/
news/ကလေး-နှင့်-ကျန်းမာရေး/ေ၀ဟင်ခရီးကို-ကလေးငယ်နှင့်အတူသွားမည်ဆိုလျှင်-လိုက်နာသင့်သောအချက်များ

ေ၀ဟင်ခရီးကို ကလေးငယ်နှင့်အတူသွားမည်ဆိုလျှင် လိုက်နာသင့်သောအချက်များ

Category
ကလေးများနှင့်ကျန်းမာရေး

        ကလေးငယ်တွေနဲ့ လေယာဉ်စီးပြီး ခရီးသွားရတာ လွယ်ကူတဲ့ကိစ္စမဟုတ်တာကြောင့် ကြိုတင်လိုက်နာပြင်ဆင််သင့်သည်များကို ဖော်ပြလိုက်ပါတယ်။

၁။       ဖြစ်နိုင်လျှင် တိုက်ရိုက်ခရီးစဉ်ကိုသာ ရွေးချယ်ပါ။ တစ်ဆင့်စီးရသောခရီးတွင် ရာသီဥတု အပြောင်းအလဲကြောင့် ကလေးငယ်၏ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

၂။       ကလေးငယ်နှင့် ပိုမိုသင့်လျော်သောလေကြောင်းလိုင်းကို ရွေးချယ်ပါ။ လူများများဆန့်တဲ့ လေယာဉ်ကြီးတွေနဲ့ ခရီးသွားရတာ လေယာဉ်ခါယမ်းမှုနည်းတာကြောင့်  ကလေးငယ် အနေနဲ့စိုးရိမ်ထိတ်လန့်မှုမဖြစ်စေပါဘူး။ ကလေးအတွက် လေကြောင်းပေါ်မှာ ဘယ်လို၀န်ဆောင်မှုမျိုးရနိုင်တယ်ဆိုတာကိုပါ ကြိုတင်စုံစမ်းပါ။ (ဥပမာ - ကလေးအိပ်စင်)

၃။       ကလေးငယ်ရဲ့ ကျန်းမာရေးကို ကြိုတင်စစ်ဆေးပေးပါ။ လိုအပ်ပါကအကြံဉာဏ်တောင်းခံနိုင်အောင် ကလေးဆရာ၀န်၏ ဖုန်းနံပါတ်ကို မှတ်သားထားပါ။

၄။       ရုံးဖွင့်ရက်များတွင် ခရီးသွားပါ။ ခရီးသွားလာသူနည်းပါးတာကြောင့် ကလေးငယ်ဂျီကျနေမည် ဆိုပါကလည်း သိပ်စိတ်ပူစရာမလိုတော့ပါဘူး။

၅။       ထိုင်ခုံနေရာကို လက်မှတ်၀ယ်ကတည်းက ကြိုတင်ပြီးသေချာရွေးချယ်ပါ။ ဖြစ်နိုင်လျှင်  မိသားစု၀င် များနှင့် အတူတူထိုင်ပါ။

၆။       ကလေးငယ်အတွက် လိုအပ်သောအသုံးအဆောင်ပစ္စည်းများ၊ အစားအစာများ၊ ရေဘူး၊ ကြိုက်နှစ်သက်သော အရုပ်၊ စောင်စတာတွေကို မပါမဖြစ် ယူသွားပါ။ ဒါ့အပြင် ကလေးအတွက် အသစ်အဆန်းဖြစ်စေမည့် စာအုပ်များ၊ အရုပ်များကလည်း ကလေးငယ်အား လေယာဉ်ပေါ်မှာ ငြိမ်သက်စေမှာပါ။

၇။      နို့ဘူးစို့သည့် ကလေးဆိုလျှင် နို့မှုန့်၊ နို့ဘူး၊ ရေနွေး စတာတွေယူသွားပါ။ လေယာဉ်ပေါ် မှာ ရေနွေးတောင်းနိုင်ပေမယ့် လေဆိပ်မှာစောင့်ဆိုင်းနေစဉ် နို့ဘူးတိုက်ချင်ရင် အိမ်ကယူလာတဲ့ ရေနွေးရှိမှ အဆင်ပြေပါလိမ့်မယ်။

၈။       လေယာဉ်ပေါ်သို့ တက်ရာမှာလည်း ကလေးငယ်အိပ်ပျော်နေတယ် (သို့) စိတ်ကြည်နေတယ် ဆိုရင်တော့ စောစောတက်နိုင်ပါတယ်။ ဒါပေမဲ့ ကလေးငယ်ဂျီကျနေရင်တော့ အခြားခရီးသွားများ အနှောင့် အယှက်မဖြစ်အောင် ကလေးငယ်အား ချော့မြူပြီးမှ လေယာဉ်ပေါ်သို့တက်ပါ။

 

Dr. Htet Htet Aung

www.drmyanmar.com