/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးမှာ-သန်တွေများနေပြီလား

ကလေးမှာ သန်တွေများနေပြီလား?

Category
ကလေးများနှင့်ကျန်းမာရေး

ဒီနိုင်​ငံက က​လေး​တွေမှာ အ​ပေါဆုံးကို ​ပြောပါဆိုရင်​ သံ​ကောင်တုတ်​​ကောင်​​တွေလို့ပဲ ​ပြောရမယ်​ထင်​တယ်​။ က​လေး​တွေရဲ့ဗိုက်​ထဲ သန်​​ကောင်​တုတ်​​ကောင်​ရှိ​နေနိုင်​တယ်​ဆိုတာန့ဲတင်​ ​မေ​မေ​ဖေ​ဖေ​တွေလန်​့​နေ​လောက်​ပြီမလား။ အပူပိုင်​း​ဒေသမှာ​နေ​နေရ​တော့လည်​း က​လေး​တွေနဲ့ သန်​​ကောင်​တုတ်​​ကောင်​ဟာ မရှိဘဲ​မ​နေတတ်​ပါဘူး။ ​ရောဂါလက္ခဏာ​တွေက က​လေးတစ်​​ယောက်​နဲ့ တစ်​​ယောက်​မတူတတ်​ဘူး။

 

>> က​လေး​တွေဗိုက်​ထဲဒီအ​ကောင်​​တွေဘယ်​လိုဝင်​လာသလဲဆိုတာ အရင်​​ပြောပြမယ်​​နော်​။

 

ဝမ်​းမှာပါတဲ့သန်​​ကောင်​​တွေ မ​တော်​တဆပါးစပ်​ထဲဝင်​သွားရင်​ ကူးစက်​နိုင်​တယ်​။

ဇာတ်​လမ်​းစတာက သန်​​ကောင်​အမ ညဘက်​မှာ စအိုဝလာပြီး ဥဥတာကစပါတယ်​။ ဒီလိုဥဥ​တော့ က​လေးကအရမ်​းယားတယ်​။ ယား​တော့ကုတ်​မိတာ​ပေါ့။ ဒီက​နေလက်​သည်​း​တွေထဲသန်​​ကောင်​ဥ​တွေ ​ရောက်​သွားပါ​လေ​ရော။

ဒီလက်​နဲ့ အဝတ်​အစား​တွေ၊ အိပ်​ရာခင်​း​တွေ၊ အိမ်​သာအဖုံး​တွေ၊ အရုပ်​​တွေနဲ့ ​နောက်​ဆုံးစားစရာ​တွေ ကိုင်​တွယ်​မိတာနဲ့ ကူးစက်​ပါ​တော့တယ်​။

ဒီသန်​​ကောင်​ဥက အင်​မတန်​အသက်​ရှည်​တယ်​။ အပြင်​မှာ ၃ပတ်​​လောက်​အထိ​တောင်​မှ ​နေနိုင်​တယ်​ဆိုပဲ။ ဒါ​ကြောင်​့လည်​း အိမ်​သား​တွေကို ကူးစက်​လွယ်​​တော့တာ​ပေါ့။

ပါးစပ်​ထဲဝင်​သွားရင်​ အူထဲမှာ အ​ကောင်​​ပေါက်​ပြီး သန်​​ကောင်​အမဖြစ်​သွားတယ်​။ ဒီအမကထပ်​ပြီး စအိုဝမှာ ဥဥရာက​နေ သံသရာမဆုံးတမ်​းလည်​ပါ​တော့တယ်​။ ​နောက်​ဆုံး ထပ်​ခါထပ်​ခါ ကိုယ်​ကိုယ်​တိုင်​​ရော၊ သူများ​တွေကိုပါ ​ရောဂါကူးစက်​​တော့တာ​ပေါ့။

အခြားတွယ်​သန်​​ကောင်​၊ တုတ်​​ကောင်​နဲ့ ကြာပွတ်​သန်​​ကောင်​​တွေဟာလည်​း တိရစၦာန်​​တွေ ​လူ​တွေရဲ့ မစင်​​တွေကို ​မြေကြီးက​နေတစ်​ဆင်​့ ထိ​တွေ့မိပြီး ကူးတတ်​တယ်​။ များ​သောအားဖြင်​့ မသန်​့ရှငး်​တဲ့​နေရာ​တွေမှာ ဖြစ်​တာများပါတယ်​။

မကျက်​တဲ့အမဲသား၊ ဝက်​သားစားမိရင်​လည်​း သံပြား​ကောင်​ကူးတတ်​​သေးတယ်​။

Nutroplex 1

>> ဒါဆိုရင်​ ဘယ်​လို​ရောဂါလက္ခဏာ​တွေ ပြနိုင်​လဲကြည်​့ကြရ​အောင်​။

 

ဘာလက္ခဏာမှမပြဘဲ လာနိုင်​သလို ညဘက်​မှာစအိုဝယားပြီးလည်​းလာနိုင်​​တယ်​။

 

ဒါတင်​မက​သေးဘူး။

 

