ကလေးတွေ နေထိုင်မကောင်းချိန် နည်းမှန်လမ်းမှန်ဖြင့် ဘယ်လိုဂရုစိုက်ပြုစုကြမလဲ
ယခုလို တုပ်ကွေးရာသီမှာ လူကြီးများသာမက သားသားမီးမီးလေးတွေလည်း နေထိုင်မကောင်း ဖြစ်ကြပါတယ်။ ကလေးငယ် ဖျားနာနေစဉ်မှာ တစ်ချိန်လုံး အိပ်ရာထဲမှာ လဲှခိုင်းရမလား၊ စာမေးပွဲနီးနေလို့ ကျောင်းပို့လိုရမလား၊ အပြင်သွားလို့ရမလား စသည်ဖြင့် မေးခွန်းများစွာကို ဖြေပေးရလေ့ရှိတာမို့ ကလေးငယ်များ နေမကောင်းဖြစ်နေစဉ် ဘယ်လိုကောင်းစွာဂရုစိုက်ရမလဲဆိုတဲ့ အချက်လေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
>> သက်သောင့်သက်သာရှိပါစေ
သင့်ကလေးငယ်ကို သက်သောင့်သက်သာဖြင့် နွေးထွေးစွာ နေထိုင်နိုင်ဖို့ ပြင်ဆင်ပေးပါ။ တစ်ချိန်လုံး အိပ်ရာပေါ်တွင်လှဲခိုင်းဖို့ မလိုအပ်ပါဘူး။ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင်လည်း ထိုင်ခိုင်းနိုင်ပါတယ်။ ကလေးချမ်းပါက စောင်ခြုံနိုင်ပါတယ်။
● ကလေး အနားယူနေသည့် နေရာတစ်ဝိုက် လေဝင်လေထွက်ကောင်းပါစေ။
● ကလေးကို ရေ၊ ဓာတ်ဆားရည် (ဆရာဝန်ညွှန်ကြားလျှင်) နှင့် ကြက်စွပ်ပြုတ်ရည်များ တိုက်ကျွေးပါ။ ဖျားနေသော ကလေးငယ်ဟာ အစာစားမဝင် ဖြစ်တတ်ပါတယ်။ စိတ်မပူပါနဲ့။ အာဟာရရှိသော နွားနို့၊ အသားများ ဝင်အောင်ကျွေးပါ။
● ဗီတာမင် C ကြွယ်ဝသော အစားအသောက်များ (သို့) ဗီတာမင် C ပါဝင်သော အားဆေးတစ်မျိုးမျိုး တိုက်ကျွေးပါ။
● ကလေးကို စာအုပ်ဖတ်ပြခြင်း၊ ပုံပြောခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။
● သင့်ကလေးငယ်ဟာ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် ရာသီတုပ်ကွေး ဖြစ်ပေါ်နေပါက အခြားကလေးများကို ကူးစက်စေနိုင်တဲ့အတွက် အပြင်ထွက်ခြင်း၊ ကျောင်းပို့ခြင်း မပြုလုပ်ပါနဲ့ဦး။
● ကလေးအထူးကုနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူသင့်ပါတယ်။
Ceelin 1
>> ဘယ်လိုအခြေအနေမျိုးက စိုးရိမ်ရလဲ?
