/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-အအေးမိ-ဖျားနာဖြစ်နေချိန်မှာ-ကျွေးရမယ့်အစားအစာများ

ကလေးတွေ အအေးမိ ဖျားနာဖြစ်နေချိန်မှာ ကျွေးရမယ့်အစားအစာများ

Category
ကလေးများနှင့်ကျန်းမာရေး

    ကိုယ့်ကလေးမှာ အအေးမိ ချောင်းဆိုးနေပြီဆိုရင် မိဘတွေအနေနဲ့က ကိုယ်ဖြစ်တာထက်တောင်မှ ပိုဆိုးပါသေးတယ်။ နေမကောင်းတဲ့အချိန်မှာ ကလေးက အစာစားချင်စိတ်နည်းပြီး လုံးဝမစားတာတောင် ဖြစ်နိုင်ပါတယ်။ ဒီလို အစာ မစားဘူးဆိုရင် လုံလောက်တဲ့ အာဟာရဓာတ်မရဘဲနဲ့ ကိုယ်ခံအားလည်း ကျနိုင်ပါတယ်။ နေမကောင်းတဲ့အချိန်မှာ ကလေးတွေကို အားရှိတဲ့အစားအစာတွေ ကျွေးပေးဖို့ အရေးကြီးပါတယ်။
    ကဲ ... ဒီတော့ ကလေးငယ်တွေ အအေးမိချောင်းဆိုးတဲ့အခါမှာ ဘာတွေကျွေးကြမလဲ?
1.    မိခင်နို့
    အသက် ၆ လအောက် ကလေးငယ်တွေမှာတော့ မိခင်နို့က အဓိကနဲ့ တစ်ခုတည်းသော အစားအစာဖြစ်တဲ့အတွက် မိခင်နို့ ဝင်အောင်တိုက်ပေးဖို့ အရေးကြီးပါတယ်။ မိခင်နို့က ကလေးရဲ့ ကိုယ်ခံအားစနစ်ကို သန်မာစေပါတယ်။

2.    ထမင်းရည်
    အသက် ၆ လပြည့်ပြီးသား ကလေးငယ်တွေအတွက် ထမင်းရည်က အအေးမိ ဖျားနာတာအတွက် ကောင်းမွန်တဲ့ အိမ်တွင်းကုထုံးတစ်မျိုးပါပဲ။ ထမင်းရည်က ကလေးရဲ့ ကိုယ်ခံအားကို တက်စေပြီးတော့ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

3.    ကန်စွန်းဥ
    ကန်စွန်းဥထဲမှာ အာဟာရဓာတ်တွေ အများကြီးပါဝင်ပြီးတော့ ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။ အသက် ၆ လအထက် ကလေးကိုဆိုရင် ကန်စွန်းဥကို ပြုတ်ပြီး သေသေချာချာချေပြီး ကျွေးလို့ရပါတယ်။

4.    မုန်လာဥနီ
    မုန်လာဥနီကတော့ ဆေးဖက်ဝင်ပြီးတော့ မုန်လာဥနီကို စားပေးခြင်းအားဖြင့် ကိုယ့်ခံအားကောင်းစေကာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ဝေးဝေးနှင်ထုတ်နိုင်ပါတယ်။ မုန်လာဥနီကိုပေါင်းပြီး ချေကျွေးနိုင်သလို စွပ်ပြုတ်လုပ်ပြီးတော့လည်း ကျွေးနိုင်ပါတယ်။

5.     သာကူကြို
    သာကူကြိုက ကစီဓာတ်ပြည့်ဝပြီးတော့ အားအင်တိုးစေပါတယ်။ ပြီးတော့ အစာချေရ လွယ်စေပြီးတော့ နေမကောင်းဖြစ်နေတဲ့ ကလေးတွေအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုပါ။ သာကူကြိုကို အသက် ၇ လအထက်ကလေးတွေကို ကျွေးလို့ရပါတယ်။

Ceelin Plus 1

6.    ပန်းဂေါ်ဖီစိမ်း
    အင်တီအောက်ဆီးဒင့်ကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်းဟာဆိုရင် ရောဂါပိုးတွေကို တိုက်ဖျက်နိုင်စွမ်းရှိပြီးတော့ ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့အတွက် အသက် ၈ လအထက် ကလေးငယ်တွေအတွက်လည်း ကျွေးဖို့သင့်တော်ပါတယ်။ စွပ်ပြုတ်အနေနဲ့ကျွေးကျွေး၊ ပြုတ်ပြီးချေကျွေးကျွေး ကျွေးသင့်တော်ပါတယ်။

7.    အာလူး
    အားလူးကိုပြုတ်၊ ချေပြီးတော့ ကျွေးပေးမယ်ဆိုရင်လည်း အရသာရှိပြီးတော့ ကိုယ်ခံအားကို ကောင်းစေပါတယ်။

