ကလေးတွေမှာ ဝက်ခြံနဲ့ အနီကွက်တွေ ထွက်သတဲ့လား
လူကြီးတွေမှာတောင်မှ အရေပြားပြဿနာတွေကို ထိန်းချုပ်ရ၊ ရှာဖွေရခက်နေတာ စကားမပြောတတ်တဲ့ ကလေးတွေမှာဆို ပိုဆိုးတာပေါ့။
1. ကလေးဝက်ခြံ
ကလေးဝက်ခြံလေးတွေဟာ မွေးခါစ ၂ ပတ်ကနေ ၄ ပတ်အတွင်းမှာ ဘာကြောင့်မှန်းမသိ ပါးလေးတွေ၊ နှာခေါင်းနဲ့ နဖူးမှာ ပေါက်လာတတ်ပြီးတော့ ၃ လကနေ ၄ လအတွင်းလောက်မှာပဲ သူ့အလိုလို ပျောက်သွားတတ်တယ်။
ကလေးလေးတွေရဲ့အသားက အရမ်းကို နူးညံ့တဲ့အတွက် ဆေးတွေ လျှောက်မလိမ်းပါနဲ့နော်။
● ကလေးသုံး ဆပ်ပြာအပျော့လေးနဲ့ပဲ မျက်နှာ နေ့တိုင်းသစ်ပေးပါ။
● ပေါက်နေတဲ့နေရာတွေကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာ၊ ဆိတ်တာတွေ မလုပ်ပါနဲ့။
● လိုးရှင်းတွေ၊ အဆီများတဲ့လိမ်းဆေးတွေ မလိမ်းပါနဲ့နော်။
သူ့အလိုလို မသက်သာရင်တော့ ဆရာဝန်က လိုအပ်တဲ့ဆေးလေးတွေ ပေးပါလိမ့်မယ်။
2. နှင်းခူ
အရေပြားပေါ်မှာ နီပြီး ခြောက်သွေ့ယားယံတဲ့ အနီကွက်တွေ ပေါ်လာတတ်တဲ့ နှင်းခူဟာ အသက် ၆ လအတွင်းမှာ အဖြစ်များတယ်။ ကြီးလာရင်တော့ ပျောက်ချင်ပျောက်သွားတတ်သလို ဆက်ရှိနေတာလည်း ရှိတတ်ပါတယ်။
ငယ်တုန်းမှာ ပါးနဲ့နဖူးမှာ ပိုဖြစ်တတ်ပြီး ကြီးလာတာနဲ့အမျှ တံတောင်၊ ဒူး၊ အရေပြားအရစ်တွေကြားထဲ ဖြစ်တတ်တယ်။
တိရစ္ဆာန်အညစ်အကြေးတွေ၊ ပိုးကောင်လေးတွေ၊ သန့်စင်ဆေးရည်တွေနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်တတ်သလို ကလေးတွေ သွားရည်ကျတာကလည်း နှင်းခူ ပိုဆိုးစေတတ်တယ်။
>> နှင်းခူတွေ သက်သာအောင် -
● ရေနွေးနွေးလေး ချိုးပေးတာ
● ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အစိုထိန်းခရင်မ်လေး တစ်နေ့ ၂ ကြိမ် လိမ်းပေးတာ
● ဆပ်ပြာရည်အပျော့စား သုံးတာတွေ လုပ်ပေးနိုင်တယ်နော်။
3. အဆီဖု
ကလေးရဲ့နှာခေါင်း၊ မေးစေ့၊ ပါးတွေနဲ့ လက်တွေ ခြေတွေမှာ ဝက်ခြံလိုမျိုး အဆီဖုလေးတွေ ပေါက်တတ်တယ်။ အရေပြားအသေတွေက အရေပြားကြားတွေထဲ ညပ်ပြီးတော့ ဖြစ်တတ်တာပါ။ ဘာမှလုပ်စရာမလိုဘဲ ပျောက်သွားလိမ့်မယ်။
