/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာ-ရောဂါရှာရခက်လို့-သတိပြုသင့်သောရောဂါ

ကလေးတွေမှာ ရောဂါရှာရခက်လို့ သတိပြုသင့်သောရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးငယ်လေးက တရှောင်ရှောင်နဲ့ ခဏခဏ ဖျားနေလား?

          ထူးထူးထွေထွေ ဘာမှမဖြစ်ဘဲ ရုတ်တရက် သတိလစ်တက်ပြီး ဆေးရုံ ရောက်သွားသလား?

          ဒီလို ေ၀ဒနာတွေ ခံစားနေရတဲ့အခါ မမေ့သင့်တဲ့ရောဂါတစ်ခု ရှိပါတယ်။

          ဖြစ်စဉ်တစ်ခုမှာဆိုရင် ညီအစ်ကို ၂ ယောက်ရှိတာမှာ တစ်ယောက်က ပြင်းထန်တဲ့ ဦးနှောက်အမြှေးရောင်ခြင်းကို သေလုမျောပါး ခံစားခဲ့ရပြီး နောက်ဆုံးမှာမှ တီဘီကြောင့်ဖြစ်ကြောင်း ရောဂါသိရှိခဲ့တဲ့အတွက်  အသက်ရှင်သန်ခဲ့ရပေမယ့် နောက်တစ်ယောက်ကတော့ ရောဂါ တိတိကျကျမသိရဘဲ သေဆုံးသွားခဲ့ပါတယ်။

          သေဆုံးသွားတဲ့ ကလေးလေးမှာဆိုရင် နေမကောင်းဖြစ်နေတာ ၅ နှစ်လောက် ရှိနေပြီးတော့ ဒီ ၅ နှစ်လုံးမှာ မိဘတွေ ရှာသမျှပိုက်ဆံအားလုံးက ကလေးရဲ့ ရောဂါစစ်ဆေးဖို့နဲ့ ကုသဖို့ပဲ ကုန်နေတာပါပဲ။ တီဘီဆိုတာက ကာကွယ်လို့လည်းရ၊ ကုသလို့လည်းရတဲ့ရောဂါ ဖြစ်ပေမယ့်လည်း တီဘီဖြစ်နေမှန်း မသိတဲ့အတွက်ကြောင့် ကမ်ဘာပေါ်မှာ ကလေးပေါင်းများစွာ အသက်ဆုံးရှုံးနေရဆဲပါပဲ။

          1882 ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ Dr. Robert Koch က တီဘီရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကို ရှာဖွေတွေ့ရှိကြောင့် ကြေညာခဲ့တဲ့အတွက် နှစ်စဉ် မတ်လ ၂၄ ရက်နေ့ကို ကမ်ဘာ့တီဘီရောဂါနေ့အဖြစ် သတ်မှတ်ထားပါတယ်။

          နှစ်စဉ် တီဘီရောဂါ ကူးစက်ခံရတဲ့ကလေး တစ်သန်းလောက်ရှိပြီးတော့ ကုရခက်တဲ့ ဆေးယဉ်ပါးတီဘီပိုးကတော့ ၃၂၀၀၀ လောက်မှာ ဖြစ်လာပါတယ်။ ကလေးတွေမှာ တီဘီနဲ့ ဆေးယဉ်ပါးတီဘီ ဖြစ်နေတာတွေကို ရောဂါမဖော်ထုတ်နိုင်တာတွေ အများကြီး ရှိနေပါတယ်။

 

>>    ဒီတော့ ကလေးတွေမှာ တီဘီဖြစ်တာနဲ့ ပတ်သက်ပြီးရင် ဒီ ၅ ချက်ကို သိထားဖို့ လိုပါတယ်။

1.       ကာကွယ်၊ ကုသလို့ရတဲ့ တီဘီရောဂါကြောင့် နေ့စဉ်ကလေးပေါင်း ၆၈၀ လောက် သေဆုံးနေကြပါတယ်။

2.       ကလေးတွေမှာ တိကျတဲ့ရောဂါလက္ခဏာ မပြတဲ့အတွက်ကြောင့် ရောဂါဖော်ထုတ်ရတာ ပိုပြီးခက်ပါတယ်။

3.       ပြီးတော့ ကလေးတွေမှာ လူကြီးတွေထက် အဆုတ်ပြင်ပတီဘီ ဖြစ်နိုင်ချေ ပိုများပါတယ်။

4.       လူကြီးတွေန မတူဘဲနဲ့ ကလေးတွေမှာ တီဘီရောဂါက လျင်မြန်စွာ ပိုဆိုးလာတတ်ပြီးတော့ တီဘီကူးစက်ခံရပြီး အပတ်အနည်းငယ်ကြာတာနဲ့ အသက်ဆုံးရှုံးနိုင်ပါတယ်။

5.       ကလေးတွေမှာ တီဘီဖြစ်ရင် ကုသလို့ရပါတယ်။ ပြီးတော့ တီဘီဆေးတွေကိုလည်း ကလေးအများစုက ခံနိုင်ရည် ရှိပါတယ်။ ကလေးတွေမှာဆိုရင် တီဘီကို ကာကွယ်နိုင်တဲ့ကုထုံးလည်း ရှိပါတယ်။

          ဒီအချက်တွေကို စွဲမြဲမှတ်သားထားပြီး မိမိရင်သွေးကို တီဘီရောဂါမှ ကာကွယ်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)