ကလေးရဲ့ နှပ်/သလိပ် အရောင်ကိုကြည့်ပြီး ကျန်းမာရေးအခြေအနေကို ဘယ်လိုခန့်မှန်းမလဲ
တုပ်ကွေးပေါတဲ့ မိုးရာသီကို ရောက်ရှိလာပါပြီ။ အခုလိုရာသီမှာ လူကြီးတွေသာမက ကလေးတွေဟာလည်း တုပ်ကွေးပိုးမွှားတွေ ခိုအောင်းရာ ဘဏ်တိုက်ကြီးတစ်ခုပါပဲ။
ကလေးတွေ နေမကောင်းချိန်မှာ ကလေးတွေရဲ့ နှပ်/သလိပ် ကနေတစ်ဆင့် ကျန်းမာရေးအခြေအနေကို ဘယ်လိုခန့်မှန်းနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။
နှာရည် တရွဲရွဲ ဖြစ်နေတာဟာ ကလေးကော မိခင်အတွက်ပါ စိတ်အနှောက်အယှက် ဖြစ်စရာကောင်းပေမယ့် နှပ်ရည်တွေက နှာခေါင်းတွင်းက ဖုန်နဲ့ အညစ်အကြေးတွေကို ဆေးကြောပေးပြီး ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
● အရောင်မပါတဲ့ နှပ်နဲ့ ခွဲျသလိပ်တွေကတော့ သာမန်မို့ စိုးရိမ်ဖို့ မလိုပါဘူး။ သင့်ကလေးဟာ လိုတာထက်ပိုပြီး နှာရည်ယိုနေပါက ဓာတ်မတည့်ခြင်း သို့မဟုတ် အအေးမိခြင်း ဖြစ်နိုင်ပါတယ်။
● အရည်ကျဲကျဲနှပ်များက ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော နှပ်များ ဖြစ်နိုင်ပါတယ်။
● အဖြူရောင် နှပ်/သလိပ် များကျနေပြီး ဖျားခြင်း၊ နှာခေါင်းနားတစ်၀ိုက်နာခြင်း၊ ခေါင်းကိုက်ခြင်းတို့ ရှိပါက ပိုး၀င်သောလက္ခဏာ ဖြစ်ပါတယ်။
● အဝါရောင် နှပ်/သလိပ် များရှိပါက ဘက်တီးရီးယားပိုးများကို ကိုယ်ခန္ဓာရှိ သွေးဖြူဥများက တိုက်ထုတ်ထားတာကို ပြသနေတာဖြစ်ပြီး မကြာမီမှာ ဖျားနာခြင်း ရှိလာနိုင်တာမို့ ဆရာ၀န်ပြဖို့ လိုပါတယ်။
● အစိမ်းရောင် နှပ်/သလိပ် များကို တွေ့ရှိရပါက သင့်ကလေးရဲ့ ကိုယ်ခန္ဓာကနေ ပိုးမွှားများကို အကြာကြီး တိုက်ထုတ်နေခြင်းကို ပြသနေတာမို့ မဖြစ်မနေ ဆေးကုသမှုခံယူဖို့ လိုပါတယ်။
Solmux Kids 1

● ပန်းရောင် သို့မဟုတ် အနီရောင် နှပ်/သလိပ် များကတော့ နှာခေါင်းတွင်း သွေးထွက်ခြင်းကြောင့်ဖြစ်ပြီး တောင်ပေါ်ဒေသ နှင့် ပူပြင်းခြောက်သွေ့သော ရာသီဥတုတွင် နေထိုင်သူများမှာ တွေ့ရပါတယ်။
● အညိုရောင် နှပ်/သလိပ် များကတော့ ပတ်၀န်းကျင်က လေထုညစ်ညမ်းမှုများကို နှာခေါင်းက သန့်စင်ပေးခြင်းကြောင့် ထွက်လာသော အညစ်အကြေးများဖြစ်တာမို့ ကောင်းတဲ့လက္ခဏာတစ်ရပ်ပါပဲ။ ဒါပေမဲ့ မကြာခဏ နှပ်အညိုရောင်များ ဖြစ်ပေါ်ပါက ကလေးအနီး ဆေးလိပ်သောက်ခြင်းနှင့် လေထုညစ်ညမ်းသောနေရာများကို ကလေးကို ခေါ်ဆောင်သွားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
● အနက်ရောင် နှပ်/သလိပ် များကို တွေ့ရပါက ကလေးမှာ အပြင်းစားမှိုပိုး၀င်ခြင်း သို့မဟုတ် ကြီးမားတဲ့ ကျန်းမာရေးအန္တရာယ်တစ်ခု ရှိနေနိုင်တဲ့အတွက် ဆရာ၀န်နှင့်ပြသဖို့ လိုအပ်နေပါပြီ။
အားလုံးကို ခြုံပြောရရင်တော့ ကလေးငယ်ဟာ ရက်အနည်းငယ်သာ နေမကောင်းဖြစ်ပါက အရောင်မပါတဲ့ နှပ်/သလိပ်တွေ၊ အဝါရောင် နဲ့ အဖြူရောင် နှပ်/သလိပ် တွေက အန္တရာယ် မရှိပေမယ့် နှစ်ပတ်ခန့်ကြာအောင် နေမကောင်းခြင်း၊ အစိမ်းရောင် သို့မဟုတ် အနီရောင် နှပ်/သလိပ် များ ကျခြင်းတို့ ရှိပါက ကလေးဆရာ၀န်နဲ့ မဖြစ်မနေ ပြသဖို့ အကြံပေးလိုပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Solmux Kids 2

(Unicode)
















