/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးနှာခေါင်းထဲ-တစ်ခုခု-၀င်တဲ့အခါ-ဘာလုပ်ကြမလဲ

ကလေးနှာခေါင်းထဲ တစ်ခုခု ၀င်တဲ့အခါ ဘာလုပ်ကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

          မိဘတွေဟာ ကလေးတွေနဲ့ ပတ်သက်လာရင် အထိတ်တလန့် လုပ်မိလုပ်ရာ အလုပ်တတ်ဆုံးမို့လို့ ကလေးတွေ နှာခေါင်းထဲ တစ်ခုခု ၀င်သွားတဲ့အခါ အထူးသတိပြုစရာလေးတွေ မျှေ၀ပါရစေ။

မိဘတွေအနေနဲ့ -

●        ကိုယ့်ရှေ့မှာတင် ကလေး နှာခေါင်းထဲကို တစ်ခုခု ၀င်သွားတာကို တွေ့လိုက်တဲ့အခါ (သို့မဟုတ်)

●        ကလေးရဲ့ နှာခေါင်းတစ်ဖက်တည်းမှာ နှာရည်ပျစ်ပျစ်တွေ ပိတ်နေတဲ့အခါ

●        ကလေးက အသက်ရှူနှုန်း မြန်လာပြီး နေရခက်နေဟန်ပြတဲ့အခါ

●        နှာခေါင်းလေးကို မကြာခဏ ထိကိုင်နေတဲ့အခါ ကလေးတွေ နှာခေါင်းထဲ တစ်ခုခု ၀င်သွားသလားဆိုတာ သတိပြုဖို့ လိုပါတယ်။

          ၀င်တဲ့အရာက သဘာ၀ဖြစ်တဲ့ ပြောင်းဖူးစေ့၊ ဗာဒံစေ့၊ မြေပဲစေ့ စတာတွေလား ... ဓာတုပစ္စည်းဖြစ်တဲ့ ဓာတ်ခဲပြား သေးသေးလေးတွေ၊ အရုပ်က ပြုတ်ထွက်လာတာတွေလား သိအောင်ကြည့်ပါ။ ဓာတုပစ္စည်းတွေ သတ္တုပြား အသေးလေးတွေဟာ နှာခေါင်း ပိတ်ဆို့ရုံမကဘဲ နှားခေါင်းတွင်း အရေပြားပါ ပေါက်ထွက် ပွန်းပဲ့နိုင်တာကြောင့် အကြောက်ရဆုံး ဖြစ်ပါတယ်။

Nutroplex 1

>>    မိဘအနေနဲ့ ဘယ်လို တုံ့ပြန်သင့်သလဲ?

●        ပထမဆုံးအနေနဲ့ ပျာယာမခတ်ပါနဲ့။ စိတ်ပူပြီး ကလေးကို လှုပ်ခါတာ အတင်းပွေ့ချီတာ အော်တာ၊ ဟစ်တာတွေ မလုပ်ပါနဲ့။

●        ကလေးက ပိုကြောက်ပြီး မတည်မငြိမ်ဖြစ်ရင် ကောင်းကျိုးမရှိပါဘူး။

●        နှာခေါင်းထဲ ၀င်နေတာကို အတင်းထုတ်ဖို့ မကြိုးစားပါနဲ့။ ထုတ်လေ တွန်းလိုက်သလိုဖြစ်ပြီး ပို၀င်လေပါပဲ။

●        အထဲကို တွန်းချမိတဲ့အခါ လေပြွန်ပိတ်ဆို့ပြီး ရုတ်တရက် အသက်ရှူလမ်းကြောင်း ပြဿနာ တက်တတ်ပါတယ်။

●        လုံး၀ လုံး၀ ထုတ်ဖို့ မကြိုးစားပါနဲ့။

●        ကလေးကို အတင်း နှာချေခိုင်းတာ၊ ချောင်းဆိုးခိုင်းတာတွေ မလုပ်ပါနဲ့။

          ကလေးကို နီးရာဆရာ၀န် သို့မဟုတ်် ဆေးရုံကြီးဆီ အမြန်ဆုံး ခေါ်သွားပါ။ ကျွမ်းကျင်သူ ဆရာ၊ ဆရာမကသာလျှင် ၀င်သွားတဲ့အရာကို အန္တရာယ်ကင်းကင်း ထုတ်ပေးနိုင်မှာမို့ အထူးစီမံထားတဲ့ ဆေးဝါးကိရိယာ စုံလင်တဲ့ ဆေးရုံ၊ ဆေးခန်းလို ဘေးကင်းတဲ့နေရာကို ကလေးကို ခေါ်သွားဖို့ အရေးကြီးပါတယ်။

www.drmyanmar.com

Nutroplex 2

(Unicode)



www.drmyanmar.com