/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/ပေါင်-200-ကျော်-လျှော့ချနိုင်ခဲ့သူ

ပေါင် 200 ကျော် လျှော့ချနိုင်ခဲ့သူ

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

         ကျွန်တော့်နာမည်Troy Fox ပါ။ ပေါင်ချိန် 435 ပေါင်ရှိခဲ့ဖူးသူ တစ်ယောက်လို့လည်း ကိုယ့်ကိုယ်ကို မိတ်ဆက် ပေးချင်ပါတယ်။ အသက်ကတော့ 22 နှစ်ရှိပါပြီ။ ကြွက်သားတွေနဲ့မာကျစ်ပြီး ကြံ့ခိုင်သူတစ်ယောက်ဖြစ်မယ်ဆိုရင် တော်တော်ခံ့ညားသူတစ်ယောက်လို့ထင်ဟပ်စေမယ့် အရပ် 5 ပေ 11 လက်မ အမြင့်ရှိသူ ကျွန်တော်ဟာ အဆီတွေစုေ၀းနေတဲ့ ၀ဖိုင့်သူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာပေါင်ချိန် 215 ပေါင်သာရှိပါတော့တယ်။ ပေါင် 200 တောင်လျှော့ချနိုင်ခဲ့ပါပြီ။

         အဖေကကျွန်တော့်ကို ကိုယ်အလေးခိျန်ချဖို့တွန်းအားပေးခဲ့တာကြောင့် ကျွန်တော်အခုလောက် ပေါင်ချိန်အထိကျသွားအောင် လျှော့ချနိုင်ခဲ့တာပါ။ ကျွန်တော်အဖေ့ကို သိပ်ကျေးဇူးတင်ပါတယ်။ ဘာကြောင့် 435 ပေါင်ထိ ပေါင်ချိန်တက်သွားခဲ့ရသလဲ၊ ဘယ်လိုနည်းတွေသုံးပြီး ပေါင်ချိန်ကျသွားအောင်လုပ်ခဲ့လဲဆိုတာကို ၀ဖိုင့်နေကြတဲ့အကို၊ အမ၊ ညီငယ်၊ ညီမငယ်တွေအနေနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ကို ယုံကြည်သက်၀င်စေလိုတဲ့ဆန္ဒအရ ပြောပြသွားချင်ပါတယ်။

           အဖေနဲ့အမေကွာရှင်းပြီးနောက်မှာ အမေကျွန်တော့်တို့ဘ၀ထဲမှာမရှိတော့ဘူးဆိုတဲ့ခံစားချက်က ကျွန်တော့်ကို စိတ်ဓာတ်အကြီးအကျယ်ကျစေခဲ့ပြီး စိုးရိမ်ပူပန်မှုတွေလည်းဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်ဒီ လိုခံစားချက်တွေ၊ စိတ်နာကျည်းမှုတွေကိုဖုံးကွယ်မြိုသိပ်ဖို့ အစားတွေသာ ဖိစားပြီး ပျော်ပျော်နေတတ်တဲ့ အသွင်ကို ဆောင်ခဲ့ရတာပါ။ သိပ်ကြိုက်တဲ့အစားအစားတွေဖြစ်တဲ့ ပီဇာ၊ ကွတ်ကီး၊ အာလူးချောင်းကြော်၊ pasta၊ အချိုဓာတ်များများပါအစားအစာတွေကိုစားပြီးရင်းစား၊ မရိုးအီနိုင်အောင်စားခဲ့ပါတယ်။ ဗိုက်ပြည့်သွားတယ်ဆိုတာမရှိသလို အမြဲဆာလောင်နေပြီး တစ်ခုမဟုတ်တစ်ခု အမြဲရှာဖွေစားသောက်တတ်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကောလိပ်ကျောင်းသားတစ်ယောက် စဖြစ်ပြီး နွေရာသီကျောင်းပိတ်ချိန်မှာ ပေါင်ချိန် 435 ပေါင်အထိတက်သွားပါတော့တယ်။ ကျွန်တော့်စိတ်အတိုင်းသာဆိုရင် ကိုယ်အလေးချိန်ချဖြစ်မှာမဟုတ်ပါဘူး။ ၀နေလည်းဘာဖြစ်လဲ…၀ပေါ့။ ၀လို့လှလို့ပဲကြားဖူးတယ်၊ ပိန်လို့လှတယ်လို့မကြားဖူးဆိုတဲ့စကားက ကျွန်တော်အမြဲစနောက်နေကျပါ။ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ပတ်သက်ပြီး စိတ်ပြင်းပြခြင်းမျိုး မရှိဘူးလို့တောင်ဆိုရမှာပါ။ ဒါပေမယ့် ကိုယ်အလေးချိန်ချစေချင်တဲ့ အဖေ့ဆန္ဒကို ဖြည့်ဆည်းပေးချင်တဲ့စိတ်နဲ့ ကိုယ်အလေးချိန်ချဖြစ်ခဲ့ပါတယ်။

