/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးလေး-အအေးမိတဲ့အခါ

ကလေးလေး အအေးမိတဲ့အခါ

Category
ကလေးများနှင့်ကျန်းမာရေး

က​လေး​တွေဟာ ​မွေးခါစတစ်​နှစ်​​အတွင်​းမှာ အ​အေးမိ​တတ်​ကြပါတယ်​။ ဒီလိုက​လေး​ပေါက်​စက​လေး​တွေ အ​အေးမိ​နေမ​ကောင်​းတဲ့အခါ မိဘ​တွေမှာ က​လေးအစား သူတို့သာခံစားလိုစိတ်​​တွေ​ ဖြစ်​ရပါတယ်​။ က​လေး​လေးဟာ အစာစား​နေရင်​း ​မော​မောလာတာ၊ အိပ်​​နေရာက​နေ အသက်​ရှူ ကြပ်​ရင်​း ​နိုးလာတာ၊ မျက်​လုံးက​လေးကလယ်​ကလယ်​နဲ့ ကြည်​့​နေရှာတာ ​တွေ့တဲ့အခါ က​လေး​လေးသက်​သာ​အောင်​ ဘာပဲလုပ်​ရလုပ်​ရဆိုတဲ့ စိတ်​​တွေဖြစ်​လာမှာပါ။ ဒီအရွယ်​က​လေး​တွေဟာ ​ဆေးဆိုင်​မှာအလွယ်​တကူ ဝယ်​​သောက်​နိုင်​တဲ့​ဆေး​တွေနဲ့ မသင်​့​တော်​ပါဘူး။ ဒါ​ပေမယ်​့ က​လေးကိုသက်​သာ​အောင်​ ဒီနည်​းလမ်​း​တွေနဲ့ လုပ်​​ပေးနိုင်​ပါတယ်​။

 

၁။ ချွဲ​တွေကို ရှင်​းထုတ်​​ပေးပါ။

      အသက်​၆လအတွင်​းမှာ က​လေး​တွေဟာ နှာ​ခေါင်​းက​နေပဲ အသက်​ရှူ ​တတ်​ကြတာ​ကြောင်​့ နှာ​ခေါင်​းပိတ်​တဲ့အခါ အ​နေရအထိုင်​ရခက်​ခဲတတ်​ပါတယ်​။ နှာ​ခေါင်​းချွဲစုပ်​ထုတ်​တဲ့ ​​ဆေးထုးိပြွန်​​တွေဟာ က​လေး​လေးနှာ​ခေါင်​းထက်​ ပိုကြီး​နေတတ်​တာ​ကြောင်​့ နားစုပ်​ကိရိယာကို သုံး​ပေးသင်​့ပါတယ်​။ ဒီပြွန်​​လေးကို နှာ​ခေါင်​းနဲ့တည်​့ထားကာ မျက်​နှာနဲ့​ထောင်​့မှန်​ဖြစ်​​အောင်​ ​စောင်​း​စောင်​း​လေးထားထည်​့​ပေးပါ။ ထွက်​လာတဲ့ချွဲ​ပမာဏကို ကြည်​့ပြီး အံ့သြရ​လေ့ရှိပါတယ်​။ ချွဲပိုထွက်​​အောင် ဆားရည်​​လေးနည်​းနည်​းထည်​့ပြီး ချွဲ​ပျော်​​အောင်​လုပ်​​ပေးနိုင်​ပါတယ်​။ ဒီပိုးသတ်ပြီးသားဆားရည်​ကို ​ဆေးဆိုင်​​တွေမှာ အလွယ်​တကူဝယ်​ယူနိုင်​ပါတယ်​။ ဒါမှမဟုတ်​ ​ရေ၈​အောင်​စမှာ ဆားစားပွဲတင်​ဇွန်​း​လေးပုံတစ်​ပုံ ​ရောပြီး ၁၀မိနစ်​ခန်​့ဆူ​အောင်​တည်​​ပေးပါ။ ပြီးမှ အ​အေးခံသုံးနိုင်​ပါတယ်​။

 

၂။ ​ရေဓာတ်​ပြည်​့ဝ​အောင်​ထားပါ။

        လူကြီး​တွေလိုပဲ က​လေး​တွေဟာ ဖျားနာ​နေမ​ကောင်​းတဲ့အခါ အစာစားချင်​စိတ်​ မရှိကြပါဘူး။ ဒါ​ပေမယ်​့လည်​း က​လေးကို ​ချော့​မော့ပြီး တတ်​နိုင်​သ​လောက်​ ​ကျွေးသင်​့ပါတယ်​။ အကယ်​၍ က​လေးနို့လုံးဝမ​သောက်​ခဲ့ရင်​ ဆရာဝန်​နဲ့ ပြသတိုင်​ပင်​သင်​့ပါတယ်​။ လိုအပ်​ရင်​ ဓာတ်​ဆားရည်​တိုက်​သင်​့မတိုက်​သင်​့ ဆရာဝန်​နဲ့ တိုင်​ပင်​ရပါမယ်​။ က​လေးကို မတ်​မတ်​ထားပြီး နို့တိုက်​ခြင်​းက နှာ​ခေါင်​းပိတ်​ခြင်​းကို သက်​သာ​စေနိုင်​ပြီး နို့စို့​နေစဉ်​ ချွဲ​တွေလည်​​ချောင်​းထဲ မဝင်​သွား​အောင်​ တားဆီး​ပေးပါတယ်​။ 

