/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများနှင့်-အူကျရောဂါ

ကလေးများနှင့် အူကျရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

ဝမ်းဗိုက်အတွင်းရှိ အူအပိုင်းအစဟာ ဝမ်းဗိုက်နံရံကနေတစ်ဆင့် ပြူထွက်လာခြင်းကို အူကျခြင်းဟု သတ်မှတ်ခေါ်ဆိုပါတယ်။ လူကြီးတွေမှာတော့ ဝမ်းဗိုက်ကြွက်သားများ လျော့ရဲလာခြင်းကြောင့် ဖြစ်သော်လည်း ကလေးများတွင် အူကျခြင်းဟာ မွေးရာပါဖြစ်လေ့ရှိပြီး မွေးဖွားပြီးမှ ဖြစ်တာ ရှားပါတယ်။
အူကျခြင်းဟာ ကလေးများရဲ့ ၂ ရာနှုန်းတွင် ဖြစ်ပေါ်လေ့ရှိပြီး ယောက်ျားလေးများတွင် ပိုမိုအဖြစ်များပါတယ်။ ဘယ်ဘက်ထက်စာရင် ညာဘက်ပေါင်ခြံတွင် အဖြစ်များပါတယ်။
ပေါင်ခြံသို့ ထွက်ကျလာသော အူအခွေကို လက်ဖြင့်ပြန်သွင်းပါက ဗိုက်အတွင်းသို့ ပြန်ဝင်သော်လည်း တစ်ခါတစ်ရံမှာတော့ ထွက်ကျလာသော အူအခွေဟာ ဝမ်းဗိုက်အတွင်းသို့ ပြန်မဝင်နိုင်ဘဲ အပေါက်ဝတွင် တစ်နေတတ်ပြီး သွေးလှည့်ပတ်မှု ပြတ်တောက်စေနိုင်ပါတယ်။ ထိုအခါ အရေးပေါ်ခွဲစိတ်မှုခံယူဖို့ လိုပါတယ်။

Biogesic for kids IA 1

>>  ဖြစ်စေသောအကြောင်းရင်းများ
●  လမစေ့ဘဲမွေးခြင်း
●  ဝှေးစေ့အောက်မကျခြင်း
●  မိသားစုတွင် အူကျသောရာဇဝင်ရှိခြင်း
●  ဆီးလမ်းကြောင်းချို့ယွင်းချက်များရှိခြင်း
●  အဆုတ်တွင် ချွဲများဖြင့်ပိတ်ဆို့သောရောဂါ
●  တင်ပါးဆုံရိုး ကောင်းစွာမဖွံ့ဖြိုးသောရောဂါ

Biogesic for kids IA 2

>>  ရောဂါလက္ခဏာများ
●  ပေါင်ခြံ (သို့) ကပ်ပယ်အိတ်တွင် ဖောင်းလာခြင်း (အထူးသဖြင့် ကလေး ငိုသောအခါတွင် ပိုသိသာပြီး အငိုတိတ်သောအခါတွင် ပြန်ဝင်သွားခြင်း)
●  အူကျခြင်းဟာ အတွင်းသို့ ပြန်မဝင်နိုင်ပါက အူကို ညှစ်ထားသကဲ့သို့ဖြစ်စေပြီး ချက်ချင်း ခွဲစိတ်မှုခံယူဖို့ လိုပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)