ကလေးတို့ရဲ့ လူမှုဆက်ဆံရေး နဲ့ စိတ်ခံစားမှု ဖွံ့ဖြိုးရေးတွေအတွက်
● ကလေးကို ဖြစ်စေချင်တဲ့ပုံစံကို ကိုယ်ကိုယ်တိုင်က စံပြနမူနာဖြစ်အောင် လုပ်ပါ။ မိဘဆိုတာ ကလေးရဲ့လက်ဦးဆရာပါပဲ။
● ကလေးရဲ့စိတ်ခံစားချက်တွေနဲ့ အမူအကျင့်တွေကို အမြဲစောင့်ကြည့်နေပါ။ ဒီလိုသတိထားမိနေခြင်းက ကလေးနဲ့မေမေဖေဖေတို့ကြား ယုံကြည်မှုကိုဖြစ်စေနိုင်ပါတယ်။
● အဖွင့်မေးခွန်းကို မေးပေးပါ။ ဥပမာအားဖြင့် ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်လာအောင် ကဲ ... ဘာလုပ်မလဲဆိုတဲ့ မေးခွန်းမျိုး မေးပေးပါ။
● အခြေအနေအမျိုးမျိုးနဲ့ သူတစ်ပါး ဘယ်လိုခံစားရမလဲဆိုတာတွေကို သိအောင် ပုံပြင်ပြောပြပါ။
● အသစ်အသစ်တွေကို လုပ်ခိုင်းကြည့်စေခြင်းဖြင့် ကလေး ဘယ်လောက်ထိ လုပ်နိုင်စွမ်းရှိတယ်ဆိုတာ သိနိုင်ပါတယ်။
● အလှည့်ကျလုပ်တတ်အောင်၊ အနိုင်အရှုံးကိုသိနိုင်လာအောင်၊ မျှဝေတတ်အောင်၊ ညှိနှိုင်းတတ်အောင် ကလေးနဲ့ ဆော့ကစားပေးပါ။
● ကလေး ဝမ်းနည်းနေတဲ့အချိန်မျိုးမှာ ကလေးကို မေးခွန်းလေးတွေမေးပါ။ ဘာလို့ဝမ်းနည်းနေတာလဲဆိုတဲ့ မေးခွန်းမျိုး၊ ဒါမလုပ်ချင်ရင် နောက်တစ်ခု ပြောင်းလုပ်ချင်လားဆိုတဲ့ မွေးခွန်းမျိုးလေးတွေပေါ့။ ဥပမာအားဖြင့် သွားအရင်တိုက်ချင်လား၊ ရေအရင်ချိုးချင်လား စသဖြင့်ပေါ့။
● တီဗီတွေ၊ ဖုန်းတွေကြည့်ရင် ကလေးနဲ့ အတူတူကြည့်ပေးပြီး မေးခွန်းမေးတာမျိုး၊ အလှည့်ကျလုပ်တာမျိုး စတဲ့ ဂိမ်းလေးတွေ ဆော့ပေးပါ။ (၁၈ လအောက်ကလေးတွေကို ပေးမကြည့်စေသင့်ပါဘူးနော်။)
>> ကလေးရဲ့ လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားချက်တွေ နှောင့်နှေးနေကြောင်း သိလျင်သိချင်း ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။ ဘယ်သူတွေနဲ့ပြနိုင်သလဲဆိုရင် -
● ကလေးစိတ်ပညာအထူးကုဆရာဝန်တွေ
● လူမှုဖူလုံရေးလုပ်အားပေးတွေ
● အာရုံကြောနဲ့စိတ်ပညာအထူးကုဆရာဝန်တွေ
● စိတ်ပညာရှင်တွေ
● အလုပ်အကိုင်သင်ကြားရေးပညာရှင်တွေ
● ဘာသာစကားပညာရှင်တွေ
● ဖွံ့ဖြိုးရေးနဲ့အမူအကျင့်ဆိုင်ရာ အထူးပြုကလေးဆရာဝန်တွေနဲ့ ပြသင့်ပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















