/
news/ကလေးများနှင့်ကျန်းမာရေး/လသားအရွယ်မှစ၍-သွားကျန်းမာရေးဂရုစိုက်သင့်

လသားအရွယ်မှစ၍ သွားကျန်းမာရေးဂရုစိုက်သင့်

Category
ကလေးများနှင့်ကျန်းမာရေး

         ကျန်းမာပြီးလှပသောသွားများကို ပိုင်ဆိုင်နိုင်ရန်အတွက် ငယ်စဉ်ကပင် သွားနှင့်ပတ်သက်သော ကျန်းမာရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးသင့်ပါတယ်။ ငယ်စဉ်ကတည်းက သွားကျန်းမာရေးကို ပုံမှန်ဂရုစိုက်သွားမှ မလိုလားအပ်သောသွားရောဂါေ၀ဒနာများကို ရှောင်ရှားနိုင် မှာဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်သွားဘက်ဆိုင်ရာအဖွဲ့အစည်းကနေ ကလေးများ၏ သွားကျန်းမာရေးအတွက် ထုတ်ပြန်ထားတဲ့ အဆိုပြုချက်များကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ကလေးများအတွက် ဇွန်းကိုသီးသန့်ထား၍သုံးပေးပါ။ ချိုလိမ်ကို အကျင့်မလုပ်ပေးပါနဲ့။

၂။ အစာစားပြီးတိုင်းသန့်ရှင်းသောအ၀တ်ဖြင့် သွားဖုံးကိုသုတ်ပေးပါ။

၃။  သွားစပေါက်တာနဲ့ ကလေးသွားတိုက်တံကိုသုံး၍ တိုက်ပေးပါ။ ကလေးများအတွက် သီးသန့် ထုတ်ထားသော Fluoride မပါသည့်သွားတိုက်ဆေးအနည်းငယ်ထည့်တိုက်ပါ။

၄။  သွားတိုက်ရာတွင် နည်းစနစ်ကျအောင်သင်ကြားပေးပါ။ အသက် ၆ နှစ်အထိ ဘေးမှနေ၍ ကြီးကြပ်ပေးပါ။

၅။ ချိုလိမ်စို့တတ်တဲ့အကျင့်ဖျောက်မရရင်လည်း ကလေး၏ချိုလိမ်ကို ချိုသောအရာများထဲ မစိမ်ထားပါနဲ့။

၆။  ကလေး၏ နို့ဘူးထဲတွင် နို့သာရှိပါစေ။ ဆိုဒါရည်များနှင့် ဖျော်ရည်များက ကလေး၏သွားကို ပျက်စီးစေနိုင်ပါတယ်။

၇။ အသက်တစ်နှစ်မှစ၍ သောက်ရေခွက်ဖြင့်သောက်တတ်သော အလေ့အကျင့်ရအောင် ပျိုးထောင်ပေးပါ။

၈။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုသာ ရွေးချယ်စားသုံးတတ်အောင် လေ့ကျင့်ပေးပါ။

 

Dr. Htet Htet Aung

www.drmyanmar.com