/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးနဲ့-ချိုလိမ်

ကလေးနဲ့ ချိုလိမ်

Category
ကလေးများနှင့်ကျန်းမာရေး

         က​လေး​တွေကို ချိုလိမ်​​ပေးသင်​့၊ မ​ပေးသင်​့ဆိုတာဟာ ကိုယ်​့ဆုံးဖြတ်​ချက်​နဲ့ ကိုယ်​သာဖြစ်​ပါတယ်​။ ဒါ​ပေမယ်​့ ချိုလိမ်​​ပေးမစုပ်​ခင်​မှာ ဘာ​တွေ​ရှောင်​လို့ ဘာ​တွေ​ဆောင်​ရမယ်​၊ အကျင်​့ကိုဘယ်​လိုပြန်​​ဖျောက်​ရမယ်​ဆိုတာ​တွေကို သိထားသင့်ပါတယ်။

         က​လေ​း​အများစုဟာ နို့စို့အား​ကောင်​းပြီးသား ဖြစ်​ပါတယ်​။ အချို့က​လေး​တွေဆို မ​မွေးခင်​ကတည်​းကကို ကိုယ်​့လက်​မ​တွေ၊ လက်​​ချောင်​း​တွေကို စုပ်​​နေ​လေ့ရှိကြပါတယ်​။ ဒီလို လက်​မစုပ်​ခြင်​းက အချို့က​လေး​တွေအတွက်​ စိတ်​သက်​သာရာရ​စေ၊ စိတ်​ငြိမ်​သက်​​စေနိုင်​တာ​ကြောင်​့ မိဘအများစုဟာ ချိုလိမ်​သုံးဖို့ကို အားသန်​တတ်​ကြတာပါ။

         ဒါ​ပေမယ်​့ ဒီချိုလိမ်​​တွေဟာ တကယ်​​ရော အဆင်​​ပြေရဲ့လား? ဒီ​မေးခွန်​းကို​ဖြေနိုင်​ဖို့ ဒီ​ဆောင်​းပါးမှာ ချိုလိမ်​​တွေရဲ့ ​ကောင်​းကျိုး၊ ဆိုးကျိုး အ​ထွေ​ထွေနဲ့ သတိထားဖို့အချက်​​တွေ၊ ဘယ်​လိုအကျင်​့ပြန်​​ဖျောက်​ရမယ်​ဆိုတာ​တွေကို ​ဖော်​ပြ​ပေးသွားမှာဖြစ်​ပါတယ်​။

Ceelin Plus 1

>> ​ကောင်​းကျိုးများ <<

 

         အချို့က​လေး​တွေမှာ ချိုလမ်​ဟာ နို့စို့တာတစ်​ခါနဲ့တစ်​ခါကြားမှာ စိတ်​​ဖြေစရာတစ်​ခု ဖြစ်​​နေပါတယ်​။

​ချိုလိမ်​ရဲ့​ကောင်​းကျိုးအ​ထွေ​ထွေက​တော့

• ငို​နေတဲ့က​လေးကိုတိတ်​​စေနိုင်​ပါတယ်​။ အချို့က​လေး​တွေဟာ တစ်​ခုခုစုပ်​​နေရမှ စိတ်ချမ်​းသာတတ်​ကြပါတယ်​။

• စိတ်​အာရုံလွှဲတဲ့​အ​နေနဲ့သုံးနိုင်​ပါတယ်​။ ကာကွယ်​​ဆေးထိုးတာ၊ ​သွေး​ဖောက်​တာ၊ စစ်​​ဆေးစမ်​းသပ်​မှု​တွေလုပ်​တာ စတဲ့ကိစ္စရပ်​​တွေမှာ ​တော်​​တော်​အသုံးဝင်​တတ်​ပါတယ်​။

• အိပ်​​ပျော်​​စေနိုင်​ပါတယ်​။ က​လေးကို ညဘက်​သိပ်​ရခက်​​နေရင်​ ချိုလိမ်​​လေး​ပေးကြည်​့ခြင်း​က အ​ထောက်​အကူပြုမှာပါ။ ချိုလိမ်​ဟာ က​လေးအိပ်​ချိန်​နဲ့ နိုးချိန်​​တွေကိုလည်​း အ​နှောက်​အယှက်​မပြုပါဘူး။