8.    ချဉ်တဲ့အသီးတွေ
    လိမ္မော်ဖျော်ရည် (သို့) သံပရာဖျော်ရည်တွေက နှာပိတ်ခြင်းကို သက်သာစေပြီးတော့ ချွဲတွေ ပျော်စေပါတယ်။ ရေကြက်သီးနွေးလေး၊ ပျားရည် (အသက် 1 နှစ်အထက်မှ ပျားရည်ထည့်ပါ) တို့ ထည့်ပြီး ဖျော်ပေးပါ။ အသက် ၁ နှစ်အထက် ကလေးငယ်တွေအတွက် သင့်တော်ပါတယ်။

9.    ဆနွင်းနဲ့ နို့
    ဆနွင်းမှုန့် အနည်းငယ်ကို နို့နွေးနွေးလေးထဲမှာ ထည့်ပြီး သောက်ခြင်းအားဖြင့် ပိုးသေစေပြီးတော့ အအေးမိတာနဲ့ လည်ချောင်းနာတာတွေကို သက်သာစေနိုင်ပါတယ်။ ကလေးအသက် ၁ နှစ်နဲ့အထက်တွေကို တိုက်လို့ရပါတယ်။

10.    ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ
    အအေးမိနေတဲ့ကလေးအတွက် ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကို ကျွေးပေးခြင်းအားဖြင့် ကိုယ်ခံအားကောင်းစေပြီးတော့ ရောဂါပိုးတွေကို တိုက်ဖျက်ရာမှာ ကူညီပေးပါတယ်။

11.    Applesauce
    ဒါက အစာချေရလည်း လွယ်ပြီးတော့ ကလေးကို ရေဓာတ်ပြည့်ဝနေစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Ceelin Plus 2

(Zawgyi)

    ကိုယ့္ကေလးမွာ အေအးမိ ေခ်ာင္းဆိုးေနၿပီဆိုရင္ မိဘေတြအေနနဲ႔က ကိုယ္ျဖစ္တာထက္ေတာင္မွ ပိုဆိုးပါေသးတယ္။ ေနမေကာင္းတဲ့အခ်ိန္မွာ ကေလးက အစာစားခ်င္စိတ္နည္းၿပီး လုံးဝမစားတာေတာင္ ျဖစ္ႏိုင္ပါတယ္။ ဒီလို အစာ မစားဘူးဆိုရင္ လုံေလာက္တဲ့ အာဟာရဓာတ္မရဘဲနဲ႔ ကိုယ္ခံအားလည္း က်ႏိုင္ပါတယ္။ ေနမေကာင္းတဲ့အခ်ိန္မွာ ကေလးေတြကို အားရွိတဲ့အစားအစာေတြ ေကြၽးေပးဖို႔ အေရးႀကီးပါတယ္။
    ကဲ ... ဒီေတာ့ ကေလးငယ္ေတြ အေအးမိေခ်ာင္းဆိုးတဲ့အခါမွာ ဘာေတြေကြၽးၾကမလဲ?
1.    မိခင္ႏို႔
    အသက္ ၆ လေအာက္ ကေလးငယ္ေတြမွာေတာ့ မိခင္ႏို႔က အဓိကနဲ႔ တစ္ခုတည္းေသာ အစားအစာျဖစ္တဲ့အတြက္ မိခင္ႏို႔ ဝင္ေအာင္တိုက္ေပးဖို႔ အေရးႀကီးပါတယ္။ မိခင္ႏို႔က ကေလးရဲ႕ ကိုယ္ခံအားစနစ္ကို သန္မာေစပါတယ္။

2.    ထမင္းရည္
    အသက္ ၆ လျပည့္ၿပီးသား ကေလးငယ္ေတြအတြက္ ထမင္းရည္က အေအးမိ ဖ်ားနာတာအတြက္ ေကာင္းမြန္တဲ့ အိမ္တြင္းကုထုံးတစ္မ်ိဳးပါပဲ။ ထမင္းရည္က ကေလးရဲ႕ ကိုယ္ခံအားကို တက္ေစၿပီးေတာ့ ေရာဂါပိုးေတြကို တိုက္ထုတ္ႏိုင္ဖို႔ အေထာက္အကူ ျဖစ္ေစပါတယ္။

3.    ကန္စြန္းဥ
    ကန္စြန္းဥထဲမွာ အာဟာရဓာတ္ေတြ အမ်ားႀကီးပါဝင္ၿပီးေတာ့ ကိုယ္ခံအားစနစ္ကို ေကာင္းေစပါတယ္။ အသက္ ၆ လအထက္ ကေလးကိုဆိုရင္ ကန္စြန္းဥကို ျပဳတ္ၿပီး ေသေသခ်ာခ်ာေခ်ၿပီး ေကြၽးလို႔ရပါတယ္။

