ကလေးလေးတွေကို အိမ်မှာ လေ့ကျင့်ပေးကြမယ်
မိဘတစ်ယောက်အနေနဲ့ ကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ လေ့လာနိုင်မှုစွမ်းအားတွေကို စိုးရိမ်မိကြတာ ထုံးစံပါပဲ။ ဖန်တီးနိုင်မှုစွမ်းအားဟာ ကလေးလေးတစ်ယောက်ရဲ့ လေ့လာနိုင်မှု၊ ကြီးထွားဖွံ့ဖြိုးနိုင်မှုတွေရဲ့ အဓိကအရေးပါတဲ့နေရာမှာ ပါဝင်နေတယ်။ ဒါကြောင့် ကလေးတွေကို သူတို့ရဲ့အတွေးတွေ၊ ခံစားချက်တွေ၊ အတွေးအခေါ်တွေကို လွတ်လွတ်လပ်လပ် ဖန်တီး ပြောဆိုခွင့် ပေးသင့်တယ်နော်။ အခုခေတ် မေမေ၊ ဖေဖေတို့ဟာ ကလေးနဲ့ အတူနေချိန် နည်းပါးတတ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရတဲ့အချိန်မှာ ဖြစ်တဲ့နည်းနဲ့ တီထွင်ကြံဆ ဆော့ကစားတတ်ရမှာပေါ့။
၁။ တီထွင်ကြံဆနိုင်စွမ်းကို အားပေးပါ။
ကလေးမှာ တီထွင်ကြံဆ တည်ဆောက်တတ်တဲ့စွမ်းရည် ရှိ၊ မရှိကို သိရဖို့ အကြိုက်ဆုံး ကစားကွင်းတစ်ခုခုကို ခေါ်သွားလိုက်ပါ။ ပြီးတော့ ကလေး ဘာနဲ့ အများဆုံးဆော့သလဲ၊ ဘာကြိုက်တတ်သလဲဆိုတာ၊ လျှောကို အသစ်ထွင်စီးသလား၊ ကစားကွင်းသွားရတာ ဘာကပျော်ဖို့ကောင်းသလဲ စသဖြင့် စောင့်ကြည့်ပါ။ ဒါအပေါ်မူတည်ပြီးတော့ အိမ်မှာ ကစားကွင်း အသေးလေးပဲဖြစ်ဖြစ်၊ ဒန်းသေးသေးလေးပဲဖြစ်ဖြစ် ဆောက်ကြည့်ကြပါ။ အရင်ဆုံး ကလေးစိတ်ကူးကို စာရွက်ပေါ်မှာ အရင်ဆွဲကြည့်ပေါ့။ ပြီးရင် ကတ်ထူ၊ ပိုက်၊ စက္ကူ၊ တစ်ရှူး စသဖြင့် ရှိတာနဲ့ ဆောက်ကြည့်ပါ။
၂။ ပုံသဏ္ဌာန်တွေ၊ အရောင်တွေကို လေ့လာပါစေ။
ငယ်စဉ်ဘဝဟာ ကလေးတွေရဲ့ ဦးနှောက်လေးတွေဟာ ပိုပိုပြီးရှုပ်ထွေးတဲ့ လုပ်ဆောင်မှုတွေကို လုပ်လာနိုင်ဖို့ အချိတ်အဆက်တွေ လုပ်နေတဲ့အချိန်ပါပဲ။ ဒါကြောင့် ဒီဆက်နွယ်မှုကိုသာ များများလှုံ့ဆော်နိုင်လေလေ ပိုပိုပြီး ဖွံ့ဖြိုးလာလေလေပါပဲ။
ကလေးတွေရဲ့အတွေးတွေ၊ အမူအရာတွေတိုင်းဟာ ဒီဆက်နွယ်မှုတွေ ပါဝင်လုပ်ဆောင်နေပြီး အထပ်ထပ် အခါခါ လုပ်ဆောင်မှုကနေ ပိုပိုပြီး ကျွမ်းကျင်လာတတ်တယ်။ ဒီလို ကျွမ်းကျင်လာလေလေ ဦးနှောက်ဆက်နွယ်မှုတွေ ပိုပြီးသန်မာလာလေလေဖြစ်ပြီး အသစ်အသစ်တွေ ထပ်ပီးလေ့လာနိုင်တယ်။ လက်နဲ့လက်ချောင်းလေးတွေ သန်မာလာစေဖို့ ပဟေဠိဆက်စေတာ အကောင်းဆုံးပါ။ အနုစိတ်လှုပ်ရှားမှုတွေကို သန်မာစေနိုင်သလို ကလေးရဲ့မျက်လုံးနဲ့လက် ဆက်စပ်လုပ်ဆောင်မှုကိုလည်း အားပေးပါသေးတယ်။
