ကလေးကို နွေးနွေးထွေးထွေးပွေ့ဖက်ပေးခြင်းရဲ့အကျိုး
ကလေးငယ်တွေကို မိဘတွေအနေနဲ့ နွေးနွေးထွေးထွေး ပွေ့ဖက်ပေးခြင်းကြောင့် ပိုပြီးရင်းနှီးမှုရှိလာသလို အောက်ပါကောင်းကျိုးတွေလည်း ရရှိနိုင်ပါတယ်။
>> ဖက်ပေးတာက ကလေးတွေကို ဉာဏ်ကောင်းစေပါတယ်။
ကလေးငယ်လေးတွေရဲ့ အာရုံကြောစနစ်တွေနဲ့ စိတ်ခံစားချက်တွေကို မှန်မှန်ကန်ကန် ကြီးပြင်းစေဖို့အတွက် လှုံ့ဆော်ချက်တွေ အများကြီး လိုပါတယ်။ အထူးသဖြင့် လူ့ခန္ဓာကိုယ်ချင်း ထိတွေ့ပေးတဲ့ဖက်ခြင်းဟာ ဦးနှောက်ကို ကောင်းစွာဖွံ့ဖြိုးစေပါတယ်။
>> ကလေးတွေကို ထွားကြိုင်းစေဖို့လည်း ဖက်ပေးရပါမယ်။
ဆေးပညာရှင်တွေက ဒီလိုလူတွေချင်း ထိတွေ့ဆက်ဆံမှုမရှိတဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ်ဟာ ကြီးထွားဖွံ့ဖြိုးမှု နောက်ကျတာကို တွေ့ရပါတယ်တဲ့။
ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုရင် ဖက်ပေးတဲ့အခါမှာ ဦးနှောက်ကနေ အချစ်ဟော်မုန်းလို့ တင်စားကြတဲ့ အောက်စီတိုစင် (oxytocin) ကို ထုတ်ပေးပါတယ်။ အဲ့ဒါက ခန္ဓာကိုယ်ကြီးထွားအောင် လှုံ့ဆော်ပေးသလို ကြီးထွားအောင် လုပ်ဆောင်ပေးတဲ့ဟော်မုန်းတွေကိုပါ ထုတ်လုပ်စေတာကြောင့်ပါတဲ့။
>> ဖက်ပေးတာက ကလေးတွေကို ကျန်းမာစေပါတယ်။
ဒါဟာလည်း oxytocin ကြောင့်ပါပဲ။ သူက ခန္ဓာကိုယ်ရဲ့ခုခံအားကို မြှင့်တင်ပေးပြီး ဒဏ်ရာတွေ ဘာတွေ ရှိခဲ့ရင်လည်း ရောင်ရမ်းမှုတွေကို လျော့ကျစေပြီး မြန်မြန်ပျောက်ကင်းအောင် လုပ်ဆောင်ပေးပါတယ်။
EC Kidz IA 1
>> ကလေး ဂျီကျ၊ စိတ်ဆိုးနေတာကိုလည်း ရပ်သွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
ဖက်ပေးတာက ကလေးတွေရဲ့ စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒီအခါမှာ ကလေးကို ဖက်ထားပေးလိုက်တာ သူ့ရဲ့ခံစားချက်တွေ၊ မကျေနပ်တာတွေကို ငြိမ်သက်သွားစေမှာပါ။
>> ကလေးတွေကို ဖက်ပေးတာက နောက်ပိုင်းမှာ အခက်အခဲတွေ၊ စိတ်ထိခိုက်စရာတွေ တွေ့ကြုံခဲ့ရင် ရင်ဆိုင်နိုင်အောင် လေ့ကျင့်ပေးသလိုလည်း ဖြစ်ပါတယ်။
