ကလေးရဲ့အာရုံစူးစိုက်မှုကောင်းစေဖို့
သားသားမီးမီးလေးတွေ အာရုံမစူးစိုက်နိုင်တဲ့ပြဿနာကို အဖြေရှာဖို့ ဖေဖေမေမေတို့ ကြိုးပမ်းနေကြတာ မကြာမကြာ တွေ့နေရပါတယ်။ အခုဆိုရင် ကလေးတွေဟာ အိမ်ကနေပဲ စာသင်ကြားနေရတဲ့အခါ မေမေဖေဖေတို့မှာ ကိုယ့်အလုပ်လည်းလုပ်ရ၊ ကလေးတွေကိုလည်း မနည်းစောင့်ကြည့်နေရနဲ့ မနိုင်မနင်းတွေ ဖြစ်နေတော့တာပေါ့။
ဒါပေမဲ့ ကောင်းကွက်လေးကတော့ ရှိပါတယ်။ ကလေးတွေ စာ ဘယ်လိုသင်နေရတယ်ဆိုတာ သိသွားတယ်ဆိုပြီး ပြောလာတဲ့ မိဘတွေလည်း မနည်းပါဘူးနော်။ အရင်တုန်းက ဘာတွေသင်နေတယ်ဆိုတာ သိပေမယ့် အခုဆိုရင် ဘယ်လိုသင်နေတယ်ဆိုတာကိုပါ သိရတာကြောင့် ကောင်းကွက်အကြီးကြီးလို့ ဆိုနိုင်ပါတယ်။ ဒါပေါ်မူတည်ပြီးတော့ ကလေးတွေကို ကျောင်းစာနဲ့ပတ်သက်ပြီး အများကြီး ကူညီနိုင်ပြီပေါ့။
တချို့မေမေတွေအတွက် အကြီးမားဆုံးသောစိန်ခေါ်မှုက ကလေးတွေကို Online Learning အပေါ် အာရုံစူးစိုက်အောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကလေးတွေ အာရုံစူးစိူက်လာအောင် ကြိုးစားနိုင်တဲ့နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။
EC Kidz IA 1
>> ကလေးတွေ အာရုံစူးစိုက်မှုကောင်းစေဖို့ လုပ်နိုင်တဲ့အချက်တွေကတော့ -
၁။ ကလေးအသက်အရွယ်အလိုက် အာရုံစူးစိုက်နိုင်တဲ့အချိန်ပမာဏကို သိဖို့လိုပါတယ်။
၂။ တစ်ချိန်မှာ အာရုံတစ်ခုသာ ထားပါစေ။
၃။ စဉ်းစားတွေးခေါ်ရတဲ့အရာတွေကို ဖန်တီးပေးပါ။
၄။ ကလေး အသက်နဲ့လိုက်ပြီး အိပ်သင့်တဲ့ အချိန်ပမာဏအလိုက် အိပ်ရေးဝပါစေ။
၅။ ကြားမှာနားချိန်လေးတွေ များများထားပေးပါ။
၆။ ကလေးတွေကို သူတို့လုပ်နိုင်မယ့် ပန်းတိုင်သေးသေးလေးတွေ ချမှတ်ပေးပါ။
၇။ ကောင်းကောင်း စားသောက်ပါစေ။
၈။ ကလေးတွေ ဘယ်လိုလေ့လာသင်ယူတတ်တယ်ဆိုတာ နားလည်အောင်လုပ်ပါ။
၉။ လုပ်ရမယ့်အရာတွေကို အပိုင်းလေးတွေပိုင်းပြီး လုပ်စေပါ။
၁၀။ လေ့ကျင့်ခန်း များများလုပ်ခိုင်းပါ။
>> သတိထားဖို့က -
ကျောင်းမှာ သင်ရတဲ့ စာသင်ချိန်အတိုင်း၊ စာပမာဏအတိုင်းဖြစ်ဖို့ မမျှော်လင့်ပါနဲ့။ မေမေဖေဖေတို့ ကိုယ်တိုင်ရော၊ ကလေးမှာပါ စိတ်ဖိစီးမှု မဖြစ်ပါစေနဲ့။ ကလေးကို စိတ်အာရုံစူးစိုက်အောင် လုပ်တာလည်း လုပ်ပါ။ ကျောင်းစာပြင်ပကအချိန်တွေကလည်း တကယ်တန်ဖိုးရှိတယ်ဆိုတာ မမေ့ပါနဲ့။
Dr. Mya Phoo Ngon (www.drmyanmar.com)
