/
node/5741

ကိုယ်ဝန်ဆောင်ချိန် ချဉ်ခြင်းများအကြောင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          အချဉ်​ထုတ်​၊ ​ပေါင်​မုန်​့၊ ​ရေခဲမုန်​့၊…. စသဖြင်​့ များပြားလှတဲ့ ချဉ်​ခြင်​း​တွေဖြစ်​​နေပါသလား? စိတ်​မပူပါနဲ့။ ကိုယ်​ဝန်​​ဆောင်​အမျိုသမီး ၅၀က​နေ၉၀ရာခိုင်​နှုန်​းဟာ အစားအ​သောက်​တစ်​မျိုးမျိုးကို ချဉ်​ခြင်​းတက်​​နေ​လေ့ရှိပြီး တစ်​ချို့​တွေမှာ​တော့ ပုံမှန်​ကြိုက်​​လေ့ရှိတဲ့အစားအစာ​တွေကို​တောင်​ လှည်​့မကြည်​့ချင်​​လောက်​​အောင်​ မုန်​း​နေတတ်​ပါတယ်​။

 

>> ဘယ်​အချိန်​မှာစဖြစ်​တတ်​သလဲ?

 

          ကိုယ်​ဝန်​သုံးလ​ေ လာက် မှာ စဖြစ်​တတ်​ပြီး ၃ လမှ ၇လ အတွင်​းမှာ ချဉ်​ခြင်​း အလွန်ဖြစ်တတ်​ပါတယ်​။ ​နောက်​ပိုင်​းမှာ​တော့ တစ်​ဖြည်​းဖြည်​းချင်​း ပြန်​နည်​းသွားတတ်​ပါတယ်​။ ဒီအချိန်​အ​တောအတွင်​းမှာ တစ်​ချို့အစားအစာ​တွေကို မငြီးမ​ငွေ့​တောင်​့ တ​နေတတ်​ပြီး တစ်​ချို့အစားအစာ​တွေကို စဉ်​းစားကြည်​့ရုံနဲ့တင်​ ပျို့အန်​ချင်​​နေတတ်​ပါတယ်​။ ဒီလိုမစားချင်​တာမျိုးဟာ မနက်​ခင်​းပျို့အန်​ခြင်​း​တွေနဲ့ တွဲပြီးဖြစ်​တတ်ပါတယ်​။ ဒီလိုချဉ်​ခြင်​းတက်​တာနဲ့ မစားချင်​တာ​တွေဟာ တစ်​ပြိုင်​တည်​းဖြစ်တတ်​​ပေမယ်​့ တစ်​ခုနဲ့တစ်​ခု ဘာမှမဆိုင်​ပါဘူး။

>> ဘာ​ကြောင်​့ဖြစ်​ရတာလဲ?

 

          ဖြစ်​ရတဲ့အ​ကြောင်​းအရင်​း​တွေက​တော့

 

1. ​ဟော်​မုန်​း : ကိုယ်​ဝန်​​ဆောင်​အစပိုင်​း ​ဟော်​မုန်​း​တွေအ​ပြောင်​းအလဲဖြစ်​ချိန်​မှာ ဖြစ်​တတ်​ပါတယ်​။ ဒါ​ကြောင်​့ ကိုယ်​ဝန်​မ​ဆောင်​ခင်​မှာ ​ချော့လက်​စားချင်​စိတ်​ဖြစ်​​နေရင်​ ကိုယ်​ဝန်​​ဆောင်​​နေချိန်​မှာလည်​း ​ချော့ကလက်​ကို ချဉ်​ခြင်​းတက်​​နေပါလိမ်​့မယ်​။

 

