/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရင်ပြည့်ရင်ကယ်-မပေါ့ဆဖွယ်

ရင်ပြည့်ရင်ကယ် မပေါ့ဆဖွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရင်​ပြည်​့ရင်​ကယ်​ခြင်​းဟာ Lactose လို့ခေါ်တဲ့သကြားဓာတ်​ကို ဓာတ်မတည်​့ခြင်​းကစလို့ ကင်​ဆာ​ရောဂါ​တွေအထိ ဖြစ်​နိုင်​တာ​ကြောင်​့ ဘယ်​လိုအချိန်​မျိုးမှာ စိုးရိမ်​သင်​့သလဲဆိုတာကို သိထားသင်​့ပါတယ်​။

 

>> သတိထားရမယ်​့လက္ခဏာများ

 

၁။ ကိုယ်​အ​လေးချိန်​​ကျခြင်​း

 

          ရင်​ပြည်​့ရင်​ကယ်​ဖြစ်​ပြီး ဝိတ်​မ​လျှော့ပါဘဲ နဂိုရှိရင်​းစွဲထက်​ ၁၀% ကိုယ်​အ​လေးချိန်​ကျ​နေပါက သတိထားသင်​့ပါတယ်​။ အူနံရံကို အလုံးအကျိတ်​ဖိခြင်​း​ကြောင်​့​သော်​လည်​း​ကောင်​း၊ အကျိတ်​က​နေထွက်​တဲ့ပစ္စည်​း​တွေက အစားအ​သောက်​ပျက်​​စေတာ​ကြောင်​့​သော်​လည်​း​ကောင်​း ဖြစ်​နိုင်​ပါတယ်​။

 

၂။ ​ရေဖျဉ်​းဆွဲခြင်​း

 

          ရင်​ပြည်​့ရင်​ကယ်​ဖြစ်​ပြီး ဗိုက်​ကြီး​ဖောလာပါက အသည်​း​ရောဂါ​သော်​လည်​း​ကောင်​း၊ ကင်​ဆာ​ရောဂါသော်​လည်​း​ကောင်​း ဖြစ်​နိုင်​ပါတယ်​။ ​​ရေဖျဉ်​းအပြင်​ မျက်​လုံးနဲ့အသားပါဝါလာပါက အသည်​းကိုကင်​ဆာပြန်​့တာဖြစ်​နိုင်​သလို အသည်း​​ရောင်​တာ​ကြောင်​့လည်​း ဖြစ်​နိုင်​ပါတယ်​။

 

Kremil-S 1

၃။ ​သွေးဝမ်​းသွားခြင်​း၊ ​ပုံမမှန်​သွေးဆင်​းခြင်​း

 

          လိပ်​​ခေါင်​း၊ ရာသီစက်​ဝန်​းမမှန်​ခြင်​း၊ အသားလုံးနဲ့ သားအိမ်​အတွင်း​လွှာပါးလာခြင်​းတို့​ကြောင်​့ အဖြစ်​များပြီး သိပ်​ကြောက်​စရာမလို​ပေမယ်​့ အူမကြီးကင်​ဆာ၊ သားအိမ်​ကင်​ဆာ​တွေ​ကြောင်​့လည်​း ဖြစ်​နိုင်​​သေးတာမို့ သတိထားသင်​့ပါတယ်​။

 

၄။ အဖျားဝင်​ခြင်း

 

          ပိုးဝင်​ခြင်​း​ကြောင်​့​သော်​လည်​း​ကောင်​း၊ ​ရောင်​ရမ်​းခြင်​း​ကြောင်​့​သော်​လည်​း​ကောင်​း ဖြစ်​နိုင်​ပြီး ​သွေးဖြူ ဥ​တွေများ​နေခဲ့ရင်​ ပိုပြီးသတိထားရပါမယ်​။

 

>> ​​ကြောက်​စရာ​ရောဂါ ၉ ခု

 

၁။ အစာအိမ်ကင်​ဆာ

 

