/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတို့ရဲ့-လူမှုဆက်ဆံရေး-နဲ့-စိတ်ခံစားမှု-ဖွံ့ဖြိုးရေးတွေအတွက်

ကလေးတို့ရဲ့ လူမှုဆက်ဆံရေး နဲ့ စိတ်ခံစားမှု ဖွံ့ဖြိုးရေးတွေအတွက်

Category
ကလေးများနှင့်ကျန်းမာရေး

●  ကလေးကို ဖြစ်စေချင်တဲ့ပုံစံကို ကိုယ်ကိုယ်တိုင်က စံပြနမူနာဖြစ်အောင် လုပ်ပါ။ မိဘဆိုတာ ကလေးရဲ့လက်ဦးဆရာပါပဲ။
●  ကလေးရဲ့စိတ်ခံစားချက်တွေနဲ့ အမူအကျင့်တွေကို အမြဲစောင့်ကြည့်နေပါ။ ဒီလိုသတိထားမိနေခြင်းက ကလေးနဲ့မေမေဖေဖေတို့ကြား ယုံကြည်မှုကိုဖြစ်စေနိုင်ပါတယ်။
●  အဖွင့်မေးခွန်းကို မေးပေးပါ။ ဥပမာအားဖြင့် ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်လာအောင် ကဲ ... ဘာလုပ်မလဲဆိုတဲ့ မေးခွန်းမျိုး မေးပေးပါ။
●  အခြေအနေအမျိုးမျိုးနဲ့ သူတစ်ပါး ဘယ်လိုခံစားရမလဲဆိုတာတွေကို သိအောင် ပုံပြင်ပြောပြပါ။
●  အသစ်အသစ်တွေကို လုပ်ခိုင်းကြည့်စေခြင်းဖြင့် ကလေး ဘယ်လောက်ထိ လုပ်နိုင်စွမ်းရှိတယ်ဆိုတာ သိနိုင်ပါတယ်။
●  အလှည့်ကျလုပ်တတ်အောင်၊ အနိုင်အရှုံးကိုသိနိုင်လာအောင်၊ မျှဝေတတ်အောင်၊ ညှိနှိုင်းတတ်အောင် ကလေးနဲ့ ဆော့ကစားပေးပါ။
●  ကလေး ဝမ်းနည်းနေတဲ့အချိန်မျိုးမှာ ကလေးကို မေးခွန်းလေးတွေမေးပါ။ ဘာလို့ဝမ်းနည်းနေတာလဲဆိုတဲ့ မေးခွန်းမျိုး၊ ဒါမလုပ်ချင်ရင် နောက်တစ်ခု ပြောင်းလုပ်ချင်လားဆိုတဲ့ မွေးခွန်းမျိုးလေးတွေပေါ့။ ဥပမာအားဖြင့် သွားအရင်တိုက်ချင်လား၊ ရေအရင်ချိုးချင်လား စသဖြင့်ပေါ့။
●  တီဗီတွေ၊ ဖုန်းတွေကြည့်ရင် ကလေးနဲ့ အတူတူကြည့်ပေးပြီး မေးခွန်းမေးတာမျိုး၊ အလှည့်ကျလုပ်တာမျိုး စတဲ့ ဂိမ်းလေးတွေ ဆော့ပေးပါ။ (၁၈ လအောက်ကလေးတွေကို ပေးမကြည့်စေသင့်ပါဘူးနော်။)

>>  ကလေးရဲ့ လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားချက်တွေ နှောင့်နှေးနေကြောင်း သိလျင်သိချင်း ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။ ဘယ်သူတွေနဲ့ပြနိုင်သလဲဆိုရင် -
●  ကလေးစိတ်ပညာအထူးကုဆရာဝန်တွေ
●  လူမှုဖူလုံရေးလုပ်အားပေးတွေ
●  အာရုံကြောနဲ့စိတ်ပညာအထူးကုဆရာဝန်တွေ
●  စိတ်ပညာရှင်တွေ
●  အလုပ်အကိုင်သင်ကြားရေးပညာရှင်တွေ
●  ဘာသာစကားပညာရှင်တွေ
●  ဖွံ့ဖြိုးရေးနဲ့အမူအကျင့်ဆိုင်ရာ အထူးပြုကလေးဆရာဝန်တွေနဲ့ ပြသင့်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)