● ပေါက်နေတဲ့နေရာတွေကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာ၊ ဆိတ်တာတွေ မလုပ်ပါနဲ့။
● လိုးရှင်းတွေ၊ အဆီများတဲ့ လိမ်းဆေးတွေ မလိမ်းပါနဲ့နော်။
Ceelin 1
4. Cradle cap လို့ခေါ်တဲ့ ဝါဝါအဖတ်တွေ
ဒီဝါဝါအဖတ်အဖတ်တွေဟာ ကလေးခေါင်းတွေ၊ လည်ပင်း၊ နားနဲ့ ချိုင်းကြားတွေထဲမှာ ဖြစ်တတ်တယ်။ ကလေး အသက် ၂ လ - ၃ လလောက်မှာ စဖြစ်တတ်တယ်။
ကြည့်ရဆိုးပေမယ့် ဘာမှစိုးရိမ်စရာမရှိဘူး။ ရက်ပိုင်း၊ လပိုင်းမှာ သူ့အလိုလို ပျောက်သွားလိမ့်မယ်။
● ကလေးကို ခေါင်းလျှော်ရည် ပျော့ပျော့လေးနဲ့ လျှော်ပေးပါ။
● အဖတ်လေးတွေကို ခေါင်းဖြီးနုနုလေးနဲ့ ဖယ်ပေးပါ။ ဖယ်ရလွယ်အောင် ဆီလေး လိမ်းပေးလို့ရတယ်။
5. မိတ်
ချွေးပေါက်တွေပိတ်ပြီး ချွေးတွေ အပြင်မထွက်နိုင်လို့ ပေါက်တတ်တယ်။ ပူပြီးစိုထိုင်းတဲ့ရာသီတွေမှာ ဖြစ်တတ်တယ်။ လည်ပင်း၊ ပခုံး၊ ရင်ဘတ်၊ ချိုင်း၊ တံတောင်၊ ပေါင်ကြားတွေမှာ နီနီရဲရဲ အရည်ကြည်ဖုလေးတွေ ပေါက်တတ်တယ်။
ရက်ပိုင်းအတွင်းမှာ သူ့ဟာသူ ပျောက်သွားတတ်ပေမယ့် မပျောက်ခဲ့ရင်၊ ပိုဆိုးလာရင်၊ ပိုးဝင်ရင် ဆရာဝန်နဲ့ ပြပါနော်။
ပြီးတော့ ပူနွေးအိုက်စပ်တဲရာသီတွေမှာ ကလေးကို အဝတ်တွေ အထပ်ထပ် မဝတ်ပေးပါနဲ့။
6. မွေးရာပါအမှတ် (Mongolian spot)
မွေးပြီးပြီးချင်းလောက်မှာ တင်ပါး၊ ကျော၊ ခါးတွေမှာ ပေါ်လာတတ်တဲ့ အမှတ်တစ်မျိုးပါပဲ။ မွဲပြာပြာအရောင် ရှိတတ်တယ်။ အာဖရိကန်၊ အရှေ့အလယ်ပိုင်း၊ မြေထဲပင်လယ်ဒေသတွေနဲ့ အာရှတိုင်းသားတွေမှာ တွေ့ရတတ်တယ်။ သူ့အလိုလို အချိန်တန်ရင် ပျောက်သွားတတ်တယ်။
ကဲ ... ဒါဆိုရင် ပြောခဲ့သမျှကို နိဂုံးချုပ်ကြည့်ရအောင်။
အပေါ်မှာပြောခဲ့တဲ့ အခြေအနေ တော်တော်များများက အန္တရာယ်မပေးဘဲ သူ့အလိုလို ပျောက်သွားတတ်တာ များတယ်။ မကုပ်မိအောင် ကလေးလေးတွေကို လက်သည်း သေချာညှပ်ပေးပြီး ညဘက်တွေဆို လက်အိတ်လေးတွေ စွပ်ပေးထားပါ။ တစ်ခုခု မသင်္ကာရင်တော့ ကလေးဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပဲနော်။