• ​လေယာဉ်​စီးချိန်​မှာအဆင်​​ပြေ​စေပါတယ်​။ ​လေယာဉ်​စီးချိန်​မှာ ​လေဖိအားအ​ပြောင်​းအလဲ​ကြောင်​့ နားအူခြင်​းကို ချိုလိမ်​စို့ခြင်​းက သက်​သာ​စေနိုင်​ပါတယ်​။

Ceelin Plus 2

>> ဆိုးကျိုးများ <<

 

       ချိုလိမ်​မှာလည်​း ဆိုးကျိုး​တွေရှိနိုင်​ပါတယ်​။

• က​လေးနို့စို့ခြင်​းကို အဟန်​့အတားဖြစ်​​စေနိုင်​ပါတယ်​။ အ​မေ့နို့စို့တာနဲ့ ချိုလမ်​စို့ရတာနဲ့ မတူပါဘူး။ တစ်​ချို့က​လေး​တွေဟာ ဒါကိုအရမ်​းသိတတ်​ကြပါတယ်​။ တစ်​ချို့​လေ့လာမှု​တွေမှာ ချိုလိမ်​စို့တဲ့က​လေး​တွေဟာ နို့စို့တာနည်​းတာ၊ နို့စို့ချိန်​တိုတာ​တွေကို ​တွေ့ရ​ပေမယ်​့ တစ်​ချို့က​လေး​တွေမှာ​တော့ ချိုလိမ်​ဘယ်​​လောက်​ပဲစို့စို့ နို့စို့ခြင်​းကို ဘာသက်​​ရောက်​မှုမှ မ​တွေ့ရပါဘူး။

• က​လေးဟာ ချိုလိမ်​အ​ပေါ်မှီခိုလာပါတယ်​။ ညအိပ်​ချိန်​ချိုလိမ်​စို့ပြီးအိပ်​တတ်​တဲ့က​လေး​တွေဟာ ချိုလိမ်​ပါးစပ်​ကပြုတ်​ကျသွားတာနဲ့ ညသန်​း​ခေါင်​ထငိုနိုင်​ပါတယ်​။

•  ချိုလိမ်အသုံးပြုခြင်းက အလယ်နားအတွင်း ရောဂါပိုး၀င်းရောက်နိုင်ခြေကို မြင့်မားစေပါတယ်။

• ချိုလိမ်​ကိုကြာကြာသုံးခြင်​းက သွားနဲ့ခံတွင်​းထိခိုက်​​စေနိုင်​ပါတယ်​။ ပထမနှစ်​အနည်​းငယ်​အတွင်​း ချိုလိမ်​ကိုသုံးခြင်​းဟာ သွားကိုထိခိုက်​မှု မဖြစ်​​စေ​ပေမယ်​့ အ​ချိန်​အ​တော်​ကြာကြာအသုံးပြုခြင်​းက သွားမညီခြင်​း၊ သွားပုံမှန်​ မ​ပေါက်​ခြင်​း စတာ​တွေကို ဖြစ်​​စေနိုင်​ပါတယ်​။

 

>> ချိုလိမ်​သုံးရာမ​ှာ​ရှောင်​ရန်​၊ ​ဆောင်​ရန်​များ <<

 

      က​လေးကိုချိုလိမ်​​ပေးစုပ်​​တော့မယ်​ဆိုရင်​ ဒါ​တွေကို သတိထားသင်​့ပါတယ်​။

• အ​မေနိုစို့​ရတာ ​ကောင်​း​ကောင်​းအ​လေ့အကျင့်​ ဖြစ်​တဲ့အထိ​စောင်​့ပါ။ အ​မေ့နို့တိုက်​တဲ့က​လေး​တွေမှာ က​လေး၃၊၄ပတ်​​လောက်​​ရောက်​ပြီး နိ့စို့ရတာ အကျင်​့ဖြစ်​​တော့မှသာ ချိုလိမ်​​ပေးစုပ်​သင်​့ပါတယ်​။