 

၀ိတ်ကျစေဖို့ကြိုးစားအားထုတ်

 

          Elliptical လို့ခေါ်တဲ့ လမ်းလျှောက်စက်ကိုအသုံးပြုကာ ကိုယ်ကာယလေ့ကျင့်ခန်းစလုပ်ခဲ့ပြီး မောဟိုက် လွန်းတာကြောင့် အချိန် 15 မိနစ်ထက်ပိုကြာအောင်မလုပ်နိုင်ခဲ့ပါဘူး။ စစချင်းနှစ်ရက်မှာ ခြေလက်တွေ မခံမရပ်နိုင်လောက်အောင် နာကျင်တဲ့ဒဏ်ကိုခံစားခဲ့ရပါတယ်။ လေ့ကျင့်ခန်းစလုပ်ချိန်မှာ နာကျင်တာကိုခံစားရမယ်၊ စိတ်အားတင်းပြီး ဆက်လုပ်သွားရင် နောက်ပိုင်းမှာကြွက်သားနာကျင်မှုကို မခံစားရတော့ဘူးလို့ သိထားတဲ့အတွက် အံကြိတ်ကာ ဆက်လက်ကြိုးစား လုပ်ဖြစ်ခဲ့ပါတယ်။ နှစ်ပတ်လောက် အကြာမှာ လေ့ကျင့်ခန်းလုပ်ရတာ ပိုလွယ်ကူလာပြီး ကျွန်တော်ကိုယ်တိုင်လည်း လေ့ကျင့်ခန်းလုပ်ရတာကို ပိုပျော်လာပါတယ်။

           အခုဆိုရင် တစ်ပတ်လုံးလုံး လေ့ကျင့်ခန်းလုပ်ဖြစ်နေပြီး တစ်နေ့မှာတစ်နာရီ၊ နှစ်နာရီလောက်ပြေးစက် နဲ့ လေ့ကျင့်နေသလို တစ််ပတ်လုံးမှာမှ ခြေထောက်ပိုင်းကို လေ့ကျင့်တာတစ်ရက်၊ လက်မောင်းပိုင်းအတွက် လေ့ကျင့်တာတစ်ရက် စသဖြင့် ရက်အပိုင်းအခြားကန့်သတ်ကာ လေ့ကျင့်ဖြစ်နေ ဆဲပါ။ နောက်ပြီးကြွက်သားထု ထွက်ဖို့အတွက်လည်းအလေးမပါတယ်။ ပရိုတင်းဓာတ်များများရယူခြင်းကို ယနေ့ချိန်ထိလည်း ဆက်လက်လုပ်ဆောင်နေဆဲပါ။ ကြက်ရင်အုံသား၊ ကြက်ဆင်သား၊ ၀က်သား၊ ကြက်ဥ(အကာ) စတဲ့အသားတွေကို စားသုံးကာ ပရိုတင်းဓာတ်ကိုဖြည့်တင်းပြီး ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်း၊ မှို၊ ကြက်သွန်နီ၊ အစိမ်းရောင်ပဲ၊ ကညွတ်လိုဟင်းသီးဟင်းရွက်တွေကိုလည်း မပါမဖြစ်ပါအောင်စားနေပါတယ်။ ဌက်ပျောသီး၊ ပန်းသီး၊ လိမေ္မာ်သီး၊ နာနတ်သီး၊ ဘယ်ရီသီး စတဲ့အသီးအနှံများများစားပေးပါတယ်။ တစ်နေ့မှာကယ်လိုရီ 1500 ၀န်းကျင်သာစားသုံးဖြစ်တဲ့ အကျင့်စွဲသွားတာကြောင့် အစာစားတဲ့အလေ့အထကိုလည်း ကောင်းစွာထိန်းချုပ်တတ်သူ ဖြစ်သွားပါပြီ။ အရင်တုန်းကလိုအများကြီးစားတာမျိုးမရှိတော့ပါဘူး။   