          အစပိုင်​းမှာ ရင်​ပြည်​့ရင်​ကယ်​ဖြစ်​ခြင်​း၊ အစာ​မ​ကြေခြင်​း၊ ဗိုက်​ပြည်​့ခြင်​း စတာ​တွေနဲ့လာနိုင်​ပြီး ပိုဆိုးလာတဲ့အချိန်​မှာ ကိုယ်​အ​လေးချိန်​ကျခြင်​း၊ ပျို့အန်​ခြင်​း၊ ဗိုက်​​အောင်​့ခြင်​းစတဲ့လက္ခဏာ​တွေနဲ့ လာတတ်​ပါတယ်​။

 

၂။ အူမကြီးကင်​ဆာ

 

          အကျိတ်​က အူမကြီးအတွင်​းပိုင်​းကို ပိတ်​ဆို့​စေပြီး ရင်​ပြည်​့ရင်​ကယ်​ဖြစ်​​စေနိုင်​ပါတယ်​။ အထူးသဖြင်​ အူမကြီးအဆုံးသတ်​နားမှာရှိ​နေပါက ​သွေးဆင်​းခြင်​း၊ ဝမ်​းချုပ်​ခြင်​း စတဲ့လက္ခဏာ​တွေနဲ့လည်​း လာနိုင်​ပါတယ်​။

Kremil-S 2

၃။ အသည်​​း​ရောဂါ

 

          ရိုးရိုးအသည်​း​ရောဂါလည်​းဖြစ်​နိုင်​သလို အခြားအင်္ဂါအစိတ်​အပိုင်​းကင်​ဆာတစ်​ခုခုက ​သွေးက​နေတစ်​ဆင်​့ အသည်​းကို ပြန်​့ လာတာလည်​း ဖြစ်​နိုင်​ပါတယ်​။ ရင်​ပြည်​့ရင်​ကယ်​ဖြစ်​တဲ့အပြင်​ ​ရေဖျဉ်​းဆွဲခြင်​း၊ အသားဝါခြင်​း စတာ​တွေနဲ့ လာတတ်​ပါတယ်​။

 

၄။ သားဥအိမ်​ကင်​ဆာ

 

          အဖြစ်​နည်​း​ပေမယ်​့ ​အသက်အန ္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ကင်​ဆာတစ်​မျိုးပဲ ဖြစ်​ပါတယ်​။ အသက်​၅၀​ကျော်​ အမျိုးသမီး​တွေမှာဖြစ်​တတ်​ပြီး က​လေးမရှိသူ၊ အသက်​ကြီးမှက​လေးရသူ၊ အဝလွန်​သူ၊ မိသားစုရာဇဝင်​ရှိသူ၊ မျိုးရိုးရှိသူ​တွေနဲ့ ​ဟော်​မုန်​း အစားထိုးကုသမှုခံယူထားသူ​တွေမှာ အဓိက​တွေ့ရတတ်​ပါတယ်​။ ရင်​ပြည်​့ရင်​ကယ်​ခြင်​း၊ ဗိုက်​ပြည်​့လွယ်​ခြင်​း၊ ခါး​အောက်​ပိုင်​းနာခြင်​း တဲ့ လက္ခဏာ​တွေနဲ့ လာတတ်​ပါတယ်​။

 

၅။ သားအိမ်​ကင်​ဆာ

 

          ရင်​ပြည်​့ရင်​ကယ်​ဖြစ်​တဲ့အပြင်​ ပုံမမှန်​​သွေးဆင်​းခြင်​း၊ အဖြူ ဆင်​းခြင်​း၊ ခါး​အောက်​ပိုင်​းနာကျင်​ခြင်း၊ ဆီးသွားချိန်​၊အတူ​နေချိန်​ နာကျင်​ခြင်​း စတဲ့လက္ခဏာရပ်​​တွေနဲ့ လာနိုင်​ပါတယ်​။ Tamoxifenကင်​ဆာ​ဟော်​မုန်​း​ဆေး​သောက်​ခြင်​း၊ အီစထရိုဂျင်​​ဟော်​မုန်​း​ဆေး​သောက်​ခြင်​း၊ ဓာတ်​​ရောင်​ခြည်​ကုသခြင်​း၊ သားအိမ်​ကင်​ဆာမိသားစုရာဇဝင်​ရှိခြင်​း၊ မျိုးရိုးလိုက်​အူမကြီးကင်​ဆာရှိခြင်​း စတဲ့အ​ကြောင်းရပ်​​တွေရှိသူ​တွေမှာ ပိုဖြစ်​နိုင်​ပါတယ်​။

