/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်တွေနဲ့-ပြင်းထန်အဆုတ်ရောင်ရောဂါ

ကလေးငယ်တွေနဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

အိမ်ကကလေးငယ်လေးတွေ နှာစေးချောင်းဆိုးရင်ကြပ်တဲ့အခါ စိတ်ပူရတဲ့မေမေဖေဖေတို့အတွက် သတိပြုစရာပြင်းထန်အဆုတ်ရောင်ရောဂါအကြောင်း မျှေ၀လိုက်ပါတယ်။

 

နမိုးနီးယားလို့ခေါ်တဲ့အဆုတ်ရောင်ရောဂါခံစားရရင်……

• ဖျားမယ်

• အစာမစားဘူး
• မောမယ်

• ချောင်းဆိုးမယ်

• အသက်ရှုတိုင်းနာကျင်တယ်ငိုမယ်

• အဖျားကတပတ်ကနေ၁၀ရက်ထိကြာလာမယ်

Nutroplex 1

အဆုတ်ရောင်ရောဂါဟုတ်၊ မဟုတ်သိရှိဖို့ ရင်ဘတ်ဓာတ်မှန်ရိုက်ကူးစစ်ဆေးရပါတယ်။ အရင်ဆုံးဆရာဝန်က သေချာစမ်းသပ်စစ်ဆေးပါမယ်။ အဆုတ်ရောင်ရင် ပဋိဇီဝဆေးနဲ့အမြန်ထိထိရောက်ရောက်ကုသရပါတယ်။ နို့်မဟုတ်ရင် သွေးဆိပ်တက်တာ၊ အဆုတ်နဲ့ဦးနှောက်ပြည်တည်တာ၊ ဦးနှောက်ရောင်ရောဂါကနေသေဆုံးတဲ့အထိဖြစ်နိုင်တာတွေကို သတိချပ်နိုင်ကြပါစေ။ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။ ကလေးဆရာဝန်နဲ့ တိုင်ပင်ပြီးထိုးထားလိုက်ပါ။ အသက်တစ်နှစ်အောက်ကလေးတွေ အသက်ရှူမြန်တာ၊ ခက်တာ၊ မောတာ၊ အစားမဝင်တာတွေ၊ အဖျားရက်ကြာတာတွေရှိတဲ့အခါ ဆေးရုံတက်ဖို့လိုအပ်ပါတယ်။

Nutroplex 2

• ရင်ကြပ်နေတဲ့ကလေးကိုဆရာဝန်ပြသဖို့မနှေးပါနဲ့
အဖျားကြာနေရင် အဆုတ်ရောင်နေတတ်တာကို ခေါင်းထဲမှာအမြဲတွေးထားပါ။
အသက်ရှူမြန်နေတာကလေးကမလနိးရင်ဆေးရုံဆေးခန်းချက်ချင်းပြသပါ။

• အစားမဝင်တာက ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ရောဂါပြင်းထန်တာကြောင့် အစာမဝင်တာမျိုးဖြစ်ခဲ့ရင် ဆေးရုံတက်ပြီးကုသရမယ့်အနေအထားလည်း ရောက်ချင်ရောက်နေတတ်ပါသေးတယ်။ 

• လိုအပ်လို့ ဓာတ်မှန်ရိုက်ခိုင်းတဲ့အခါ ရိုက်ဖြစ်အောင်ရိုက်ပါ။ ဆေးပေးပြီးဓာတ်မှန်ရိုက်ခိုင်းတဲ့အခါ ပြန်မလာကြတော့ပါဘူး။ တကယ်တော့ မလိုအပ်ဘဲ ဓာတ်မှန်ညွှန်ကြားတာ ရှားပါတယ်။ အဆုတ်ရောင်ရောဂါ ထိထိရောက်ရောက်ကုသမှုနဲ့ လိုအပ်သမျှစစ်ဆေးဖို့ ဓာတ်မှန်အကူအညီလိုအပ်လာတတ်တာမို့ ဆရာဝန်ညွှန်ကြားရိုက်ခိုင်းတဲ့အခါ ရိုက်ပြီးချက်ချင်းပြန်ပြသပါ။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)