/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်လေးတွေ-ခြင်ကိုက်မခံရအောင်-ဘယ်လိုလုပ်မလဲ

ကလေးငယ်လေးတွေ ခြင်ကိုက်မခံရအောင် ဘယ်လိုလုပ်မလဲ?

Category
ကလေးများနှင့်ကျန်းမာရေး

             ခြင်မှတဆင့်  Zika၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားအပါအ၀င် အခြားသော ရောဂါတွေကို ကူးစက်နိုင်တာကြောင့် ခြင်မကိုက်အောင် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ခြင်ကိုက်မခံရအောင် ဖျန်းဆေး၊ လိမ်းဆေး၊ လိုရှင်း စတာတွေကို အသုံးပြုရာမှာ လူကြီးတွေအတွက် ပြဿနာသိပ်မရှိပေမယ့် ကလေးငယ်အတွက် အသုံးပြုရာမှာ သတိပြုရမယ့် အချက်တွေရှိသောကြောင့် ဗဟုသုတရစေရန် ဖော်ပြလိုက်ပါတယ်။

အသက် 2 လအောက် ကလေးငယ်အတွက်

          ခြင်မကိုက်လိုးရှင်းတွေ၊ စပရေးတွေက 2 လသားအောက် ကလေးငယ်တွေအတွက် အန္တရာယ်ရှိတာကြောင့် အကောင်းဆုံးနည်းလမ်းကတော့ ကလေးငယ်ကို ခြင်နင့်ထိတွေ့မှုမရှိအောင် ကြိုတင်ကာကွယ်ထားဖို့ပဲဖြစ်ပါတယ်။

  1. ရောင်နီပျိုးချိန်နှင့် နေ၀င်ရီတရောအချိန်တွေဟာ ခြင်အကိုက်ဆုံးအချိန်တွေဖြစ်တာကြောင့် ၎င်းအချိန်တွေ၌ ကလေးငယ်ကို အပြင်သို့ခေါ်မသွားပါနှင့်။
  2. တံခါးတွေ၊ ပြတင်းပေါက်တွေမှာ ခြင်လုံ စကာတပ်ထားပါ။
  3. ခြင်မကိုက်စေရန် သက်သာချောင်ချိတဲ့ ဘောင်းဘီရှည်၊ အကျႌရှည်၊ ခြေအိတ်၊ ဦးထုပ် စတာတွေ၀တ်ထားပေးပါ။
  4. တောက်ပပြီး ပွင့်ရိုက်ထားတဲ့ စားပွဲခင်း၊ အိပ်ရာခင်း စတာတွေက ခြင်တွေကို ခိုအောင်းနိုင်တာကြောင့် တတ်နိုင်သမျှ ရှောင်ရှားပါ။
  5. ခြင်ထောင်ဖြင့်သိပ်ပါ။ ကလေးငယ်နှင့်အတူ အပြင်ထွက်မည်ဆိုပါက ကလေးငယ်ကို ခြင်လုံဇကာပါတဲ့ တွန်းလှည်းဖြင့်သာ ခေါ်ဆောင်ပါ။

6. ခြင်ခိုအောင်းနေနိုင်တဲ့ နေရာတွေမှာ ရေမ၀ပ်အောင် ဂရုစိုက်ပါ။ ရေသေမှာ ခြင်ပေါက်ဖွားနိုင်တာကြောင့် ရေစီးရေလာကောင်းအောင် ဂရိုစိုက်ပါ။ ဘုရားပန်းအိုးကို နေ့စဉ်ရေလဲလှယ်ပေးပါ။ ပန်းအိုးအဟောင်း၊ တာယာအဟောင်း စတာတွေရှိပါက ရေ၀ပ်နေနိုင်တာကြောင့် စွန့်ပစ်ပါ။ ခွေးစာခွက်ထဲက ရေကို ပုံမှန် လဲလှယ်ပေးပါ။

