/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာ-ကြုံတွေ့ရနိုင်တဲ့-အရေးပေါ်အခြေအနေတွေ

ကလေးတွေမှာ ကြုံတွေ့ရနိုင်တဲ့ အရေးပေါ်အခြေအနေတွေ

Category
ကလေးများနှင့်ကျန်းမာရေး

ကိုယ့်ကလေး တစ်ခုခုထိခိုက်မိတာမျိုး၊ နေမကောင်းတာမျိုးဆို အရေးပေါ်ကုသမှု လိုတာလား၊ ဒါမှမဟုတ် သိပ်စိတ်မပူရဘူးလားဆိုတာ သိတာဖို့ လိုပါတယ်။ ကလေး တစ်ခုခုဖြစ်တဲ့အချိန်မှာ စိတ်အေးအေးထားပြီး ဘယ်လိုအခြေအနေတွေက အရေးပေါ်၊ ဘယ်လိုအခြေအနေကတော့ မဟုတ်ဘူးဆိုတာ သိထားဖို့ လိုပါတယ်။

Solmux Kids 1

>>  အရေးပေါ်မဟုတ်တဲ့ အခြေအနေတွေ
အရေးပေါ်မဟုတ်တဲ့ အခြေအနေတွေဆိုရင် ပြနေကျကလေးဆရာဝန်ကို ဆက်သွယ်ပါ။ ကုသမှုတော့ လိုတယ်၊ ဒါပေမဲ့ အရေးပေါ်အခြေအနေတော့ မဟုတ်တာတွေက -
1.  အနည်းငယ် အပူလောင်တာမျိုး
2.  နားကိုက်တာ၊ နားထဲ ပိုးဝင်တာ
3.  မျက်လုံးနီတာ
4.  ဆီးလမ်းကြောင်း ပိုးဝင်တာ
5.  လည်ပင်းနာတာ
6.  အရေပြားမှာ အနီကွက်တွေ ထွက်တာ၊ အရေပြားမှာ ပိုးဝင်တာ
7.  အရမ်း မပြင်းထန်တဲ့ ဝမ်းဗိုက်ပြဿနာ၊ သိပ်မပြင်းထန်ဘဲ အန်တာ၊ ဝမ်းလျှောတာ
8.  ထိခိုက်ဒဏ်ရာအသေးလေးတွေ စတာတွေ ဖြစ်ပါတယ်။

Solmux Kids 2

တကယ်လို့ သင်က သင့်ရဲ့ကလေးဟာ အရေးပေါ်အခြေအနေလို့ ထင်ရင်တော့ အရေးပေါ်ဌာနကို တန်းသွားပါ။ အရမ်းနေမကောင်းဘူး၊ ထိခိုက်ထားရင်တော့ ဆေးရုံကားခေါ်ပြီး သွားတာ ကောင်းပါတယ်။

>>  အရေးပေါ်ကုသမှု လိုအပ်တဲ့အခြေအနေတွေ
အရေးပေါ်ဌာနက အဓိက အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေ၊ ဒဏ်ရာတွေကို ကုသတာ ဖြစ်ပါတယ်။ သင့်ရဲ့ကလေးဟာ လမ်းလျှောက်နိုင်တယ်၊ စကားပြောနိုင်တယ်၊ သင် ပြောတာ တုံ့ပြန်တယ်၊ ဆော့နေနိုင်တယ်ဆိုရင် အရေးပေါ်အခြေအနေ မဟုတ်ပါဘူး။
ချက်ချင်း ကုသမှု လိုအပ်တာတွေက -
1.  ကြီးတဲ့ဒဏ်ရာတွေ၊ သွေးထွက်များတဲ့ ပြတ်ရှတာတွေ
2.  အသက် ၂ လအောက် ကလေးတွေမှာ အဖျား ၁၀၀ ကျော်ရင်
3.  အရင်က မတက်ဖူးတဲ့ကလေး ၂ မိနစ်ထက် ပိုတက်ရင်၊ အထူးသဖြင့် ခေါင်းထိခိုက်ထားပြီး သတိမကောင်းတော့တာ၊ ခေါင်းကိုက်တာ၊ အန်တာ၊ စိတ်တို ဂျီကျတာ၊ လမ်းကောင်းကောင်း မလျှောက်နိုင်တော့တာ
4.  သတိလစ်တာ
5.  ဗိုက်အရမ်းနာတာ
6.  ပြင်းပြင်းထန်ထန် အပူလောင်တာ
7.  အရာဝတ္ထုတစ်ခုခုကို မျိုချမိတာ၊ အသက်ရှုကြပ်လာတာ
8.  အရိုးကျိုးတာ
9.  အသက်ရှူကြပ်တာ၊ နှုတ်ခမ်း၊ အရေပြား၊ လက်သည်းတွေ ပြာလာတာ၊ ချောင်းဆိုးရင်း သွေးပါတာ
10.  လည်ပင်း အရမ်းတောင့်နေတာ၊ အနီစက်တွေ ထွက်ပြီး ဖျားတာ
11.  အဆိပ်မိတာ
12.  မျက်လုံးနာတာ
13.  အဆိပ်ရှိတဲ့အကောင် ကိုက်ခံရတာ၊ ကိုက်ခံရတဲ့နေရာ ရောင်ပြီး နီရဲလာတာ
14.  ရှိပြီးသား စိတ်ကျန်းမာရေးရောဂါ အခြေအနေဆိုးလာတာ၊ အမူအရာတွေ ပြောင်းလာတာ
15.  အရင်ထဲက ရှိပြီးသား နာတာရှည်ရောဂါ ဥပမာ - ဆီးချို၊ ရင်ကြပ်ရောဂါတွေ ဆိုးလာတာ စတာတွေ ဖြစ်ပေါ်ပါက အရေးပေါ် ပြသဖို့ လိုပါတယ်။

Dr. Htar (www.drmyanmar.com)