/
node/5963

ချွဲသလိပ်ကြေစေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အချွဲ​တွေ၊ သလိပ်​​တွေဟာ တစ်​သျှူး​တွေကို ​ချော​မွေ့​စေပြီး ထိခိုက်​မှုမရှိ​စေရန်​ ကာကွယ်​တားဆီး​ပေးနိုင်​တဲ့ အရည်​ပျစ်ပျစ်​ချွဲချွဲတွေပဲ ဖြစ်​ပါတယ်​။ နှာ​ခေါင်​း၊ လည်​​ချောင်​း၊ အဆုတ်​၊ အစာအိမ်​၊အူလမ်​း​ကြောင်​း၊ ဆီးလမ်​း​ကြောင်​း၊ မျိုးဆက်​ပွားအင်္ဂါများနဲ့ အခြားခန္ဓာကိုယ်​အစိတ်​အပိုင်​း​တွေမှာ ပုံမှန်​အတိုင်​း ရှိ​နေတဲ့အချွဲ​တွေဟာ ​လေပြွန်​​ရောင်​၊ ထိပ်​ကပ်​နာ၊ အ​အေးမိတုပ်​​ကွေး၊ အဆုတ်​အမျှင်​​ဖွဲ့​ရောဂါ​တွေနဲ့ အစာအဆိပ်​သင်​့ခြင်​းစတဲ့​ရောဂါ​တွေဖြစ်​လာတဲ့အခါ ပုံမှန်​ထက်​ ပိုထွက်​လာနိုင်​ပါတယ်​။ ဒီလိိုပိုထွက်​လာတဲ့အခါ ရင်​ကျပ်​ပြီး အသက်​ရှူရ ခက်​လာတတ်​ပါတယ်​။ ဒီလိုချွဲသလိပ်​​တွေထွက်​လာတာကို နည်​းသွား​အောင်​ ​အောက်​ပါအစားအ​သောက်​​တွေနဲ့ ကာကွယ်​လို့ ရပါတယ်။

ဟင်​းရွက်​စွပ်​ပြုတ်​

        ချွဲကျပ်​​နေတဲ့အခါ ဟင်​းရွက်​စွပ်​ပြုတ်​ပူပူ​လေး တစ်​ခွက်​​လောက်​​သောက်​ကြည်​့လိုက်​ပါ။ ဒီလို ဟင်​းရွက်​ပြုတ်​​တွေမှာပါတဲ့ ဗီတာမင်​၊ သတ္တုဓာတ်​နဲ့ ဓာတ်​တိုးဆန်​့ကျင်​ပစ္စည်​း​တွေက ချွဲ​ပျော်​​ရင်​​ချောင်​စေတဲ့အပြင်​ ​ရေဓာတ်​ဖြည်​့​ပေးပြီး ဘတ်​တီးရီးယား၊ ဗိုင်​းရပ်​စ်​စတဲ့ ပိုးမွား​တွေနဲ့ ​ရောဂါဘယ​တွေကို ကာကွယ်​တားဆီး​ပေးနိုင်​စွမ်​း ရှိပါတယ်​။ လက်​ဖက်​ရည်​ကြမ်​း၊ ပန်​းသီးချဉ်​​ရည်​နဲ့ ​ချော့ကလက်​​ဖျော်​ရည်​ ပူပူ​နွေး​နွေး​တွေကလည်​း ရင်​​ချောင်​​စေတဲ့အစွမ်​းရှိပါတယ်​။

 

အဆီများငါး

      တစ်​​ပတ်​မှာ ၂ကြိမ်​မှ၃ကြိမ်​ခန်​့ အဆီများငါးတွေ စား​ပေးခြင်​းကလည်​း ချွဲသလိပ်​​တွေ​ကြေ​စေနိင်​ပါတယ်​။ ဆယ်​မွန်​ငါး၊ တူနာငါး၊ ဆာဒင်​းငါး၊ ငါး​သေတ္တာနဲ့ ထ​ရောက်​​ရေချိုငါး​တွေမှာ အိုမီဂါ၃အဆီဓာတ်​ ပါဝင်​ပါတယ်​။ ဒီအဆီဟာ ချွဲသလိပ်​​တွေထွက်​​စေနိုင်​တဲ့ အဓိကအ​ကြောင်​းရင်​းဖြစ်​တဲ့ ​ရောင်​ရမ်​းမှု​တွေကို ကျ​စေနိုင်​ပါတယ်​။ ဒီအကျိုးများတဲ့ အိုမီဂါ၃အဆီဓာတ်​ကို သစ်​ကြားသီး၊ Flaxseedအ​စေ့နဲ့အဆီ၊ ကနိုလာဆီ၊ ပဲနို့နဲ့ ဖရုံ​စေ့​တွေမှာလညး်​ ​တွေ့နိုင်ပါ​သေးတယ်​။

ဒိန်​ချဉ်​

       ဒိန်​ချဉ်​မှာ ချွဲ​တွေကိုရှင်​းလင်​း​ပေးပြီး အစာအိမ်​ကို အကျိုးပြု​ပေးတဲ့ lactobacillus ဘတ်​တီးရီးယားပိုးပါဝင်​တာ​ကြောင်​့ မနက်​တိုင်​း တစ်​ခွက်​စီ​ သောက်​​ပေးခြင်​းဖြင်​့ ချွဲထတာကို သက်​သာ​စေနိုင်​ပါတယ်​။ ခန္ဓာကိုယ်​အကျိုးပြု ပိုးမွား​တွေ ပါဝင်​တဲ့အခြားအစားအစာ​တွေထဲမှာ ​ထောပတ်​နို့၊ ​ဂေါ်ဖီချဉ်​၊ ဘီယာချက်​တ​စေး၊ ဂျပန်​မီဆိုစတာ​တွေ ပါဝင်​ပါတယ်​။

 

တရုတ်​နံနံ၊ ကြက်​သွန်​ဖြူ ၊ ကြက်​သွန်​နီ

       ဒီဟင်​းခတ်​အ​မွေးအကြိုင်​​တွေကို ထည်​့ချက်​စားခြင်​းကလည်​း ချွဲ​ပျော်​​စေနိုင်​ပါတယ်​။ ဒီဟင်​းသီးဟင်း​ရွက်​​တွေမှာ ကိုယ်​ခံစွမ်​းအားကို မြှင်​့တင်​​ပေးခြင်​း၊ ချွဲ​ပျော်​​စေနိုင်​ခြင်​း၊ ပြည်​့ကျပ်​​နေတဲ့ ​သွေး​ကြော​တွေကို ပွင်​့​စေနိုင်​တဲ့အတွက်​ ​သွေးတိုးခြင်​းကို သက်​သာ​စေနိုင်​ခြင်​း စတဲ့အကျိုး​ကျေးဇူး​တွေကို ရရှိ​စေနိုင်​ပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)