  1. မွှေးရနံ့မပါတဲ့ ထုတ်ကုန်တွေကိုသာ ကလေးအတွက် အသုံးပြုပါ။ မွေးရနံ့ကခြင်တွေကို စွဲဆောင်ပါတယ်။
  2. ခြင်တွေခိုအောင်းနေနိုင်တဲ့ ပန်းချုံ၊ ချုံပုတ်၊ အမှိုက်ပုံး စတာတွေကို ရှင်းလင်းပါ။

 

အသက် 2လနှင့် အထက် ကလေးများအတွက်

          အသက် 2 လကျော်လာပါက ခြင်ဖျန်းဆေး၊ လိမ်းဆေး၊ လိုရှင်းတွေကို အသုံးပြုလို့ရပါပြီ။ အမေရိကန်နိုင်ငံ၊ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအဖွဲ့ကြီး၏ လမ်းညွှန်ချက်အရ လိမ်းဆေးတွေဟာ ကလေးကိုခြင်မကိုက်အောင် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် မှန်ကန်စွာအသုံးပြုတတ်ဖို့တော့လိုပါတယ်။ လိမ်းဆေးလိမ်းထားခြင်းဖြင့် ခြင်သာမက လှေး၊ ခြနှင့် ရင်ကောင် စတဲ့ပိုးမွှားတွေ မကိုက်အောင်ကာကွယ်ပေး နိုင်ပါတယ်။ လိမ်းဆေးတွေထဲမှာမှ -

1-    DEET

2-    I5353

3-    Picaridin ပါ၀င်တဲ့ လိမ်းဆေးတွေက တစ်ခါလိမ်းထားရုံဖြင့် အချိန်တော်တော်ကြာတဲ့အထိ အာနိသင်ရှိနေမှာဖြစ်ပါတယ်။

          DEET ပါ၀င်တဲ့ လိမ်းဆေးကို ရွေးချယ်မယ်ဆိုရင် DEET ပါ၀င်မှု 30% ထက်လျော့နည်းတဲ့ ထုတ်ကုန်တွေကိုသာ ရွေးချယ်အသုံးပြုပါ။ ဒါပေမဲ့ အိမ်အပြင်ထွက်မယ်ဆို်ရင်တော့ ပြင်းအားများတာကို အသုံးပြုသင့်ပြီး အိမ်ထဲမှာနေမယ်ဆိုရင်တော့ ပြင်းအားနည်းတာကို အသုံးပြုသင့်ပါတယ်။

          လိမ်းဆေး၊ ဖျန်းဆေး၊ ခရင်မ် မည်သည့် ဆေးအမျိုးအစားကို အသုံးပြုသည်ဖြစ်စေ ရေသားထားတဲ့ လမ်းညွှန်ကိုသေသေ ချာချာဖတ်ပါ။ သင့်ရဲ့လက်ဝါးထဲတွင် အရင်ထည့်ပြီးမှ ကလေးငယ်အားပွတ်လိမ်းပေးပါ။ အ၀တ်အစားလွတ်နေတဲ့ နေရာ အားလုံးမှာလိမ်းပေးပါ။ ကလေးငယ်ရဲ့လက်၊ ပါးစပ်၊ မျက်လုံး စတာတွေနှင့် လိမ်းဆေးထိတွေ့မှုမရှိအောင် ဂရုစိုက်ပါ။

          အနီစက်၊ ခြစ်ရာ၊ ပွန်းရာရှိနေတဲ့ အရေပြားနေရာတွင် မလိမ်းပါနှင့်။ နေရောင်ကာလိမ်းဆေး အသုံးပြုလိုပါက ခြင်နိုင်ဆေးမလိမ်းခင်နေရောင်ကာ လိမ်းဆေးအရင်လိမ်းပါ။ ကလေးကို ခြင်ကာလိမ်းဆေး လိမ်းပေးပြီးပါက လက်ကို သေချာစွာဆေးကြောပါ။

 

Dr. Htet Htet Aung

www.drmyanmar.com