 

၆။ ပန်​ကရိယကင်​ဆာ

 

          မျက်​လုံးနဲ့အသားဝါခြင်​း၊ ကိုယ်​အ​လေးချိန်​ကျခြင်​း၊ အစားအ​သောက်​ပျက်​ခြင်​း၊ ဗိုက်​နာခြင်​း၊ ခါးကိုအနာပြန်​့လာခြင်း၊ လတ်​တ​လောဆီးချို​ရောဂါဖြစ်​လာခြင်​းစတဲ့ လက္ခဏာ​တွေတွဲ​နေပါက ပန်​ကရိယကင်​ဆာကို စဉ်​းစားသင်​့ပါတယ်​။

 

၇။ အူသိမ်​မြွား​ရောင်​ခြင်​း

 

          အူမကြီးက​နေ ထွက်​​နေတဲ့ အူသိမ်​မြွား​လေးဟာ အသက်​၅၀​ကျော်​အရွယ်​မှာ ​ရောင်​တတ်​ပြီး ဗိုက်​နာခြင်​း၊ အစားအ​သောက်​ပျက်​ခြင်​း၊ ဖျားခြင်​း၊ ဝမ်​းချုပ်​ခြင်​း၊ ဝမ်​း​လျောခြင်​း​တွေနဲ့ လာတတ်​ပါတယ်​။

 

၈။ တင်​ပါးဆုံပိုင်​းပိုးဝင်​ခြင်​း

 

          က​လေး​မွေးခြင်​း၊ ကိုယ်​ဝန်​ပျက်​ခြင်​း၊ သားအိမ်​ပစ္စည်​းထည်​့ခြင်​းတို့​ကြောင်​့ Chlamydia သို့မဟုတ်​ Ganorrhoeaပိုး​တွေဝင်​တဲ့အခါ သားအိမ်​အတွင်​းသား၊ သားဥပြွန်​၊ သားဥအိမ်​​တွေ ​ရောင်​ရမ်​းလာတတ်​ပါတယ်​။ ဖျားခြင်​း၊ တင်​ပါးဆုံ​အောက်​ပိုင်​းနာခြင်​း၊ အဖြူ ဆင်​းခြင်​း စတဲ့လက္ခဏာရပ်​​တွေနဲ့လာတတ်​ပါတယ်​။

 

၉။ Crohn’s disease

 

          ခုခံအားက​မောက်​ကမနဲ့ ကိုယ်​့ခန္ဓာကိုယ်​ပြန်​တိုက်​တဲ့ ​ရောဂါတစ်​မျိုးဖြစ်​ပြီး အူသိမ်​နဲ့ အူမကြီးတို့မှာ ဖြစ်​တတ်​ပါတယ်​။ အ​စောပိုင်​း​တွေမှာ ရင်​ပြည်​့ရင်​ကယ်​ပြီးလာတတ်​ပြီး ​နောက်​ပိုင်​းမှာ အူကျဉ်​းပြီး အူပိတ်​သွားတဲ့အခါ ကိုယ်​အ​လေးချိန်​ကျဆင်​းခြင်​း၊ ပျို့အန်​ခြင်​း၊ ဝမ်​းထဲ​သွေးပါခြင်​းစတာ​တွေအပြင်​ ပါးစပ်​အနာ​ပေါက်​ခြင်​း၊ အဆစ်​အမြစ်​နာကျင်​ခြင်​း၊ အ​ရေပြားအနာဖြစ်​ခြင်​းနဲ့ မျက်​လုံး​ရောင်​ခြင်​း စတာ​တွေဖြစ်​လာနိုင်​ပါတယ်​။

 

          ကံ​ကောင်​း​ထောက်​မတာက​တော့ ​ရင်​ပြည်​့ရင်​ကယ်​ခြင်​းဟာ ကင်​ဆာ၊ ပိုးဝင်​ခြင်​းနဲ့ ​ရောင်​ရမ်​းခြင်​း​တွေ​ကြောင်​့ ဖြစ်​တာနည်​းပါတယ်​။ မ​သေချာရင်​​တော့ ဆရာဝန်​​နဲ့တိုင်​ပင်​ပြသကြည်​့တာဟာ အ​ကောင်​းဆုံးပဲဖြစ်​ပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)