/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့-ပင်ပန်းနွမ်းနယ်နေသလား

သားသားမီးမီးတို့ ပင်ပန်းနွမ်းနယ်နေသလား ?

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေကို ပင်ပန်းနွမ်းနယ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ သူတို့လေးတွေရဲ့ စားသောက်မှုပုံစံပါပဲ။ သူတို့လေးတွေ စားသောက်လိုက်တဲ့ အစားအသောက်တွေမှာ အာဟာရတန်ဖိုးမပါဝင်ခဲ့ရင် ကလေးဟာ ဘယ်လောက်ပဲစားစား အားအင်ပြည့်ဝလာမှာ မဟုတ်ပါဘူး။ တာရှည်ခံအစားအသောက်တွေကို နည်းနိုင်သမျှနည်းအောင်ကျွေးမယ်၊ သဘာဝအစားအသောက်တွေကို များများကျွေးမယ်ဆိုရင်တော့ ပမာဏနည်းနည်းပဲစားရင်တောင် အားအင်ပြည့်ဝနေမှာ အသေအချာပါပဲ။ ဒါဆိုရင် သားသားမီးမီးတို့ အမြဲလိုလို အားအင်ပြည့်ဝနေစေဖို့ ဘယ်လိုအစားအသောက်တွေ ကျွေးသင့်သလဲဆိုတာ လေ့လာကြည့်ကြစို့နော်။

EC Kidz IA 1

၁။ လတ်ဆတ်သော ရာသီပေါ် အသီးအနှံများ

အစားအသောက်ဆိုတာ လတ်ဆတ်လေ၊ အာဟာရတန်ဖိုးမြင့်လေပါပဲ။ ဒါကြောင့် ကလေးတွေကို သဘာဝအတိုင်းမှည့်တဲ့ ရာသီပေါ်အသီးအနှံတွေ ကျွေးပေးသင့်ပါတယ်။

၂။ အဆီနည်းသောအသားများ

အနီရောင်အသားတွေမှာ ပြည့်ဝဆီတွေ အများအပြားပါဝင်နေပါတယ်။ ဒါကြောင့် အသားကျွေးမယ်ဆိုရင် ပြည့်ဝဆီပါဝင်မှုနည်းတဲ့ ကြက်သား၊ ကြက်ဆင်သား၊ ငါး စတာတွေကို ပိုကျွေးသင့်ပါတယ်။

၃။ အစေ့အဆံများ

ဆန်၊ ဂျုံ၊ ပြောင်းတို့လို အစေ့အဆံတွေဟာ ကစီဓာတ်အ​ပြင် အမျှင်ဓာတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

EC Kidz IA 2

၄။ အခွံမာသီးနှင့် အစေ့များ

သီဟိုဠ်စေ့၊ သစ်ကြားသီး၊ နေကြာစေ့၊ ဖရုံစေ့တွေဟာ ပင်ကန်းနွမ်းနယ်မှုတွေကို တိုက်ထုတ်ပေးနိုင်တာကြောင့် ထမင်းစားအပြီးမှာ သရေစာအနေနဲ့ကျွေးဖို့ သင့်တော်ပါတယ်။

၅။ ရေ

ရေဟာ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေအတွက် မရှိအဖြစ် အရေးပါတဲ့ အရည်တစ်မျိုးပါပဲ။ ဒါကြောင့် ကလေးတွေကို တစ်နေ့တာလုံး ရေမှန်မှန်သောက်ဖို့ တိုက်တွန်းပေးကြပါနော်။

ဒီလိုအစားအသောက်တွေကို ကျွေးပေးတဲ့အပြင် လိုအပ်ခဲ့ရင်  စွမ်းအင်ဖြည့်ဖို့အတွက် အထောက်အကူပြု ဗီတာမင်ဓာတ်တွေပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီ တိုက်ကျွေးလို့ရပါတယ်နော်။

 

 www.drmyanmar.com