ကလေးတွေအပြင်းဖျားနာတဲ့အခါ
ကလေးငယ်ငယ်လေးတွေအပြင်းဖျားနာတဲ့အခါ တော်တော်ပြောရခက်တတ်တယ်။ အစောပိုင်းကာလတွေမှာ လက္ခဏာတွေက အကုန်တူတူပဲ။
ကလေးတွေအပြင်းဖျားနာတဲ့အခါ ဆရာဝန်နဲ့ ချက်ချင်းပြဖို့အရေးကြီးတယ်။ အမေအဖေဆိုတာ ကလေးအကြောင်းအသိဆုံးမို့ နည်းနည်းမူမမှန်ဘူးဆိုတာနဲ့ ပြကြည့်ပါတော့။
အရေးပေါ်ကိုခေါ်ရမယ့်အခြေအနေတွေကတော့
• မှိန်းနေတာ၊ သတိမရတာ
• အသံစူးစူးနဲ့တောက်လျောက်အော်ငိုနေတာ
• အသက်ရှူ ရခက်တာ
• အသားအရည် ဖြူ ရော်ရော်ပြာနှမ်းနှမ်းဖြစ်လာတာ
• တက်တာ
• အနီကွက်(ဖိကြည့်လိုက်ရင်မပျောက်တဲ့အနီကွက်)တွေပေါ်လာတာ
Cool Feel 1

ဒီလိုလက္ခဏာတွေရှိရင် သတိထားဖို့လိုမယ်။
1. မှိန်းနေခြင်း၊ သတိမေ့ခြင်း
ကလေးေတွဟာ တစ်ခါတစ်လေ ပုံမှန်ကို မှိန်းနေတတ်တာမျိုးတော့ ရှိတယ်။ ဥပမာပြောရမယ်ဆိုရင် အစာစားပြီးချိန်လိုမျိုးပေါ့။ ဒါပေမယ့် ပုံမှန်ထက်ကို မှိန်းလာတယ်ဆိုရင် အပြင်းဖျားနာတာဖြစ်နိုင်တယ်။
ကလေးကိုအတင်းနှိုးတာတောင် တုန့်ပြန်မှုမရှိဘူးဆိုရင်တော့ အရေးပေါ်အခြေအနေပါပဲ။ ဒီလိုနှိုးမရတော့တာမျိုးဟာ သွေးတွင်းအချိုဓာတ်ကျတာ၊ ဦးနှောင်အမြှေးရောင်တာမျိုးတွေ ဖြစ်နိုင်တယ်။
2. အသံစူးစူးနဲ့တောက်လျောက်အော်ငိုနေခြင်း
ကလေးတိုင်းဟာ နေထိုင်မကောင်းရင် ငိုတာပဲပေါ့။ ဒါပေမယ့် ပုံမှန်ပုံစံမျိုးမဟုတ်တာ၊ အငိုမရပ်တာ၊ ကလေးကိုဘယ်လိုမှချော့မရတာမျိုးကတော့ စိုးရိမ်ရတယ်။
3. အသက်ရှူ ပုံမမှန်ခြင်း
• အသက်ကိုရှိုက်ရှူ နေရတာ
• တောက်လျောက်ချောင်းဆိုးနေတာ
• အသက်ရှူ တိုင်းရင်ဘတ်လေးချိုင့်ဝင်သွားတာ
• စကားမပြောနိုင်၊ အသံမထွက်နိုင်တာ
ဒီလက္ခဏာတွေဟာ အသက်ရှူ ပုံမမှန်တဲ့လက္ခဏာတွေပါ။ ဒီ့ထက်ပိုဆိုးလာရင် ကလေးအရမ်းနုံးလာပြီး ပြာနှမ်းလာတာ၊ အရမ်းငြိမ်ကျသွားတာ၊ အသက်ရှူ တိုင်းတစ်အင့်အင့်ဖြစ်လာတာတွေ ဖြစ်လာတတ်တယ်။ အဆုတ်ရောင်ရောဂါတွေ၊ ပန်းနာရင်ကြပ်တွေမှာ ဒီလိုဖြစ်တတ်တယ်။
4. အသားအရည်ဖြူ ရော်ရော်ပြာနှမ်းနှမ်းဖြစ်လာခြင်း
အသားအရောင်ဒီလိုဖြစ်လာတာဟာ သွေးလည်ပတ်မှုမကောင်းတာကြောင့်၊ သွေးထဲအောက်စီဂျင်ကောင်းကောင်းမရောက်တာတွေကြောင့် ဖြစ်တတ်တယ်။
Cool Feel 2

5. တက်ခြင်း
ကလေးတက်တဲ့အခါ မျက်လုံးလေးအပေါ်လန်သွားပြီး ခေါ်မရတော့တာ၊ ခြေတွေလက်တွေတုန်ခါလာပြီး ခဏလေးပြာနှမ်းသွားတာမျိုး ဖြစ်တတ်တယ်။
ဒီလိုတက်လာရင် ကလေးကိုဘေးတစ်ဖက်စောင်းပေးပြီး အပေါ်ခြေထောက်ကို ကွေးထားပေးပါ။ ပါးစပ်ထဲကို ဘာဆိုဘာမှမထည့်လိုက်နဲ့နော်။ ကလေးအသက်ရှူ လမ်းကြောင်းကို ပိတ်သွားလိမ့်မယ်။
6. အနီကွက်တွေပေါ်လာခြင်း
ဖိကြည့်လိုက်လို့ မပျောက်သွားတဲ့ အနီကွက်တွေပေါ်လာရင် အသက်အန္တရာယ်ရှိတဲ့ meningococcal ဘတ်တီးရီးယားဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်နေနိုင်လို့ သတိထားဖို့လိုတယ်။
ဖန်ခွက်အကြည်တစ်ခွက်ကို အနီကွက်ပေါ် ဖိကြည့်ပြီး စမ်းသပ်ကြည့်လို့ရတယ်။ တကယ်လို့ မပျောက်သွားဘူးဆိုရင်တော့ အရေးပေါ်အခြေအနေပါပဲ။
(Unicode)
ဒီလိုလက်ခဏာတှရှေိရငျ သတိထားဖို့လိုမယျ။
