4.    မုန္လာဥနီ
    မုန္လာဥနီကေတာ့ ေဆးဖက္ဝင္ၿပီးေတာ့ မုန္လာဥနီကို စားေပးျခင္းအားျဖင့္ ကိုယ့္ခံအားေကာင္းေစကာ ဘက္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ပိုးေတြကို ေဝးေဝးႏွင္ထုတ္ႏိုင္ပါတယ္။ မုန္လာဥနီကိုေပါင္းၿပီး ေခ်ေကြၽးႏိုင္သလို စြပ္ျပဳတ္လုပ္ၿပီးေတာ့လည္း ေကြၽးႏိုင္ပါတယ္။

5.     သာကူႀကိဳ
    သာကူႀကိဳက ကစီဓာတ္ျပည့္ဝၿပီးေတာ့ အားအင္တိုးေစပါတယ္။ ၿပီးေတာ့ အစာေခ်ရ လြယ္ေစၿပီးေတာ့ ေနမေကာင္းျဖစ္ေနတဲ့ ကေလးေတြအတြက္ ေကာင္းမြန္တဲ့ေ႐ြးခ်ယ္မႈပါ။ သာကူႀကိဳကို အသက္ ၇ လအထက္ကေလးေတြကို ေကြၽးလို႔ရပါတယ္။

6.    ပန္းေဂၚဖီစိမ္း
    အင္တီေအာက္ဆီးဒင့္ႂကြယ္ဝတဲ့ ပန္းေဂၚဖီစိမ္းဟာဆိုရင္ ေရာဂါပိုးေတြကို တိုက္ဖ်က္ႏိုင္စြမ္းရွိၿပီးေတာ့ ကိုယ္ခံအားစနစ္ကို ေကာင္းေစတဲ့အတြက္ အသက္ ၈ လအထက္ ကေလးငယ္ေတြအတြက္လည္း ေကြၽးဖို႔သင့္ေတာ္ပါတယ္။ စြပ္ျပဳတ္အေနနဲ႔ေကြၽးေကြၽး၊ ျပဳတ္ၿပီးေခ်ေကြၽးေကြၽး ေကြၽးသင့္ေတာ္ပါတယ္။

7.    အာလူး
    အားလူးကိုျပဳတ္၊ ေခ်ၿပီးေတာ့ ေကြၽးေပးမယ္ဆိုရင္လည္း အရသာရွိၿပီးေတာ့ ကိုယ္ခံအားကို ေကာင္းေစပါတယ္။

8.    ခ်ဥ္တဲ့အသီးေတြ
    လိေမၼာ္ေဖ်ာ္ရည္ (သို႔) သံပရာေဖ်ာ္ရည္ေတြက ႏွာပိတ္ျခင္းကို သက္သာေစၿပီးေတာ့ ခြၽဲေတြ ေပ်ာ္ေစပါတယ္။ ေရၾကက္သီးေႏြးေလး၊ ပ်ားရည္ (အသက္ 1 ႏွစ္အထက္မွ ပ်ားရည္ထည့္ပါ) တို႔ ထည့္ၿပီး ေဖ်ာ္ေပးပါ။ အသက္ ၁ ႏွစ္အထက္ ကေလးငယ္ေတြအတြက္ သင့္ေတာ္ပါတယ္။

9.    ဆႏြင္းနဲ႔ ႏို႔
    ဆႏြင္းမႈန႔္ အနည္းငယ္ကို ႏို႔ေႏြးေႏြးေလးထဲမွာ ထည့္ၿပီး ေသာက္ျခင္းအားျဖင့္ ပိုးေသေစၿပီးေတာ့ အေအးမိတာနဲ႔ လည္ေခ်ာင္းနာတာေတြကို သက္သာေစႏိုင္ပါတယ္။ ကေလးအသက္ ၁ ႏွစ္နဲ႔အထက္ေတြကို တိုက္လို႔ရပါတယ္။

10.    ဗီတာမင္ C ႂကြယ္ဝတဲ့ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္မ်ား
    အေအးမိေနတဲ့ကေလးအတြက္ ဗီတာမင္ C ႂကြယ္ဝတဲ့ သစ္သီးနဲ႔ဟင္းသီးဟင္း႐ြက္ေတြကို ေကြၽးေပးျခင္းအားျဖင့္ ကိုယ္ခံအားေကာင္းေစၿပီးေတာ့ ေရာဂါပိုးေတြကို တိုက္ဖ်က္ရာမွာ ကူညီေပးပါတယ္။

11.    Applesauce
    ဒါက အစာေခ်ရလည္း လြယ္ၿပီးေတာ့ ကေလးကို ေရဓာတ္ျပည့္ဝေနေစပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)