Nutroplex 1
၃။ မိသားစု စာဖတ်ချိန်ထားပါ။
နေ့တိုင်းနေ့တိုင်း စာအုပ်ဖတ်ချိန်ပေးဖို့ အရေးကြီးတယ်နော်။ ကလေးအသက်နဲ့ လိုက်ဖက်တဲ့ စာအုပ်ကို ဖတ်ပြပြီး စာအုပ်ထဲမှာပါတဲ့ ဇာတ်ကောင်တွေ၊ ဇာတ်ညွှန်းတွေ၊ ပြင်ဆင်မှုတွေကို ဆွေးနွေးပေးပါ။ ဒီလိုဆွေးနွေးပေးခြင်းဖြင့် ကလေးတွေရဲ့ဦးနှောက်ကို အလုပ်ပေးပြီး သူတု့ိလေးတွေရဲ့ စိတ်ကူးယဉ်နိုင်စွမ်း၊ လောကကြီးကို နားလည်နိုင်စွမ်းတွေ တိုးတက်လာမှာပါ။ နောက် ကလေးတွေရဲ့ ဘာသာစကားနဲ့ နားထောင်နိုင်စွမ်းရည်ကိုလည်း မြင့်တက်လာစေပါသေးတယ်။
၄။ အာဟာရပြည့်အောင် ကျွေးမွေးပါ။
ကလေးတွေကို ဖန်တီးနိုင်စွမ်းတွေ မြင့်တက်အောင် လေ့ကျင့်တာတော့ဟုတ်ပါပြီ။ ကလေးတွေရဲ့ အာဟာရစွမ်းအင်ကိုလည်း မြှင့်တင်ပေးဖို့ လိုသေးတယ်နော်။ အစားအသောက်တွေကို မငြီးငွေ့အောင် အမျိုးမျိုး ပြောင်းလဲကျွေးပါ။ အာဟာရဓာတ်လည်းစုံစုံလင်လင်ရအောင် အရသာမျိုးစုံကိုလည်း စားဖူးအောင် ကျွေးသင့်တယ်။ ဘာကိုမဆိုတော့ သင့်တင့်မျှတတဲ့ ပမာဏလောက်ပဲ ကျွေးတာကောင်းတယ်။
ထမင်းစားချိန်မှာ မေမေ၊ ဖေဖေတို့က စံပြပါပဲနော်။ ဒါကြောင့် အသီးအရွက်တွေ၊ မပြုပြင်ထားတဲ့ နှံပြောင်းစပါးတွေနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်တွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုလည်း စားပေးသင့်တယ်။
ကျန်းမာရေးနဲ့ညီညွတ်ပြီး သကြား၊ ဆား ပါဝင်နှုန်း နည်းတာတွေကိုသာ ကျွေးပါ။ အချိုတွေ၊ ပြုပြင်ထားတဲ့ အစားအသောက်တွေ၊ ပြုပြင်ထားတဲ့သကြားတွေကို ရှောင်ပေးဖို့ လိုတယ်။
အချုပ်အနေနဲ့ ပြောရရင်တော့ တစ်ယောက်နဲ့တစ်ယောက် ကလေးထိန်းပုံ၊ ပြုစုပျိုးထောင်ပုံကတော့ မတူနိုင်ဘူးပေါ့။ ဒါပေမဲ့လည်း ကျန်းမာရေးက အကောင်းဆုံးရတနာတစ်ပါးပဲဆိုတာ မမေ့ပါနဲ့နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Nutroplex 2