ကလေးငယ်လေးတွေ ငိုပြီးရင်၊ ဂျီကျပြီးရင် မရပ်တော့တာဟာ တမင်ခေါင်းမာနေတာ မဟုတ်ပါဘူးတဲ့။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်သေးလို့ ဘယ်လိုရပ်ရမှန်း မသိတာပါ။ ဒီအခါမှာ စိတ်ဖိစီးစေတဲ့ဟော်မုန်းတွေ ထွက်လာပြီး ဒီအတိုင်း ထားလိုက်တာကြာရင် ကျန်းမာရေးကိုပါ ထိခိုက်စေတဲ့အပြင် ဒီလိုကလေးတွေဟာ နောက်ပိုင်းမှာ စိတ်ကျရောဂါပါ အဖြစ်လွယ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလိုအခါတွေမှာ ဖက်ပေးပါ။
>> ပျော်ရွှင်တဲ့ကလေးလေးတွေ ဖြစ်လာစေဖို့ ဖက်ပေးပါ။
ပျော်ရွှင်ပြီး အကောင်းမြင်စိတ်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ကလေးတွေ ဖြစ်လာစေဖို့ ဖက်ပေးဖို့ လိုပါတယ်။ ဒါဟာလည်း အပေါ်မှာပြောခဲ့တဲ့ oxytocin ကြောင့်ပဲဖြစ်ပြီး ကလေးတွေကို အချစ်ခံရတယ်လို့ ခံစားစေရမှာ ဖြစ်ပါတယ်။
>> ဖက်ပေးတာက မိဘနဲ့ကလေးတွေကို ပိုပြီးရင်နှီးလာစေပါတယ်။
ဖက်ပေးခြင်းအားဖြင့် ယုံကြည်မှုတွေ တိုးလာစေပါတယ်။ ဒါ့အပြင် oxytocin ကြောင့် ကြောက်ရွံ့မှုတွေ လျော့စေတဲ့အပြင် တခြားလူတွေကိုပါ ယုံကြည်စေလာပါတယ်။
Dr. Htar (www.drmyanmar.com)
EC Kidz IA 2
(Zawgyi)
ကေလးငယ္ေတြကို မိဘေတြအေနနဲ႔ ေႏြးေႏြးေထြးေထြး ေပြ႕ဖက္ေပးျခင္းေၾကာင့္ ပိုၿပီးရင္းႏွီးမႈရွိလာသလို ေအာက္ပါေကာင္းက်ိဳးေတြလည္း ရရွိႏိုင္ပါတယ္။
>> ဖက္ေပးတာက ကေလးေတြကို ဉာဏ္ေကာင္းေစပါတယ္။
ကေလးငယ္ေလးေတြရဲ႕ အာ႐ုံေၾကာစနစ္ေတြနဲ႔ စိတ္ခံစားခ်က္ေတြကို မွန္မွန္ကန္ကန္ ႀကီးျပင္းေစဖို႔အတြက္ လႈံ႕ေဆာ္ခ်က္ေတြ အမ်ားႀကီး လိုပါတယ္။ အထူးသျဖင့္ လူ႔ခႏၶာကိုယ္ခ်င္း ထိေတြ႕ေပးတဲ့ဖက္ျခင္းဟာ ဦးေႏွာက္ကို ေကာင္းစြာဖြံ႕ၿဖိဳးေစပါတယ္။
>> ကေလးေတြကို ထြားႀကိဳင္းေစဖို႔လည္း ဖက္ေပးရပါမယ္။
ေဆးပညာရွင္ေတြက ဒီလိုလူေတြခ်င္း ထိေတြ႕ဆက္ဆံမႈမရွိတဲ့ ကေလးေတြရဲ႕ ခႏၶာကိုယ္ဟာ ႀကီးထြားဖြံ႕ၿဖိဳးမႈ ေနာက္က်တာကို ေတြ႕ရပါတယ္တဲ့။
ဒါဟာ ဘာေၾကာင့္ျဖစ္ရတာလဲဆိုရင္ ဖက္ေပးတဲ့အခါမွာ ဦးေႏွာက္ကေန အခ်စ္ေဟာ္မုန္းလို႔ တင္စားၾကတဲ့ ေအာက္စီတိုစင္ (oxytocin) ကို ထုတ္ေပးပါတယ္။ အဲ့ဒါက ခႏၶာကိုယ္ႀကီးထြားေအာင္ လႈံ႕ေဆာ္ေပးသလို ႀကီးထြားေအာင္ လုပ္ေဆာင္ေပးတဲ့ေဟာ္မုန္းေတြကိုပါ ထုတ္လုပ္ေစတာေၾကာင့္ပါတဲ့။
