ကလေးကို အိမ်သာထိုင်ကျင့်မယ်ဆိုရင်
ကလေးကိုဘယ်အချိန်မှာ အိမ်သာထိုင်ကျင့်သင့်သလဲဆိုတဲ့မေးခွန်းဟာ အမေးများတဲ့မေးခွန်းတစ်ခုပါပဲ။
အကောင်းဆုံးကတော့ ကလေးအိမ်သာထိုင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့ အချိန်ပါပဲ။
ပုံမှန်ကလေးတစ်ယောက်ဟာ အသက်၁၈လကနေ ၃နှစ်လောက်အတွင်းရောက်မှသာ အိမ်သာထိုင်ဖို့ ကိုယ်ခန္ဓာအရရော စိတ်ဖွံ့ဖြိုးမှုအရပါ အဆင်သင့်ဖြစ်တယ်။ ယောကျၤားလေးတွေက မိန်းကလေးတွေထက်ပိုပြီး နောက်ကျတတ်ကြတယ်။
မိဘအများစုကတော့ အသက်၂နှစ်နဲ့၃နှစ်ကြားမှာ စကျင့်လေ့ရှိတယ်။
ဒါပေမယ့် သတ်သတ်မှတ်မှတ် ကန့်သတ်ထားတာမျိုးတော့ မရှိပါဘူး။ မကျင့်ချင်ရင် မကျင့်လဲတောင်ရတယ်။ အမေအဖေတို့က ဘယ်လိုလုပ်ရမယ်၊ ဘယ်မှာသွားရမယ်ဆိုတာသာ ပြောပြထားရင် အချိန်တန်ရင် သူ့အလိုလို သူများကိုလိုက်တုပပြီး သွားတတ်သွားပါလိမ့်မယ်။ ပြီးတော့ ကလေးကအိမ်သာမှာသွားဖို့ အဆင်သင့်မဖြစ်သေးရင် မသွားချင်ရင်လည်း အတင်းအကျပ် မလုပ်သင့်ဘူးနော်။
Ceelin Plus 1

တစ်ချို့မိဘတွေဆို ကလေးအသက်၄လလောက်ကတည်းက စကျင့်လေ့ရှိကြတယ်။ ကလေးဝမ်းသွားချင်၊ ဆီးသွားချင်တဲ့ အရိပ်အရောင်တွေ့တာနဲ့ အိမ်သာအိုးလေးပြေးခံတဲ့ပုံစဲမျိုးနဲ့စတာပေါ့။
ဒါပေမယ့် တစ်ချို့ကျွမ်းကျင်သူတွေကျတော့လည်း ဒါကိုအားမပေးကြဘူး။ ဒီလိုလေ့ကျင့်ထားသူတွေဟာ နောက်ပိုင်းမှာ ပြဿနာလေးတွေတွေ့ရတတ်တယ်လို့တောင် ပြောကြတယ်။ ကျောင်းအိမ်သာသုံးရချိန်တွေ၊ စိတ်ဖိစီးမှုများတဲ့အခြေအနေတွေမှာပေါ့။ အဲဒါကြောင့် ကလေးအဆင်သင့်ဖြစ်တဲ့အချိန်ကိုစောင့်ပြီး လေ့ကျင့်ပေးတာအကောင်းဆုံးပါပဲ။
အသက်၂နှစ်အောက်ကလေးတွေဟာ ဆီးသွား၊ ဝမ်းသွားတာကို မအောင့်အီးနိုင်ကြဘူး။ သူတို့လေးတွေရဲ့ ဆီးအိမ်နဲ့ဝမ်းအိမ်ကို ထိန်းထားတဲ့ကြွက်သားတွေဟာ အသက်၁၈လကနေ၂နှစ်လောက်ရောက်တေ့ာမှ ကောင်းကောငး်ဖွံ့ဖြိုးကြတယ်။ အဲဒါကြောင့် အိမ်သာထိုင်ကျင့်တာအောင်မြင်ဖို့ သူတို့လေးတွေအဆင်သင့်ဖြစ်သည်အထိ စောင့်ဖို့လိုတယ်။
သူတို့ကိုယ်တိုင်အိမ်သာသွားနိုင်လောက်အောင် ဖွံ့ဖြိုးတဲ့အချိန်ဆိုတာ
• အိမ်သာကိုဘယ်လိုသွားရမယ်၊ ဘယ်အချိန်သွားရမယ်
• အိမ်သာရောက်တဲ့အထိ ဘယ်လိုအောင့်ရမယ်
• အိမ်သာရေဘယ်လိုဆွဲရမယ်
• အဝတ်အစားတွေဘယ်လိုချွတ်ရဝတ်ရမယ်
• အကူအညီမပါဘဲဘယ်လိုဆေးကြောရမယ်….ဆိုတာတွေကို အကုန်သိတဲ့အချိန်ရောက်မှဖြစ်မှာပါ။
ဒီလိုသိဖို့ဆိုတာ အသက်၃၊၄နှစ်လောက်မှ ရတတ်တယ်။
Ceelin Plus 2

(Unicode)
















