ကလေးငယ်များ ချောင်းဆိုးခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ
ရာသီတုပ်ကွေး ဖြစ်ပေါ်ပါက ဖျားနာခြင်းနဲ့အတူ နှာစေး ချောင်းဆိုးခြင်းကိုပါ ခံစားရတတ်ပါတယ်။ လူကြီးလူငယ်မရွေးတွင် ဖြစ်ပွားနိုင်တာမို့ ကိုယ်ခံအားစနစ်အားနည်းသော ကလေးများတွင် တုပ်ကွေးကြောင့် ချောင်းဆိုးခြင်းဖြစ်ပေါ်ပါက လူကြီးများထက် ပိုမိုပြင်းထန်စွာ ခံစားရတတ်ပါတယ်။ ဒါကြောင့် မိခင်များအနေဖြင့် ကလေးငယ်များကို တုပ်ကွေးရောဂါ မကူးစက်အောင် ကြိုတင်ကာကွယ်သင့်သလို တုပ်ကွေးကြောင့် ချောင်းဆိုးခြင်းဖြစ်ပေါ်ပါက ကုသရမယ့်နည်းလမ်းများကို ကြိုတင်လေ့လာသင့်တယ် မဟုတ်လား။
ဒီဆောင်းပါးလေးမှာတော့ ကလေးငယ်များတွင် ချောင်းဆိုးခြင်း ဖြစ်ပေါ်ပါက အသုံးပြုသင့်သော ချောင်းဆိုးပျောက်ဆေးများနှင့် အိမ်တွင်းကုထုံးလေးများကို တင်ဆက်ပေးမှာမို့ ဆက်လက်ဖတ်ရှုပေးဦးနော်။
Solmux Kids 1

>> ချောင်းဆိုးပျောက်ဆေးများ
ချောင်းဆိုးခြင်းကြောင့် ချွဲသလိပ်များ ဖြစ်ပေါ်ရာကနေ ထိုချွဲသလိပ်တွေဟာ နှာပိတ်ခြင်းနဲ့အတူ ရင်ကြပ်ခြင်းကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သလိပ်ထွက်သော ချောင်းဆိုးခြင်းများအတွက် ချွဲကိုပျော်စေပြီး ချောင်းဟပ်ထုတ်ရတာ လွယ်စေတဲ့ Expectorant လို့ခေါ်သော ချောင်းဆိုးပျောက်ဆေးများကို ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးရမှာ ဖြစ်ပါတယ်။
ချွဲသလိပ်မထွက်သော ချောင်းခြောက်ဆိုးခြင်းများအတွက်ကတော့ ခန္ဓာကိုယ်ရဲ့ ချောင်းဆိုးခြင်းကို လှုံ့ဆော်ပေးသော (cough reflexes) တွေကို ပိတ်ပေးတဲ့ Dextromethorphan ပါသော ချောင်းဆိုးပျောက်ဆေးများကို အသက်အရွယ်အလိုက် တိုက်သင့်တဲ့အချိုးအစားကို ဆရာဝန်နဲ့တိုင်ပင်ကာ တိုက်ကျွေးနိုင်ပါတယ်။
>> အသက်ရှူလမ်းကြောင်းပွင့်စေသော ဆေးအမျိုးအစား (Decongestants)
● အအေးမိခြင်းကြောင့် နှာခေါင်းနဲ့တကွ အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ သွေးကြောများနဲ့ တစ်သျှူးများ ဖောင်းကားလာခြင်းကြောင့် နှာခေါင်းပိတ်ခြင်းနဲ့အတူ အသက်ရှူကြပ်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
● ဒီအတွက်ကိုတော့ ဆားရည်လို့ အလွယ်ခေါ်ကြတဲ့ နှာခေါင်းအစက်ချဆေးရည်များနဲ့ စပရေးဘူးများကို အသုံးပြုခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
Solmux Kids 2

>> အိမ်တွင်းနည်းလမ်းများ
● မေမေတို့အနေနဲ့ အအေးမိတုပ်ကွေးဖြစ်နေသော ရင်သွေးငယ်လေးများအား ထိရောက်သော အိမ်တွင်းကုထုံးလေးများနဲ့လည်း ကုသသင့်ပြီး အလွယ်ကူဆုံးကတော့ ကြက်စွပ်ပြုတ်တိုက်ခြင်း ဖြစ်ပါတယ်။
● ဗီတာမင်စီဆေးပြားလေးများကို နေ့စဉ်တိုက်ကျွေးခြင်းဖြင့်လည်း ကိုယ်ခံအားကို တက်စေပြီး အမြန်ဆုံး ကောင်းမွန်လာစေပါတယ်။
● ထို့ပြင် အသား၊ ငါး၊ ကြက်ဥများ အပါအဝင် အာဟာရပြည့်ဝသော ဖြည့်စွက်စာများကျွေးခြင်း၊ အိပ်ရေးဝအောင် အိပ်စေခြင်းဖြင့်လည်း အအေးမိခြင်းကို အမြန်ဆုံး တွန်းလှန်တိုက်ထုတ်နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