2. အာရုံခံစားမှုအ​ပြောင်​းအလဲ​ : ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ အရသာနဲ့အနံ့ခံစားမှု အထူး​အား​ကောင်​း​နေတာ ဒါမှမဟုတ်​ လုံးဝခံစားမှုမရှိတာမျိုး​တွေ ဖြစ်​လာနိုင်​ပါတယ်​။ ဒါ​ကြောင်​့ တစ်​ချို့အစားအစာ​တွေကို လျာခံစားမှု အရမ်​း​ကောင်​းပြီး ခါးတဲ့အရသာ၊ ချဉ်တဲ့အရသာ​တွေ ခံစားရတတ်​ပါတယ်​။

 

3. အာဟာရဓာတ်​လိုအပ်​မှု : တစ်​ချို့​တွေရဲ့အဆိုအရ ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ ခန္ဓာကိုယ်​ရဲ့ လိုအပ်​ချက်​​တွေကို ချဉ်​ခြင်​းဖြစ်​ပြီး ခန္ဓာကိုယ်​အတွက်​မ​ကောင်​းတာ​တွေကို မစားချင်​ဖြစ်​​နေတယ်​လို့ ဆိုပါတယ်​။ ဒါ​ပေမယ့် အရင်​ကအရမ်​းကြိုက်​ခဲ့တဲ့ ​ကော်​ဖီ​တွေ၊ အရက်​​တွေကို ကိုယ်​ဝန်​​ဆောင်​ချိန်​ မခံနိုင်​ဖြစ်​​နေတာဖြစ်​တတ်​​ပေမယ်​့ ခန္ဓာကိုယ်​အတွက်​ ​ကောင်​းတဲ့ ဟင်​းရွက်​သုတ်​​​တွေ၊ အုတ်​ဂျုံ​တွေကိုလည်​း မစားချင်​ဖြစ်​​နေရတာဟာ ဘာ​ကြောင်​့မှန်​း မရှင်​းပြနိုင်​ပါဘူး။ သီအိုရီတစ်​ခုမှာ လူ​တွေရဲ့စားပုံ​တွေဟာ သဘာဝနဲ့ကင်​းကွာလာတာ​ကြောင်​့ ခန္ဓာကိုယ်​ရဲ့ လိုအပ်​ချက်​​တွေကို ဘာသာပြန်​ရာမှာ ပုံမှန်​အတိုင်​းမပြန်​တတ်​​တော့ဘူးလို့ဆိုပါတယ်​။ ဥပမာ ခန္ဓာကိုယ်​မှာ ဗီတာမင်​စီနဲ့ ကယ်​လ်​စီယမ်​ဓာတ်​လိုအပ်​​နေတဲ့အခါ ဒီလိုအပ်​ချက်​ကို ခန္ဓာကိုယ်​က သခွား​မွေးနဲ့ နို့ချဉ်​ခြင်​းအစား ​Oreo​ရေခဲမုန်​့ ကိုချဉ်​ခြင်​းတက်​တတ်​ပါတယ်​။

4. စိတ်​လုံခြုံစေမယ်​့အစားအစာ : ကိုယ်​့​မွေးဖွားကြီးပြင်းရာဒေသက အစားအစာ​တွေကို ချဉ်​ခြင်​းတက်​တတ်​ပါတယ်​။ ဥပမာ မြန်မာအမျိုးသမီးတစ်​​ယောက်​ဟာ ထမင်​းကို ချဉ်​ခြင်​းတက်​တာမျိုး​တွေဟာ အထူးသဖြင်​့ မီးဖွားခါနီးမှာ ဖြစ်​တတ်​ပါတယ်​။ ဒါ​ကြောင်​့ ကိုယ်​ချစ်​တဲ့ ကိုယ်​ချဉ်​ခြင်​းတက်​​နေတာကို မဆိုင်​းမတွစားခြင်​းဖြင်​့ စိတ်​လုံခြုံ​စေနိုင်​ပါတယ်​။

>> ဘာလုပ်​သင်​့သလဲ?