EC Kidz IA 2
(Zawgyi)
သားသားမီးမီးေလးေတြ အာ႐ုံမစူးစိုက္ႏိုင္တဲ့ျပႆနာကို အေျဖရွာဖို႔ ေဖေဖေမေမတို႔ ႀကိဳးပမ္းေနၾကတာ မၾကာမၾကာ ေတြ႕ေနရပါတယ္။ အခုဆိုရင္ ကေလးေတြဟာ အိမ္ကေနပဲ စာသင္ၾကားေနရတဲ့အခါ ေမေမေဖေဖတို႔မွာ ကိုယ့္အလုပ္လည္းလုပ္ရ၊ ကေလးေတြကိုလည္း မနည္းေစာင့္ၾကည့္ေနရနဲ႔ မႏိုင္မနင္းေတြ ျဖစ္ေနေတာ့တာေပါ့။
ဒါေပမဲ့ ေကာင္းကြက္ေလးကေတာ့ ရွိပါတယ္။ ကေလးေတြ စာ ဘယ္လိုသင္ေနရတယ္ဆိုတာ သိသြားတယ္ဆိုၿပီး ေျပာလာတဲ့ မိဘေတြလည္း မနည္းပါဘူးေနာ္။ အရင္တုန္းက ဘာေတြသင္ေနတယ္ဆိုတာ သိေပမယ့္ အခုဆိုရင္ ဘယ္လိုသင္ေနတယ္ဆိုတာကိုပါ သိရတာေၾကာင့္ ေကာင္းကြက္အႀကီးႀကီးလို႔ ဆိုႏိုင္ပါတယ္။ ဒါေပၚမူတည္ၿပီးေတာ့ ကေလးေတြကို ေက်ာင္းစာနဲ႔ပတ္သက္ၿပီး အမ်ားႀကီး ကူညီႏိုင္ၿပီေပါ့။
တခ်ိဳ႕ေမေမေတြအတြက္ အႀကီးမားဆုံးေသာစိန္ေခၚမႈက ကေလးေတြကို Online Learning အေပၚ အာ႐ုံစူးစိုက္ေအာင္ ျပဳလုပ္တာပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီတစ္ခါမွာေတာ့ ကေလးေတြ အာ႐ုံစူးစိူက္လာေအာင္ ႀကိဳးစားႏိုင္တဲ့နည္းလမ္းေတြကို ေျပာျပေပးလိုက္ပါတယ္။
>> ကေလးေတြ အာ႐ုံစူးစိုက္မႈေကာင္းေစဖို႔ လုပ္ႏိုင္တဲ့အခ်က္ေတြကေတာ့ -
၁။ ကေလးအသက္အရြယ္အလိုက္ အာ႐ုံစူးစိုက္ႏိုင္တဲ့အခ်ိန္ပမာဏကို သိဖို႔လိုပါတယ္။
၂။ တစ္ခ်ိန္မွာ အာ႐ုံတစ္ခုသာ ထားပါေစ။
၃။ စဥ္းစားေတြးေခၚရတဲ့အရာေတြကို ဖန္တီးေပးပါ။
၄။ ကေလး အသက္နဲ႔လိုက္ၿပီး အိပ္သင့္တဲ့ အခ်ိန္ပမာဏအလိုက္ အိပ္ေရးဝပါေစ။
၅။ ၾကားမွာနားခ်ိန္ေလးေတြ မ်ားမ်ားထားေပးပါ။
၆။ ကေလးေတြကို သူတို႔လုပ္ႏိုင္မယ့္ ပန္းတိုင္ေသးေသးေလးေတြ ခ်မွတ္ေပးပါ။
၇။ ေကာင္းေကာင္း စားေသာက္ပါေစ။
၈။ ကေလးေတြ ဘယ္လိုေလ့လာသင္ယူတတ္တယ္ဆိုတာ နားလည္ေအာင္လုပ္ပါ။
၉။ လုပ္ရမယ့္အရာေတြကို အပိုင္းေလးေတြပိုင္းၿပီး လုပ္ေစပါ။
၁၀။ ေလ့က်င့္ခန္း မ်ားမ်ားလုပ္ခိုင္းပါ။
>> သတိထားဖို႔က -
ေက်ာင္းမွာ သင္ရတဲ့ စာသင္ခ်ိန္အတိုင္း၊ စာပမာဏအတိုင္းျဖစ္ဖို႔ မေမွ်ာ္လင့္ပါနဲ႔။ ေမေမေဖေဖတို႔ ကိုယ္တိုင္ေရာ၊ ကေလးမွာပါ စိတ္ဖိစီးမႈ မျဖစ္ပါေစနဲ႔။ ကေလးကို စိတ္အာ႐ုံစူးစိုက္ေအာင္ လုပ္တာလည္း လုပ္ပါ။ ေက်ာင္းစာျပင္ပကအခ်ိန္ေတြကလည္း တကယ္တန္ဖိုးရွိတယ္ဆိုတာ မေမ့ပါနဲ႔။
Dr. Mya Phoo Ngon (www.drmyanmar.com)
















