတက်ဖို့တိုက်တွန်းခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦး ဖေးမကူညီရင်းနဲ့ လျင်လျင်မြန်မြန်တိုးတက်လာခဲ့ကြပါတယ်။

        “ကော်ဖီဆိုင်ထိုင်တာတွေ၊ စားရင်းရုပ်ရှင်ကြည့်တာတွေအစား ကျွန်မတို့ရဲ့အချိန်တွေကို သင်တန်းမှာပဲ အတူတကွကုန်ဆုံးစေခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျွန်မသူငယ်ချင်းကို အရမ်းကျေးဇူးတင်တယ်” လို့ Poppy က ပြောကြားခဲ့ပါတယ်။

         ယခုအချိန်မှာတော့ Poppy ရဲ့ အစားအသောက်တွေဟာ အရမ်းကိုကျန်းမာရေးနဲ့ညီညွတ်နေပါပြီ။ အချိုမုန့်တွေအစား သဘာဝဒိန်ချဉ်တွေ၊ သစ်သီးတွေ၊ ဆန်မုန့်တွေကိုသာ သူမပိုမိုနှစ်ခြိုက်လာပါတယ်။ ဒါပေမယ့် သူမစားချင်တာတွေရှိလာရင်တော့ စားဖို့အတွက်တစ်ပတ်တစ်ရက်တော့ သူမကိုယ်သူမခွင့်ပြုထားပါတယ်။

         “ကျွန်မရဲ့နောက်ထပ်ရည်မှန်းချက်ကတော့ အသားအရည်တင်းရင်းစေဖို့ဖြစ်ပြီး၊ ကျွန်မကိုအရင်က တခြားသူတွေကြည့်ခဲ့တဲ့အကြည့်တွေကို မနှစ်ခြိုက်တာကြောင့် ကျွန်မပိုကြိုးစားရမယ်” လို့လည်း Poppy က ဝန်ခံခဲ့ပါတယ်။

         “လူတွေရဲ့အမြင်ကို ပြောင်းလဲနိုင်ဖ်ို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်။ ဒါပေမယ့် အချိန်ကသက်သေပြသွားမှာပါ”

Dr. Moe Thauk Pan

www.drmyanmar.com