 

          ကိုယ်​ဝန်​​ဆောင်​ချဉ်​ခြင်​တက်​တဲ့အခါ အမြဲတမ်​းချိုးနှိမ်​ထားလို့ မဖြစ်​နိုင်​ပါဘူး။ ဒါ​ကြောင်​့ အကျိုးသင်​့အ​ကြောင်​းသင်​့ ကြိုးစားတုန်​့ပြန်​ရပါမယ်​။ ဒီလိုချဉ်​ခြင်​းတက်​တာ​တွေဟာ ၄လ​လောက်​မှာ ​ပျောက်​သွားတတ်​​ပေမယ်​့ မ​ပျောက်​ပဲဆက်​ရှိ​နေရင်​ စိတ်ခံစားမှုလိုအပ်​ချက်​​တွေရှိ​နေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ ခင်​ပွန်​းနဲ့စကားစမြည်​​ပြောဆိုပြီး ခင်​ပွန်​းရဲ့ ချစ်​ခင်​ကြင်​နာမှု​တွေ ရယူပါ။ ဒီအချက်​​တွေကို လိုက်​လုပ်​ကြည်​့ပါ။

• ကိုယ်​ဝန်​​ဆောင်​ချဉ်​ခြင်​းတက်​တဲ့အခါ ကိုယ်​ခန္ဓာကို အကျိုးမပြုမယ်​့ အာဟာရမရှိတဲ့ အစားအစာ​တွေကို အများကြီးမစားပါနဲ့။ ဥပမာ ​ချော့ကလက်​အကြီးကြီးမစားပဲ ​သေး​သေး​လေးပဲစားတာ၊ ဘ​ရောင်​နီကိတ်​အများကြီးမစားပဲ ​ချော့ကလက်​နို့တစ်​ခွက်​​လောက်​ပဲ​သောက်​တာ မျိုး​တွေလုပ်​​ပေးရပါမယ်​။

• ချဉ်​ခြင်​းမတရားတက်​လာတဲ့အခါ အခြားစိတ်​အ​ပြောင်​းအလဲဖြစ်​မယ်​့ လမ်​း​လျောက်​တာ၊ ​လေ့ကျင်​့ခန်​းလုပ်​တာ၊ စာဖတ်​တာ၊ သူငယ်​ချင်​းနဲ့စကား​ပြောတာ​တွေ လုပ်​ပြီးစိတ်​အာရုံလွှဲလို့ရပါတယ်​။

• တစ်​ခါတစ်​​လေ အရက်​ကလွဲလို့ အခြားစားချင်​တာ​တွေ စား​ပေးနိုင်​ပါတယ်​။ ပြီးရင်​​တော့ ကျန်​းမာ​ရေးနဲ့ညီညွတ်​တာ​တွေပဲ ပြန်​စား​ပေးပါ။

• ကိုယ်​ဝန်​​ဆောင်​ချိန်​ မစားချင်​မ​သောက်​ချင်​ဖြစ်​​နေခဲ့ရင်​ မစားချင်​တဲ့အစားအ​သောက်​အစား အစားထိုးစားလို့ရတာ​လေး​တွေ ရှာစားပါ။

 

>> ဘယ်​အချိန်​မှာဆရာဝန်​နဲ့ပြသသင်​့သလဲ?

 

          မူမမှန်​တဲ့ချဉ်​ခြင်​း​တွေဖြစ်​တဲ့ ရွှံ့၊ ပြာ၊ ဆပ်​ပြာ စတာ​တွေစားချင်​စိတ်​​ပေါ်လာခဲ့ရင်​ သံဓာတ်​အားနည်​း​နေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ ဆရာဝန်​နဲ့ ပြသ​​ဆွေး​နွေးသင်​့ပါတယ်​။ မနက်​ခင်​းပျို့အန်​တာ​တွေ မသက်​သာခဲ့ရင်​လည်​း ဆရာဝန်​နဲ့ ပြသပြီး ပျို့အန်​ခြင်​း ကို သက်​သာ​စေမယ်​့ ​ဆေး​တွေ​​သောက်​ဖို့ လိုပါမယ်​။

 

Dr. Emerald (www.drmyanmar.com)