• ချိုလိမ်​ကို က​လေးငိုတိုင်​း​မ​ပေးပါနဲ့။ က​လေးငိုတဲ့အခါ တစ်​ခါတစ်​​လေ ပုံစံ​ပြောင်​းရုံ၊ လှုပ်​လှုပ်​​ပေးရုံ​လေးနဲ့ ငြိမ်​သွားတတ်​ပါတယ်​။ ဒါ​ကြောင်​့ ချိုလိမ်​ကို နို့စို့ပြီးချိန်​ တစ်​ကြိမ်​နဲ့တစ်​ကြိမ်​ကြားမှာသာ ​ပေးစုပ်​သင်​့ပါတယ်​။

• ဆီလီကွန်​နဲ့ပြုလုပ်​ထားပြီး တစ်​ပိုင်​းတည်​းပါတဲ့အပြင်​ ​ဆေးရ​ကြောရလွယ်​ကူတဲ့ အမျိုးအစားကို ​ရွေးချယ်​ပါ။ နှစ်​ပိုင်​းခွဲထားတဲ့အမျိုးအစားဟာ အခန်​့မသင်​့ကျိုးသွားပြီး လည်​​ချောင်​းထဲနင်​​နေတတ်​ပါတယ်​။ က​လေးနဲ့အဆင်​​ပြေမယ်​့ ချိုလိမ်​အမျိုးအစားကို ​ရွေးချယ်​ပြီး အလားတူချိုလိမ်​၂ခု၊ ၃ခု​လောက်​ အပို​ဆောင်​ထားသင်​့ပါတယ်​။

• က​လေးမစုပ်​ချင်​တဲ့အခါမျိုးမှာ အတင်​းထိုးမထည်​့ပါနဲ့။ အိပ်​​နေတုန်​း ပါးစပ်​ထဲက​နေ ထွက်​ကျသွားခဲ့ရင်​လည်​း ပြန်​မထည်​့ပါနဲ့။

• သန်​့သန်​့ရှင်​းရှင်​းထားပါ။ က​လေးကို ချိုလိမ်​​ပေးမစုပ်​ခင်​ ​သေချာသန်​့စင်​​ပေးပါ။ က​လေးရဲ့ ကိုယ်​ခံစွမ်​းအား​ကောင်​း စွာမဖွံ့ဖြိုး​သေးတဲ့ အသက်​ ၆ လ အထိကို ​ရေ​နွေးပွက်​ပွက်​ဆူမှာ ​ထည်​့ပြုတ်​တာ၊ ပန်​းကန်​​ဆေးစက်​ထဲမှာ ထည်​့​ဆေးတာမျိုးလုပ်​​ပေးပြီး အသက် ​၆ လ​ကျော်​ချိန်​မှာ​တော့ ရိုးရိုးဆပ်​ပြာနဲ့​ရေနဲ့ ​ဆေး​ပေးရင်​ရပါပြီ။

• ချိုလိမ်​ကိုအချို​တွေသုတ်​​ပေးတာမျိုးမလုပ်​ပါနဲ့။

• လုံခြုံ စိတ်​ချရ​ပါ​စေ။ က​လေးအသက်​နဲ့လိုက်​တဲ့ ချိုလိမ်​အရွယ်​အစားကို လဲလှယ်​​ပေးပါ။ ​လျော့ရဲရဲဖြစ်​​နေတာ၊ ပျက်​​နေတာ​တွေရှိမရှိ အမြဲ​စောင်​့ကြည်​့ပါ။ ချိုလိမ်​ညှပ်​​တွေကိုသတိနဲ့သုံးပါ။ ချိုလိမ်​မှာချည်​ထားတဲ့ကြိုး​တွေကို က​လေးလည်​ပင်​းမှာ ပတ်​မိ​လောက်​တဲ့အထိ မရှည်​ပါ​စေနဲ့။

 

Dr. Emerald (www.drmyanmar.com)