/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-ဆံပင်သန်စွမ်းစေဖို့-နည်းလမ်းများ

ကလေးတွေ ဆံပင်သန်စွမ်းစေဖို့ နည်းလမ်းများ

Category
ကလေးများနှင့်ကျန်းမာရေး

1. ၀မ်းလျားမှောက်ခွင့်ပေးပါ

            ကလေးငယ်အား တချိန်လုံးလဲလျောင်းအိပ်စက်စေပါက မွေ့ရာ၊ ခေါင်းအုံးနဲ့ အမြဲတစေထိတွေ့နေတဲ့ ဦးခေါင်းနေရာတစ်၀ိုက်မှာ ဆံပင်ပါးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်အား ၀မ်းလျားမှောက်ခွင့်ပေးသင့်ပါတယ်။

 

2. ခေါင်းလျှော်ပေးပါ

              ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည် ဒါမှမဟုတ် ကိုယ်တိုင်လုပ် တရော်ကင်ပွန်း ခေါင်းလျှော်ရည်ဖြင့်သာ ခေါင်းလျှော်ပေးသင့်ပါတယ်။ ခေါင်းလျှော်ရည်ထဲ ကို ရေနွေးနွေးလေး ရောထည့်ပြီးနောက် ဦးရေပြားကို ညင်သာစွာ ပွတ်သပ်ကာလျှော်ပေးပါ။ အညစ်အကြေးတွေ ကင်းစင်စေပြီး ဆံချည်မျှင်အိတ်လေးများ ပွင့်လာစေပါတယ်။ ခေါင်းလျှော် ပြီးနောက် ရေနွေးနွေးလေးဖြင့််သာ ဆေးပေးကာ ပျော့အိနူးညံ့တဲ့ တဘက်အသုံးပြုကာ ဦးရေပြားခြောက်အောင် သုတ်ပေးပါ။ အိမ်တွင် မိမိကလေးအတွက် ခေါင်းလျှော်ရည် ကိုယ်တိုင်ပြုလုပ်ရာတွင် ပေါင်းခံရေထဲ သို့ ဆေးဖက်၀င်လက်ဖက်စိမ်းရည် ဆတူရောထည့်ပြီး ပျားရည်နှင့်ရှောက်ရည် အနည်းငယ်ထည့်ကာ ခေါင်းလျှော်ပေးပါကလည်း ကလေးငယ်၏ ဆံပင်ကိုသန်စွမ်းတောက်ပြောင်စေပါတယ်။

 

3. ဆီလိမ်းပေးပါ

              ကလေးငယ်ရဲ့ ဦးရေပြားမှာအစိုဓာတ်ရနေစေဖို့ တစ်နေ့နှစ်ကြိမ်ခန့် ဆီလိမ်းပေးပါ။ ဈေးကွက်ထဲမှာ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆံသားလိမ်းအဆီတွေ ရှိပါတယ်။ တကယ်လို့ အုန်းဆီစစ်စစ်ကို သုံးချင်တယ်ဆိုရင်လည်းသုံးနိုင်ပါတယ်။

 

4. အစားအစာကိုဂရုစိုက်ပေးပါ

              ဆံပင်သန်စေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေပြည့်၀နေဖို့လိုအပ်ပါတယ်။ Vitamin A က ဆံချည်မျှင်အသစ်တွေထွက်စေဖို့ ဟော်မုန်းထုတ်ပေးပြီး Vitamin B1 က အသားအရေနဲ့ ဆံသားကျန်းမာစေကာ Vitamin B7 က ဆံသားရှင်သန်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ အာဟာရထဲမှာ ဒါမှမဟုတ် ဖြည့်စွက်ဆေးထဲမှာ ၎င်းဓာတ်တွေပါ၀င်စေသင့်ပါတယ်။ ဒါပေမယ့် ကလေးငယ်အားကျေွးသင့်၊ မကျေွးသင့်ကိုတော့ ဆရာ၀န်နဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

 

5. ဆံပင်မပေါက်ပါက ဆရာ၀န်နှင့်ပြပါ

              ကလေးအသက် 2 နှစ်ပြည့်တော့မည်အထိ ဆံပင်မပေါက်သေးပါက အရေပြားရောဂါအထူးကု ဆရာ၀န်နဲ့ပြပါ။ သိုင်းရွိုက်ဟော်မုန်းဓာတ်လျာ့နည်းခြင်း၊ မှိုပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်စေသလားဆိုတာ စစ်ဆေးပြီးလိုအပ်တဲ့ကုသမှုပေးမှာဖြစ်ပါတယ်။ သွေးစစ်ခြင်းဖြင့် ကလေးရဲ့ခန္ဓာကိုယ်ထဲမှာမည်သည့် ဓာတ်ချို့ယွင်းနေသလဲဆိုတာနဲ့ပတ်သက်ပြီး သင့်လျော်တဲ့ ကုသမှုပေးမှာဖြစ်ပါတယ်။

 

6. ဆံပင်အားတင်းကျပ်စွာမစီးပေးသင့်ပါ

              ပိုနီတေးစီးပေးခြင်း၊ ကျစ်ဆံမြီးကျစ်ပေးခြင်းစတဲ့ ဆံပင်အလှဖန်တီးပေးရာ၌တင်းတင်းကျပ်ကျပ် မစီးပေးသင့်ပါဘူး။ ဒါ့အပြင် အမာစားခေါင်းစီးကြိုးတွေကို အသုံးမပြုမိဖို့လည်းသတိပြုသင့်ပါတယ်။ ခေါင်းဖြီးပေးတဲ့ အခါ အသွားကျယ်တဲ့ဘီးနဲ့သာ ညင်သာစွာ ဖြီးပေးသင့်ပါတယ်။

 

7. ရာသီဥတုဒဏ်မှ ကာကွယ်ပါ

              ဥတုသုံးပါးစလုံးဒဏ်မှ ကာကွယ်ပေးပါ။ အထူးသဖြင့် နွေရာသီအပူနဲ့ ဆောင်းရာသီအအေးဒဏ်ကို အပြည့်အ၀ကာကွယ်ပေးသင့်ပြီး ခေါင်းအုံးစွပ်ကိုလည်းပိုးသားနှင့် အသုံးပြုသင့်ပါတယ်။

 

Cho Thet  (www.drmyanmar.com)