• က​လေးရဲ့အပြုအမူ​တွေ​ပြောင်​းလဲလာတာမျိုး

• ညဘက်​​ကောင်​း​ကောင်​းမအိပ်​တာ၊ အိပ်​ရာထဲရှူး​ပေါက်​ချတာမျိုး

• ရုတ်​တရက်​ကြီးဗြုန်​းခနဲဆိုအစားအ​သောက်​ပျက်​တာမျိုး

• ဗိုက်​နာပြီးဝမ်​းအ​ရောင်​၊ပုံစံ​ပြောင်​းလဲတာမျိုး

• မိန်​းက​လေး​တွေမှာ မိန်​းမကိုယ်​နားတစ်​ဝိုက်​ နီရဲယားယံလာတာမျိုး

• ပိုဆိုးလာရင်​ ဗီတာမင်​နဲ့သတ္တုဓာတ်​​လျော့နည်​းတဲ့ လက္ခဏာ​တွေ​တွေ့လာရတာမျိုး

• တစ်​ခြားအ​ကောင်​​တွေပါရှိ​နေရင်​ ဝမ်​းထဲ​သွေးပါတာ၊ ​သွေးအားနည်​းတာ၊ တစ်​ရွှီရွှီအသံ​တွေထွက်​ပြီး ​ချောင်​း​ခြောက်​​တွေဆိုးတာမျိုး

ဒီလိုလက္ခဏာ​တွေပါရှိမရှိ ကြည့်​ရမယ်​​နော်​။

 

ညဘက်​​တွေမှာ တစ်​ခါတစ်​ခါ က​လေးအိပ်​​ပျော်​သွားပြီး ၂နာရီ၃နာရီ​လောက်​ကြာရင်​ က​လေးစအိုဝ​လေးကို ဓာတ်​မီး​လေးနဲ့ထိုးကြည်​့​ပေးလို့ရတယ်​။ ၁၅မီလီလီတာ​လောက်​ရှည်​တဲ့ ဖြူဖြူ​သေ​း​သေးအ​ကောင်​​လေးကို ​တွေ့​ကောင်​း​တွေ့ရပါလိမ်​့မယ်​​နော်​။

သန်​​ကောင်​ဥကို​တော့ မျက်​စိနဲ့မမြင်​ရဘူး။

ဆရာဝန်​နဲ့တိုင်​ပင်​ပြီး​တော့ တိပ်​ကြည်​ကြည်​​လေး ကပ်​​ပေးလို့​တော့ရတယ်​။ က​လေးမှာသန်​​ကောင်​ဝင်​တဲ့ လက္ခဏာ​တွေ သတိထားမိရင်​ တိပ်​​ပေါ်မှာ သန်​ဥ​တွေ​တွေ့ရလိမ်​့မယ်​​နော်​။

Nutroplex 2

>> ဒီသန်​​ကောင်​တုတ်​​ကောင်​​တွေကို ဘယ်​လိုကုကြမလဲ။ ပိုပြီးအ​ရေးကြီးတာက ဘယ်​လိုကာကွယ်​ကြမလဲ။

 

ဆရာဝန်​နဲ့ သွားပြရင်​ တုတ်​ကျ​ဆေး၊ သန်​ချ​ဆေး​တွေအပြင်​ အ​ရောင်​ကျ​ဆေး​တွေပါ ​ပေးလိမ်​့မယ်​။ အိမ်​သား​တွေ​ရော၊ က​လေးနဲ့လက်​ပွန်​းတတီး​နေတဲ့လူ​တွေပါ ​ဆေး​သောက်​ဖို့​တော့လိုမယ်​​နော်​။

သန်​ချ​ဆေးတန်​ခိုးနဲ့ သန်​အ​သေ​ကောင်​​တွေအကုန်​ ဝမ်​းနဲ့ပါသွားလိမ်​့မယ်​။

ဒါနဲ့မပြီး​သေးဘူး။ နှစ်​ပတ်​​လောက်​​နေရင်​ ကျန်​ခဲ့တဲ့သန်​​ကောင်​​တွေကို အပြတ်​ရှင်​းဖို့ ​နောက်​တစ်​​ခေါက်​​ဆေး​သောက်​ရမယ်​။ ဒါမှ ​ရောဂါအရှင်​း​ပျောက်​သွားမှာပါ။ အ​ခြေအ​နေ​ပေါ်မူတည်​ပြီး ဆရာဝန်​က တိပ်​ကပ်​စ​စ်​​ဆေးကြည်​့ခိုင်​းချင်​ခိုင်​းပါလိမ်​့ဦးမယ်​။

လက်​​ဆေးတာကိုလည်​း ​ပေါ့​သေး​သေး​တော့မမှတ်​လိုက်​နဲ့။ အထူးသဖြင်​့ အိမ်​သာတက်​အပြီးနဲ့ အစာမစားခင်​ လက်​ကို​သေချာ​ဆေးဖို့ကလည်​း အရမ်​းကို အ​ရေးကြီးတယ်​​နော်​။ ​

က​လေးကိုလက်​သည်​းကိုက်​တဲ့အကျင်​့မဖြစ်​ပါ​စေနဲ့။ ဟင်​းသီးဟင်​းရွက်​​တွေ၊ အစားအ​သောက်​​တွေကို မစားခင်​​သေချာ​ဆေး​ကြောဖို့လည်​း မ​မေ့နဲ့ဦး။ အိပ်​ရာခင်​း​တွေ၊ အတွင်​းခံ​တွေကို ​ရေ​နွေးနဲ့ကို ​လျော်​ပေးရမယ်​။ အထူးသဖြင်​့ သန်​ချပြီး ရက်​ပိုင်​းအတွင်​းမှာ ​လျော်​​ပေးနိုင်​ရင်​ ပို​ကောင်​းတယ်​။ လူ​တွေတင်​မကဘူး​နော်​။ အိမ်​ကအိမ်​​မွေးတိရစၦာန်​​တွေကိုပါ သန်​ချ​ပေးဖို့ လိုလိမ်​့မယ်​။

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)


 


 








 


 


 


 








ဒီလိုလက်ခဏာတှပေါရှိမရှိ ကွည့ျရမယျနောျ။

 




 


 






Dr. Mya Phoo Ngon (www.drmyanmar.com)