အောက်ဖော်ပြပါ လက္ခဏာများရှိပါက မပေါ့ဆဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီသွားပေးပါ။
● အဖျားကြီးခြင်း
● အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်ခြင်း
● လည်ပင်းနဲ့ဇက် တောင့်တင်းနေခြင်း
● မျက်စိနာကျင်နီရဲခြင်း
● ကလေးငယ်များတွင် ငယ်ထိပ်ဖောင်းလာခြင်း
● ကလေး အလွန်မှိန်းခြင်း၊ တစ်ချိန်လုံးအိပ်ခြင်း
● ကလေးတက်ခြင်း (၅ မိနစ်ခန့်) ဖြစ်ပေါ်ပါက ဆေးကုသမှု အချိန်မီခံယူရမည် ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Ceelin 2
(Zawgyi)
ယခုလို တုပ္ေကြးရာသီမွာ လူႀကီးမ်ားသာမက သားသားမီးမီးေလးေတြလည္း ေနထိုင္မေကာင္း ျဖစ္ၾကပါတယ္။ ကေလးငယ္ ဖ်ားနာေနစဥ္မွာ တစ္ခ်ိန္လုံး အိပ္ရာထဲမွာ လဲွခိုင္းရမလား၊ စာေမးပြဲနီးေနလို႔ ေက်ာင္းပို႔လိုရမလား၊ အျပင္သြားလို႔ရမလား စသည္ျဖင့္ ေမးခြန္းမ်ားစြာကို ေျဖေပးရေလ့ရွိတာမို႔ ကေလးငယ္မ်ား ေနမေကာင္းျဖစ္ေနစဥ္ ဘယ္လိုေကာင္းစြာဂ႐ုစိုက္ရမလဲဆိုတဲ့ အခ်က္ေလးေတြကို စုစည္းတင္ျပေပးလိုက္ပါတယ္။
>> သက္ေသာင့္သက္သာရွိပါေစ
သင့္ကေလးငယ္ကို သက္ေသာင့္သက္သာျဖင့္ ေႏြးေထြးစြာ ေနထိုင္ႏိုင္ဖို႔ ျပင္ဆင္ေပးပါ။ တစ္ခ်ိန္လုံး အိပ္ရာေပၚတြင္လွဲခိုင္းဖို႔ မလိုအပ္ပါဘူး။ ဧည့္ခန္းထဲရွိ ဆိုဖာေပၚတြင္လည္း ထိုင္ခိုင္းႏိုင္ပါတယ္။ ကေလးခ်မ္းပါက ေစာင္ၿခဳံႏိုင္ပါတယ္။
● ကေလး အနားယူေနသည့္ ေနရာတစ္ဝိုက္ ေလဝင္ေလထြက္ေကာင္းပါေစ။
● ကေလးကို ေရ၊ ဓာတ္ဆားရည္ (ဆရာဝန္ၫႊန္ၾကားလွ်င္) ႏွင့္ ၾကက္စြပ္ျပဳတ္ရည္မ်ား တိုက္ေကြၽးပါ။ ဖ်ားေနေသာ ကေလးငယ္ဟာ အစာစားမဝင္ ျဖစ္တတ္ပါတယ္။ စိတ္မပူပါနဲ႔။ အာဟာရရွိေသာ ႏြားႏို႔၊ အသားမ်ား ဝင္ေအာင္ေကြၽးပါ။
● ဗီတာမင္ C ႂကြယ္ဝေသာ အစားအေသာက္မ်ား (သို႔) ဗီတာမင္ C ပါဝင္ေသာ အားေဆးတစ္မ်ိဳးမ်ိဳး တိုက္ေကြၽးပါ။
● ကေလးကို စာအုပ္ဖတ္ျပျခင္း၊ ပုံေျပာျခင္းမ်ားလည္း ျပဳလုပ္ႏိုင္ပါတယ္။
● သင့္ကေလးငယ္ဟာ အသက္ရႉလမ္းေၾကာင္းပိုးဝင္ျခင္း သို႔မဟုတ္ ရာသီတုပ္ေကြး ျဖစ္ေပၚေနပါက အျခားကေလးမ်ားကို ကူးစက္ေစႏိုင္တဲ့အတြက္ အျပင္ထြက္ျခင္း၊ ေက်ာင္းပို႔ျခင္း မျပဳလုပ္ပါနဲ႔ဦး။
● ကေလးအထူးကုနဲ႔ တိုင္ပင္ေဆြးေႏြးၿပီး ကုသမႈခံယူသင့္ပါတယ္။
>> ဘယ္လိုအေျခအေနမ်ိဳးက စိုးရိမ္ရလဲ?
ေအာက္ေဖာ္ျပပါ လကၡဏာမ်ားရွိပါက မေပါ့ဆဘဲ နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္းသို႔ အခ်ိန္မီသြားေပးပါ။
● အဖ်ားႀကီးျခင္း
● အသက္ရႉျမန္ျခင္း၊ အသက္ရႉၾကပ္ျခင္း
● လည္ပင္းနဲ႔ဇက္ ေတာင့္တင္းေနျခင္း
● မ်က္စိနာက်င္နီရဲျခင္း
● ကေလးငယ္မ်ားတြင္ ငယ္ထိပ္ေဖာင္းလာျခင္း
● ကေလး အလြန္မွိန္းျခင္း၊ တစ္ခ်ိန္လုံးအိပ္ျခင္း
● ကေလးတက္ျခင္း (၅ မိနစ္ခန႔္) ျဖစ္ေပၚပါက ေဆးကုသမႈ အခ်ိန္မီခံယူရမည္ ျဖစ္ပါတယ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)
















