ကလေးများနဲ့ အပူရောဂါလက္ခဏာများ
>> အပူလွန်ကဲခြင်း
ရောဂါလက္ခဏာများ -
● နေမကောင်းတဲ့ပုံဖြစ်နေပြီး ခါတိုင်းထက် ဂျီကျနေခြင်း
● ဖြူဖတ်ဖြူရော် ကတုန်ကယင် ဖြစ်နေခြင်း
● အိပ်ချင်မူးတူး ပျော့တီးပျော့ဖတ် ဖြစ်နေခြင်း
● ခါတိုင်းထက် ဆီးသွားနည်းခြင်း
● ဆီးအရောင်ရင့်နေခြင်း
● နို့မစို့နိုင်ခြင်း (ကလေးဟာ အရမ်းပူနေတဲ့အခါ အသားချင်းထိဖို့ ရွံ့နေတတ်တာကြောင့် အသားမှာ ပဝါခံပြီး တိုက်သင့်ပါတယ်။)
● ရေ အလွန်အမင်း ဆာနေခြင်း (ကလေး တဖြည်းဖြည်းနဲ့ အားနည်းလာတဲ့အခါ ရေသောက် နည်းလာတတ်ပါတယ်။)
● အသားအရေ၊ ပါးစပ်နဲ့ မျက်လုံးတွေ ခြောက်ကပ်လာခြင်း (ငိုတဲ့အခါ မျက်ရည်မထွက်ခြင်း)
● ကလေးငယ်ထိပ်ကလေး ချိုင့်နေခြင်း
>> ဒီလိုဖြစ်လာရင် ဘာတွေလုပ်မလဲ?
● ကလေးဟာ အပူလွန်ကဲဝေဒနာကို ခံစားနေရတယ်လို့ ထင်ခဲ့ရင် အရေးပေါ်ကို ပြေးသင့်ပါတယ်။
● ကလေးကို အေးတဲ့နေရာမှာထားပြီး အဝတ်အပိုတွေ အကုန်ချွတ်ပစ်သင့်ပါတယ်။
● ကလေးကို ရေများများ တိုက်ပါ။
အမေ့နို့စို့ကလေးကို တတ်နိုင်သမျှ နို့တိုက်ပေးပါ။ အသက် 6 လကျော်တဲ့ ကလေးတွေနဲ့ အရည်တွေ စသောက်နေပြီဖြစ်တဲ့ ကလေးတွေမှာ ရေနွေးကို အအေးခံပြီး တိုက်ပေးရပါမယ်။
နို့ဘူးစို့ကလေးတွေကို နို့ဘူးနဲ့ ရေနွေးကို အအေးခံပြီး များများတိုက်ပေးပါ။
ကလေးအကြီးတွေကို ရေနဲ့ အသီး 1 ဆ ရေ 4 ဆနဲ့ ဖျော်ထားတဲ့ အသီးဖျော်ရည်တွေကို များများတိုက်ပေးပါ။
ကလေးကို ရေပတ်ဝတ်နဲ့ တောက်လျှောက် တိုက်ပေးပါ။
>> အပူလျှပ်ခြင်း
ရောဂါလက္ခဏာများ -
အပေါ်မှာ ဖော်ပြခဲ့တဲ့ အပူလွန်ခြင်း ရောဂါလက္ခဏာတွေအပြင်
● ကိုယ်ခန္ဓာအပူချိန် အလွန်တက်လာခြင်း
● အသားတွေပူပြီး နီရဲခြောက်ကပ်လာခြင်း
● အသက်ရှူမြန်လာခြင်း
● အန်ခြင်း
● ကယောင်ခြောက်ခြား ဖြစ်လာခြင်း
● သတိလစ်ခြင်း (လှုပ်နှိုးတဲ့အခါ၊ ခေါ်တဲ့အခါ ပြန်မထူးတော့ခြင်း)
>> ဒီလိုတွေ ဖြစ်လာတဲ့အခါ လုပ်ရမလဲ?
● အရေးပေါ်ကားကို ချက်ချင်းခေါ်သင့်ပါတယ်။
● ကလေးကို အေးတဲ့နေရာကို ရွှေ့ပြောင်းပေးပြီး အဝတ်ပိုတွေ အကုန်ချွတ်ပစ်လိုက်ပါ။
● ကလေး သတိကောင်းပြီး ရေ သောက်နိုင်ခဲ့ရင် ရေအေးအေးလေးကို နည်းနည်းစီ တိုက်ပေးပါ။
● ရေပတ် တိုက်ပေးခြင်း၊ ရေအေးအေး ချိုးချခြင်း၊ ရေစိုဝတ် ဝတ်ပေးထားခြင်း စတဲ့ နည်းတွေနဲ့ အပူချနိုင်ပါတယ်။
သတိလစ်နေတဲ့ ကလေးတွေကို ဘေးစောင်းပေးထားပြီး အသက်ရှူနှုန်း မှန်၊ မမှန် စောင့်ကြည့်ပါ။ အသက်တစ်နှစ်အောက် ကလေးတွေကို လက်ထဲပွေ့ထားပြီး အန်ဖတ် မစို့အောင်၊ လျှာ မပိတ်မိအောင် ခေါင်းကို ငိုက်ငိုက်ကလေး စောင်းပေးထားသင့်ပါတယ်။ ဖြစ်နိုင်ရင် နှလုံးခုန် အသက်ကယ်နည်း လုပ်ထားရပါမယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)