(Zawgyi)
မိဘတစ္ေယာက္အေနနဲ႔ ကေလးရဲ႕ဖြံ႕ၿဖိဳးမႈနဲ႔ ေလ့လာႏိုင္မႈစြမ္းအားေတြကို စိုးရိမ္မိၾကတာ ထုံးစံပါပဲ။ ဖန္တီးႏိုင္မႈစြမ္းအားဟာ ကေလးေလးတစ္ေယာက္ရဲ႕ ေလ့လာႏိုင္မႈ၊ ႀကီးထြားဖြံ႕ၿဖိဳးႏိုင္မႈေတြရဲ႕ အဓိကအေရးပါတဲ့ေနရာမွာ ပါဝင္ေနတယ္။ ဒါေၾကာင့္ ကေလးေတြကို သူတို႔ရဲ႕အေတြးေတြ၊ ခံစားခ်က္ေတြ၊ အေတြးအေခၚေတြကို လြတ္လြတ္လပ္လပ္ ဖန္တီး ေျပာဆိုခြင့္ ေပးသင့္တယ္ေနာ္။ အခုေခတ္ ေမေမ၊ ေဖေဖတို႔ဟာ ကေလးနဲ႔ အတူေနခ်ိန္ နည္းပါးတတ္ၾကတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ရတဲ့အခ်ိန္မွာ ျဖစ္တဲ့နည္းနဲ႔ တီထြင္ႀကံဆ ေဆာ့ကစားတတ္ရမွာေပါ့။
၁။ တီထြင္ႀကံဆႏိုင္စြမ္းကို အားေပးပါ။
ကေလးမွာ တီထြင္ႀကံဆ တည္ေဆာက္တတ္တဲ့စြမ္းရည္ ရွိ၊ မရွိကို သိရဖို႔ အႀကိဳက္ဆုံး ကစားကြင္းတစ္ခုခုကို ေခၚသြားလိုက္ပါ။ ၿပီးေတာ့ ကေလး ဘာနဲ႔ အမ်ားဆုံးေဆာ့သလဲ၊ ဘာႀကိဳက္တတ္သလဲဆိုတာ၊ ေလွ်ာကို အသစ္ထြင္စီးသလား၊ ကစားကြင္းသြားရတာ ဘာကေပ်ာ္ဖို႔ေကာင္းသလဲ စသျဖင့္ ေစာင့္ၾကည့္ပါ။ ဒါအေပၚမူတည္ၿပီးေတာ့ အိမ္မွာ ကစားကြင္း အေသးေလးပဲျဖစ္ျဖစ္၊ ဒန္းေသးေသးေလးပဲျဖစ္ျဖစ္ ေဆာက္ၾကည့္ၾကပါ။ အရင္ဆုံး ကေလးစိတ္ကူးကို စာ႐ြက္ေပၚမွာ အရင္ဆြဲၾကည့္ေပါ့။ ၿပီးရင္ ကတ္ထူ၊ ပိုက္၊ စကၠဴ၊ တစ္ရႉး စသျဖင့္ ရွိတာနဲ႔ ေဆာက္ၾကည့္ပါ။
၂။ ပုံသဏၭာန္ေတြ၊ အေရာင္ေတြကို ေလ့လာပါေစ။
ငယ္စဥ္ဘဝဟာ ကေလးေတြရဲ႕ ဦးေႏွာက္ေလးေတြဟာ ပိုပိုၿပီးရႈပ္ေထြးတဲ့ လုပ္ေဆာင္မႈေတြကို လုပ္လာႏိုင္ဖို႔ အခ်ိတ္အဆက္ေတြ လုပ္ေနတဲ့အခ်ိန္ပါပဲ။ ဒါေၾကာင့္ ဒီဆက္ႏြယ္မႈကိုသာ မ်ားမ်ားလႈံ႕ေဆာ္ႏိုင္ေလေလ ပိုပိုၿပီး ဖြံ႕ၿဖိဳးလာေလေလပါပဲ။
ကေလးေတြရဲ႕အေတြးေတြ၊ အမူအရာေတြတိုင္းဟာ ဒီဆက္ႏြယ္မႈေတြ ပါဝင္လုပ္ေဆာင္ေနၿပီး အထပ္ထပ္ အခါခါ လုပ္ေဆာင္မႈကေန ပိုပိုၿပီး ကြၽမ္းက်င္လာတတ္တယ္။ ဒီလို ကြၽမ္းက်င္လာေလေလ ဦးေႏွာက္ဆက္ႏြယ္မႈေတြ ပိုၿပီးသန္မာလာေလေလျဖစ္ၿပီး အသစ္အသစ္ေတြ ထပ္ပီးေလ့လာႏိုင္တယ္။ လက္နဲ႔လက္ေခ်ာင္းေလးေတြ သန္မာလာေစဖို႔ ပေဟဠိဆက္ေစတာ အေကာင္းဆုံးပါ။ အႏုစိတ္လႈပ္ရွားမႈေတြကို သန္မာေစႏိုင္သလို ကေလးရဲ႕မ်က္လုံးနဲ႔လက္ ဆက္စပ္လုပ္ေဆာင္မႈကိုလည္း အားေပးပါေသးတယ္။