၀ိတ်ကျသွားခြင်းရဲ့အကျိုးကျေးဇူးများကိုယ်တိုင်သိမြင်ခံစား

          စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ တိုးတက်ကောင်းမွန်လာတာကို ခံစားမိပါတယ်။ အရင်ကဆို ကျွန်တော်ဘယ်နေရာပဲသွားသွား ကျွန်တော့်ကိုကြည့်ပြီး ေ၀ဖန်ချက်ပေးနေတယ်လို့ အမြဲတမ်းစိတ်က မလုံမလဲဖြစ်ခဲ့ရပါတယ်။ ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး ဘယ်လိုပဲ လျစ်လျှူရှုထားတတ်တဲ့သူ တစ်ယောက်ဖြစ်တယ်လို့ဆိုစေကာမူ ကိုယ့်ကိုလူထူးလူဆန်းတစ်ယောက်လိုကြည့်ပြီး ေ၀ဖန်ကြတဲ့ စကားလုံးတွေကိုကြားရတိုင်း အားငယ်စိတ်၊ သိမ်ငယ်စိတ်၀င်တာ၊ ၀နေခြင်းအပေါ် ချက်ချင်းပင် မုန်းတီးစိတ်တွေ၀င်သွားမိမှာတော့ ၀နေသူတွေမှာဖြစ်တတ်တဲ့ခံစားချက်ပါ။ နောက်ပိုင်းမှ တဖြည်းဖြည်း ပြေပျောက်ချင်ပြေပျောက်သွားပါလိမ့်မယ်။ ကျွန်တော်လည်း ထိုနည်းလည်းကောင်း စိတ်ခံစားချက်တော့ရှိခဲ့ဖူးပါတယ်။

          အရင်ကဆိုရင် လှေကားထစ်တွေကိုအသုံးပြုပြီး အတက်အဆင်းလုပ်ရတာ မောဟိုက် လွန်းတာကြောင့် လှေကားအတက်အဆင်းလုပ်ဖို့ကို တော်တော်လေး ၀န်လေးခဲ့ရပါတယ်။ အခုဆိုသွက်လက်ပေ့ါပါးလိုက်တာ ကိုယ့်ကိုယ်တောင်မယုံကြည်နိုင်လောက်အောင်ဖြစ်မိပါတယ်။ ထိုင်ခုံကျိုးသွားတာ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ယှဉ်ရင် ထိုင်ခုံကသေးနေမှာကိုစိုးရိမ်စိတ်ရှိတာကြောင့် ရုပ်ရှင်သွားကြည့်တာ၊ အပြင်ထွက်စားတာတို့မလုပ်ခဲ့တဲ့ကျွန်တော် အခုဆိုရင်စိုးရိမ်စိတ်ဆိုတာ နည်းနည်းတောင်မဖြစ်တော့ပါဘူး။ ကိုယ်အလေးချိန်လျှော့ချလိုက်ပြီးမှ ကျွန်တော်ပိုကျန်းမာလာပြီး ကိုယ့်ကိုယ်ယုံကြည်မှုပိုရှိလာတာကို ကိုယ်တိုင်ခံစားသိမြင်လာရတဲ့အတွက် ၀ဖိုင့်နေသူတစ်ယောက်ဘ၀ကို ရင်မဆိုင်ချင်တော့ပါဘူး။ ဒါကြောင့်လည်း ကျွန်တော်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုစား၊ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ကို အမြဲထိန်းတတ်နေပါပြီ။

         အ၀လွန်လို့ စိတ်ဖိစီးမှုများနေသူ အားလုံးကိုလည်း အောင်မြင်အောင်ကြိုးစားကြဖို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။ ကြိုးစားမယ်ဆို တကယ်၀ိတ်ကျနိုင်ပါတယ်။ အဓိကက အားသွန်ခွန်စိုက် လုပ်လိုတဲ့ စိတ်ရှိဖို့ပဲလိုပါတယ်။

 

CMS

www.drmyanmar.com