/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-မကြာခဏဖျားနာခြင်း-ကင်းဝေးစေဖို့-နည်းလမ်းကောင်းများ

ကလေးတွေ မကြာခဏဖျားနာခြင်း ကင်းဝေးစေဖို့ နည်းလမ်းကောင်းများ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်လေးတွေမှာ မကြာခဏဖျားနာတာဟာ ပုံမှန်ပါပဲ။ ဘာဖြစ်လို့ဆို သူတို့ရဲ့ ကိုယ်ခံအားစနစ်ဟာ ဖွံဖြိုးဆဲအခြေအနေမှာပဲ ရှိနေသေးလို့ပါ။ မူကြိုအရွယ်မတိုင်ခင် ကလေးလေးတွေဟာ တစ်နှစ်ကို ၈-၁၂ ကြိမ်လောက် ဖျားနာနိုင်​ပြီးတော့၊ ကျောင်းနေအရွယ်ကလေးတွေကတော့ တစ်နှစ်ကို ၅-၆ ကြိမ်လောက် ဖျားနာနိုင်ပါတယ်။ ဒါဟာပုံမှန်ဆိုပေမယ့် တတ်နိုင်သလောက်တော့ ဖျားနာတဲ့အကြိမ်ရေကို လျှော့ချပေးတာ အကောင်းဆုံးပါပဲ။ 

Ceelin Plus 1

ဒါကြောင့် သားသားမီးမီးတို့တွေ ခဏခဏ မဖျားအောင်လို့ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ မေမေတို့အနေနဲ့ ကလေးတွေကို ဖျားနာခြင်း ကင်းဝေးစေချင်တယ်ဆိုရင်တော့…

♦    လက်ကို ဘယ်လိုဆေးရမလဲဆိုတာ သင်ပေးပါ။ မကြာခဏ လက်ဆေးတတ်အောင်လည်း လေကျင့်ပေးပါ။

♦    ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဥ် ထိုးပေးပါ။

♦    အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကျွေးပါ။

♦    သရေစာအနေနဲ့ အသီးအနှံတွေကို ကျွေးပေးပါ။

♦    ရေများများတိုက်ပါ။

♦    အိပ်စက်ချိန်ကို လုံလောက်အောင် ထားပေးပါ။

Ceelin Plus 2

ဒီလိုနည်းလမ်းလေးတွေ လုပ်ပေးလို့ရတဲ့အပြင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ ဗီတာမင်နဲ့သတ္တုဓာတ် ဖြည့်စွက်အားဆေးတွေကိုလည်း တိုက်ပေးလို့ရပါတယ်နော်။

 www.drmyanmar.com