၃။ မိသားစု စာဖတ္ခ်ိန္ထားပါ။
ေန႔တိုင္းေန႔တိုင္း စာအုပ္ဖတ္ခ်ိန္ေပးဖို႔ အေရးႀကီးတယ္ေနာ္။ ကေလးအသက္နဲ႔ လိုက္ဖက္တဲ့ စာအုပ္ကို ဖတ္ျပၿပီး စာအုပ္ထဲမွာပါတဲ့ ဇာတ္ေကာင္ေတြ၊ ဇာတ္ၫႊန္းေတြ၊ ျပင္ဆင္မႈေတြကို ေဆြးေႏြးေပးပါ။ ဒီလိုေဆြးေႏြးေပးျခင္းျဖင့္ ကေလးေတြရဲ႕ဦးေႏွာက္ကို အလုပ္ေပးၿပီး သူတု႔ိေလးေတြရဲ႕ စိတ္ကူးယဥ္ႏိုင္စြမ္း၊ ေလာကႀကီးကို နားလည္ႏိုင္စြမ္းေတြ တိုးတက္လာမွာပါ။ ေနာက္ ကေလးေတြရဲ႕ ဘာသာစကားနဲ႔ နားေထာင္ႏိုင္စြမ္းရည္ကိုလည္း ျမင့္တက္လာေစပါေသးတယ္။
၄။ အာဟာရျပည့္ေအာင္ ေကြၽးေမြးပါ။
ကေလးေတြကို ဖန္တီးႏိုင္စြမ္းေတြ ျမင့္တက္ေအာင္ ေလ့က်င့္တာေတာ့ဟုတ္ပါၿပီ။ ကေလးေတြရဲ႕ အာဟာရစြမ္းအင္ကိုလည္း ျမႇင့္တင္ေပးဖို႔ လိုေသးတယ္ေနာ္။ အစားအေသာက္ေတြကို မၿငီးေငြ႕ေအာင္ အမ်ိဳးမ်ိဳး ေျပာင္းလဲေကြၽးပါ။ အာဟာရဓာတ္လည္းစုံစုံလင္လင္ရေအာင္ အရသာမ်ိဳးစုံကိုလည္း စားဖူးေအာင္ ေကြၽးသင့္တယ္။ ဘာကိုမဆိုေတာ့ သင့္တင့္မွ်တတဲ့ ပမာဏေလာက္ပဲ ေကြၽးတာေကာင္းတယ္။
ထမင္းစားခ်ိန္မွာ ေမေမ၊ ေဖေဖတို႔က စံျပပါပဲေနာ္။ ဒါေၾကာင့္ အသီးအ႐ြက္ေတြ၊ မျပဳျပင္ထားတဲ့ ႏွံေျပာင္းစပါးေတြနဲ႔ ျပဳလုပ္ထားတဲ့ အစားအေသာက္ေတြ၊ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအေသာက္ေတြကိုလည္း စားေပးသင့္တယ္။
က်န္းမာေရးနဲ႔ညီၫြတ္ၿပီး သၾကား၊ ဆား ပါဝင္ႏႈန္း နည္းတာေတြကိုသာ ေကြၽးပါ။ အခ်ိဳေတြ၊ ျပဳျပင္ထားတဲ့ အစားအေသာက္ေတြ၊ ျပဳျပင္ထားတဲ့သၾကားေတြကို ေရွာင္ေပးဖို႔ လိုတယ္။
အခ်ဳပ္အေနနဲ႔ ေျပာရရင္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ကေလးထိန္းပုံ၊ ျပဳစုပ်ိဳးေထာင္ပုံကေတာ့ မတူႏိုင္ဘူးေပါ့။ ဒါေပမဲ့လည္း က်န္းမာေရးက အေကာင္းဆုံးရတနာတစ္ပါးပဲဆိုတာ မေမ့ပါနဲ႔ေနာ္။
Dr. Mya Phoo Ngon (www.drmyanmar.com)
