Ceelin 2
(Zawgyi)
လူႀကီးေတြမွာေတာင္မွ အေရျပားျပႆနာေတြကို ထိန္းခ်ဳပ္ရ၊ ရွာေဖြရခက္ေနတာ စကားမေျပာတတ္တဲ့ ကေလးေတြမွာဆို ပိုဆိုးတာေပါ့။
1. ကေလးဝက္ၿခံ
ကေလးဝက္ၿခံေလးေတြဟာ ေမြးခါစ ၂ ပတ္ကေန ၄ ပတ္အတြင္းမွာ ဘာေၾကာင့္မွန္းမသိ ပါးေလးေတြ၊ ႏွာေခါင္းနဲ႔ နဖူးမွာ ေပါက္လာတတ္ၿပီးေတာ့ ၃ လကေန ၄ လအတြင္းေလာက္မွာပဲ သူ႔အလိုလို ေပ်ာက္သြားတတ္တယ္။
ကေလးေလးေတြရဲ႕အသားက အရမ္းကို ႏူးညံ့တဲ့အတြက္ ေဆးေတြ ေလွ်ာက္မလိမ္းပါနဲ႔ေနာ္။
● ကေလးသုံး ဆပ္ျပာအေပ်ာ့ေလးနဲ႔ပဲ မ်က္ႏွာ ေန႔တိုင္းသစ္ေပးပါ။
● ေပါက္ေနတဲ့ေနရာေတြကို ၾကမ္းၾကမ္းတမ္းတမ္း ပြတ္တိုက္တာ၊ ဆိတ္တာေတြ မလုပ္ပါနဲ႔။
● လိုးရွင္းေတြ၊ အဆီမ်ားတဲ့လိမ္းေဆးေတြ မလိမ္းပါနဲ႔ေနာ္။
သူ႔အလိုလို မသက္သာရင္ေတာ့ ဆရာဝန္က လိုအပ္တဲ့ေဆးေလးေတြ ေပးပါလိမ့္မယ္။
2. ႏွင္းခူ
အေရျပားေပၚမွာ နီၿပီး ေျခာက္ေသြ႕ယားယံတဲ့ အနီကြက္ေတြ ေပၚလာတတ္တဲ့ ႏွင္းခူဟာ အသက္ ၆ လအတြင္းမွာ အျဖစ္မ်ားတယ္။ ႀကီးလာရင္ေတာ့ ေပ်ာက္ခ်င္ေပ်ာက္သြားတတ္သလို ဆက္ရွိေနတာလည္း ရွိတတ္ပါတယ္။
ငယ္တုန္းမွာ ပါးနဲ႔နဖူးမွာ ပိုျဖစ္တတ္ၿပီး ႀကီးလာတာနဲ႔အမွ် တံေတာင္၊ ဒူး၊ အေရျပားအရစ္ေတြၾကားထဲ ျဖစ္တတ္တယ္။
တိရစာၦန္အညစ္အေၾကးေတြ၊ ပိုးေကာင္ေလးေတြ၊ သန႔္စင္ေဆးရည္ေတြနဲ႔ ဓာတ္မတည့္တာေၾကာင့္ ျဖစ္တတ္သလို ကေလးေတြ သြားရည္က်တာကလည္း ႏွင္းခူ ပိုဆိုးေစတတ္တယ္။
>> ႏွင္းခူေတြ သက္သာေအာင္ -
● ေရေႏြးေႏြးေလး ခ်ိဳးေပးတာ
● ကေလးေတြအတြက္ သီးသန႔္ထုတ္လုပ္ထားတဲ့ အစိုထိန္းခရင္မ္ေလး တစ္ေန႔ ၂ ႀကိမ္ လိမ္းေပးတာ
● ဆပ္ျပာရည္အေပ်ာ့စား သုံးတာေတြ လုပ္ေပးႏိုင္တယ္ေနာ္။
3. အဆီဖု
ကေလးရဲ႕ႏွာေခါင္း၊ ေမးေစ့၊ ပါးေတြနဲ႔ လက္ေတြ ေျခေတြမွာ ဝက္ၿခံလိုမ်ိဳး အဆီဖုေလးေတြ ေပါက္တတ္တယ္။ အေရျပားအေသေတြက အေရျပားၾကားေတြထဲ ညပ္ၿပီးေတာ့ ျဖစ္တတ္တာပါ။ ဘာမွလုပ္စရာမလိုဘဲ ေပ်ာက္သြားလိမ့္မယ္။