>> ဖက္ေပးတာက ကေလးေတြကို က်န္းမာေစပါတယ္။
ဒါဟာလည္း oxytocin ေၾကာင့္ပါပဲ။ သူက ခႏၶာကိုယ္ရဲ႕ခုခံအားကို ျမႇင့္တင္ေပးၿပီး ဒဏ္ရာေတြ ဘာေတြ ရွိခဲ့ရင္လည္း ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစၿပီး ျမန္ျမန္ေပ်ာက္ကင္းေအာင္ လုပ္ေဆာင္ေပးပါတယ္။
>> ကေလး ဂ်ီက်၊ စိတ္ဆိုးေနတာကိုလည္း ရပ္သြားေအာင္ လုပ္ေဆာင္ေပးႏိုင္ပါတယ္။
ဖက္ေပးတာက ကေလးေတြရဲ႕ စိတ္ခံစားခ်က္ကိုလည္း ေကာင္းမြန္ေစပါတယ္။ ဒီအခါမွာ ကေလးကို ဖက္ထားေပးလိုက္တာ သူ႔ရဲ႕ခံစားခ်က္ေတြ၊ မေက်နပ္တာေတြကို ၿငိမ္သက္သြားေစမွာပါ။
>> ကေလးေတြကို ဖက္ေပးတာက ေနာက္ပိုင္းမွာ အခက္အခဲေတြ၊ စိတ္ထိခိုက္စရာေတြ ေတြ႕ႀကဳံခဲ့ရင္ ရင္ဆိုင္ႏိုင္ေအာင္ ေလ့က်င့္ေပးသလိုလည္း ျဖစ္ပါတယ္။
ကေလးငယ္ေလးေတြ ငိုၿပီးရင္၊ ဂ်ီက်ၿပီးရင္ မရပ္ေတာ့တာဟာ တမင္ေခါင္းမာေနတာ မဟုတ္ပါဘူးတဲ့။ သူတို႔ရဲ႕ စိတ္ခံစားခ်က္ေတြကို မထိန္းခ်ဳပ္ႏိုင္ေသးလို႔ ဘယ္လိုရပ္ရမွန္း မသိတာပါ။ ဒီအခါမွာ စိတ္ဖိစီးေစတဲ့ေဟာ္မုန္းေတြ ထြက္လာၿပီး ဒီအတိုင္း ထားလိုက္တာၾကာရင္ က်န္းမာေရးကိုပါ ထိခိုက္ေစတဲ့အျပင္ ဒီလိုကေလးေတြဟာ ေနာက္ပိုင္းမွာ စိတ္က်ေရာဂါပါ အျဖစ္လြယ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ဒီလိုအခါေတြမွာ ဖက္ေပးပါ။
>> ေပ်ာ္႐ႊင္တဲ့ကေလးေလးေတြ ျဖစ္လာေစဖို႔ ဖက္ေပးပါ။
ေပ်ာ္႐ႊင္ၿပီး အေကာင္းျမင္စိတ္၊ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈရွိတဲ့ကေလးေတြ ျဖစ္လာေစဖို႔ ဖက္ေပးဖို႔ လိုပါတယ္။ ဒါဟာလည္း အေပၚမွာေျပာခဲ့တဲ့ oxytocin ေၾကာင့္ပဲျဖစ္ၿပီး ကေလးေတြကို အခ်စ္ခံရတယ္လို႔ ခံစားေစရမွာ ျဖစ္ပါတယ္။
>> ဖက္ေပးတာက မိဘနဲ႔ကေလးေတြကို ပိုၿပီးရင္ႏွီးလာေစပါတယ္။
ဖက္ေပးျခင္းအားျဖင့္ ယုံၾကည္မႈေတြ တိုးလာေစပါတယ္။ ဒါ့အျပင္ oxytocin ေၾကာင့္ ေၾကာက္႐ြံ႕မႈေတြ ေလ်ာ့ေစတဲ့အျပင္ တျခားလူေတြကိုပါ ယုံၾကည္ေစလာပါတယ္။
Dr. Htar (www.drmyanmar.com)
