● ေပါက္ေနတဲ့ေနရာေတြကို ၾကမ္းၾကမ္းတမ္းတမ္း ပြတ္တိုက္တာ၊ ဆိတ္တာေတြ မလုပ္ပါနဲ႔။
● လိုးရွင္းေတြ၊ အဆီမ်ားတဲ့ လိမ္းေဆးေတြ မလိမ္းပါနဲ႔ေနာ္။
4. Cradle cap လို႔ေခၚတဲ့ ဝါဝါအဖတ္ေတြ
ဒီဝါဝါအဖတ္အဖတ္ေတြဟာ ကေလးေခါင္းေတြ၊ လည္ပင္း၊ နားနဲ႔ ခ်ိဳင္းၾကားေတြထဲမွာ ျဖစ္တတ္တယ္။ ကေလး အသက္ ၂ လ - ၃ လေလာက္မွာ စျဖစ္တတ္တယ္။
ၾကည့္ရဆိုးေပမယ့္ ဘာမွစိုးရိမ္စရာမရွိဘူး။ ရက္ပိုင္း၊ လပိုင္းမွာ သူ႔အလိုလို ေပ်ာက္သြားလိမ့္မယ္။
● ကေလးကို ေခါင္းေလွ်ာ္ရည္ ေပ်ာ့ေပ်ာ့ေလးနဲ႔ ေလွ်ာ္ေပးပါ။
● အဖတ္ေလးေတြကို ေခါင္းၿဖီးႏုႏုေလးနဲ႔ ဖယ္ေပးပါ။ ဖယ္ရလြယ္ေအာင္ ဆီေလး လိမ္းေပးလို႔ရတယ္။
5. မိတ္
ေခြၽးေပါက္ေတြပိတ္ၿပီး ေခြၽးေတြ အျပင္မထြက္ႏိုင္လို႔ ေပါက္တတ္တယ္။ ပူၿပီးစိုထိုင္းတဲ့ရာသီေတြမွာ ျဖစ္တတ္တယ္။ လည္ပင္း၊ ပခုံး၊ ရင္ဘတ္၊ ခ်ိဳင္း၊ တံေတာင္၊ ေပါင္ၾကားေတြမွာ နီနီရဲရဲ အရည္ၾကည္ဖုေလးေတြ ေပါက္တတ္တယ္။
ရက္ပိုင္းအတြင္းမွာ သူ႔ဟာသူ ေပ်ာက္သြားတတ္ေပမယ့္ မေပ်ာက္ခဲ့ရင္၊ ပိုဆိုးလာရင္၊ ပိုးဝင္ရင္ ဆရာဝန္နဲ႔ ျပပါေနာ္။
ၿပီးေတာ့ ပူေႏြးအိုက္စပ္တဲရာသီေတြမွာ ကေလးကို အဝတ္ေတြ အထပ္ထပ္ မဝတ္ေပးပါနဲ႔။
6. ေမြးရာပါအမွတ္ (Mongolian spot)
ေမြးၿပီးၿပီးခ်င္းေလာက္မွာ တင္ပါး၊ ေက်ာ၊ ခါးေတြမွာ ေပၚလာတတ္တဲ့ အမွတ္တစ္မ်ိဳးပါပဲ။ မြဲျပာျပာအေရာင္ ရွိတတ္တယ္။ အာဖရိကန္၊ အေရွ႕အလယ္ပိုင္း၊ ေျမထဲပင္လယ္ေဒသေတြနဲ႔ အာရွတိုင္းသားေတြမွာ ေတြ႕ရတတ္တယ္။ သူ႔အလိုလို အခ်ိန္တန္ရင္ ေပ်ာက္သြားတတ္တယ္။
ကဲ ... ဒါဆိုရင္ ေျပာခဲ့သမွ်ကို နိဂုံးခ်ဳပ္ၾကည့္ရေအာင္။
အေပၚမွာေျပာခဲ့တဲ့ အေျခအေန ေတာ္ေတာ္မ်ားမ်ားက အႏၲရာယ္မေပးဘဲ သူ႔အလိုလို ေပ်ာက္သြားတတ္တာ မ်ားတယ္။ မကုပ္မိေအာင္ ကေလးေလးေတြကို လက္သည္း ေသခ်ာညႇပ္ေပးၿပီး ညဘက္ေတြဆို လက္အိတ္ေလးေတြ စြပ္ေပးထားပါ။ တစ္ခုခု မသကၤာရင္ေတာ့ ကေလးဆရာဝန္နဲ႔ ျပတာ အေကာင္းဆုံးပဲေနာ္။
