Cool Feel 1

၃။ ​ချွဲ​တွေ​ချောင်​းဆိုးထုတ်​နိုင်​​အောင်​လုပ်​​ပေးပါ။

       က​လေး​တွေဟာ ချွဲသလိပ်​​တွေကို ဟပ်​မထုတ်​တတ်​ပါဘူး။ ဒါ​ကြောင်​့ ချွဲသလိပ်​​တွေအလွယ်​တကူ ထွက်​​စေနိုင်​ဖို့ ​ရေချိုးခန်​းထဲမှာ ​ရေ​နွေး​နွေးဖွင်​့ချပြီး ပူ​နွေးသွား​အောင်​ လုပ်​​ပေးပါ။ က​လေးမအိပ်​ခင်​မှာ ​ရေချိုးခန်​းထဲ ​ရေ​နွေ​း​ငွေ့ရှူ ​စေခြင်​းဖြင်​့ နှာပွင်​့​စေပြီး ချွဲသလိပ်​​တွေ ​ပျော်​​စေ၊ ထွက်​​စေနိုင်​ပါတယ်​။ ဒါမှသာ ညအိပ်​တဲ့အခါ ချွဲ​တွေလည်​​ချောင်​းထဲက​နေ ရင်​ဘတ်​ထဲမဝင်သွား​အောင်​ ကာကွယ်​​ပေးနိုင်​မှာပါ။ က​လေးအိပ်​ခန်​းထဲမှာ ​​​လေထုစိုထိုင်​း​စေတဲ့ Humidifier စက်​ထည်​့ထာ​း​ပေးခြင်​းကလည်​း ချွဲ​ပျော်​​စေနိုင်​ပါတယ်​။ သတိထားဖို့က က​လေးအလွယ်​တကူ လက်​လှမ်​းမမှီတဲ့ ​နေရာမှာထားဖို့နဲ့ မှိုမတက်​​အောင်​ ​ရေကို​နေ့တိုင်​း လှဲလှယ်​​ပေးဖို့ပဲ ဖြစ်​ပါတယ်​။

 

၄။ ​ကောင်​း​ကောင်​းအိပ်​ပါ​စေ။

       က​လေးဟာ ဖျားနာ​နေစဉ်​မှာ ပိုအိပ်​ဖို့လို​ပေမယ်​့ ​ရောဂါလက္ခဏာ​တွေ​ကြောင်​့ ​ကောင်​း​ကောင်​းအိပ်​​ပျော်​ဖို့ ခဲယဉ်​းနိုင်​ပါတယ်​။ အရမ်​းမလှုပ်​ရှားတတ်​တဲ့ က​လေး​တွေအတွက်​ ပုခက်​ကိုနည်​းနည်​းမတ်​မတ်​က​လေး ထား​ပေးခြင်​းက ပိုအိပ်​​ပျော်​​စေနိုင်​​ပေမယ်​့ အလွန်​လှုပ်​ရှားတတ်​တဲ့ က​လေး​အတွက်​​တော့ ​ဇောက်​ထိုး​ပြောင်​းပြန်​​တွေ ဖြစ်​သွားနိုင်​တဲ့အတွက်​ သတိထားသင်​့ပါတယ်​။ အဖျားဒဏ်​​ကြောင်​့ စိတ်​မကြည်​မသာ ဖြစ်​​နေရင်​ အသက်​၂လက​နေ၆လအတွင်​းဆို က​လေး​ဖော်​မြူ လာ Acetaminophanကို​သောက်​နိုင်​ပြီး ၆လထက်​ကြီးတဲ့က​လေး​တွေအတွက်​ ibuprofen​သောက်​​ပေးနိုင်​ပါတယ်​။ ၂လ​အောက်​က​လေး​တွေအတွက်​​တော့ ဆရာဝန်​နဲ့အရင်​ တိုင်​ပင်​ရပါမယ်​။ ညမအိပ်​ခင်​မှာ သီချင်​း​လေးဖွင်​့​ပေးတာ၊ ​ရေ​နွေး​နွေး​လေးအတူချိုးတာမျိုး​တွေကလည်​း ​ကောင်​း​ကောင်​းအိပ်​​ပျော်​​စေနိုင်​ပါတယ်​။

 

၅။ သတိပြုရမယ်​့အချက်​​တွေကို သိထားရပါမယ်​။

       က​လေးအ​ခြေအ​နေ ပိုပိုဆိုးလာခဲ့ရင်​​တော့ က​လေးဆရာဝန်​နဲ့ ပြသဖို့လိုအပ်​လာပါပြီ။ အသက်​၃လအထိက​လေး​တွေအတွက်​က​တော့ အဖျား၁၀၀.၄°F ထက်​တက်​တာနဲ့ ဆရာဝန်​ကို ပြသင်​့ပါတယ်​။ က​လေးကြီး​တွေအတွက်​က​တော့ အဖျား၃ရက်​ထက်​ပိုကြာတာ၊ အ​အေးမိတုပ်​​ကွေးလက္ခဏာ​တွေ​ပေါ်လာပြီး ရက်​ပိုင်​းအတွင်​း အဖျားတက်​လာတာ ​တွေရှိခဲ့ရင်​ ဆရာဝန်​နဲ့ ပြရပါမယ်​။ အခြားသတိပြုရမယ်​့ လက္ခဏာ​တွေက​တော့ အသက်​ရှူ သံ တစ်​ရွှီရွှမြည်​တာ၊ အသက်​ရှူ ရခက်​တာစတဲ့ အဆုတ်​​ရောင်​လက္ခဏာ​တွေပဲ ဖြစ်​ပါတယ်​။ ဆက်​တိုက်​မရပ်​မနား​ချောင်​းဆိုး​နေတာဟာ ကြက်​ညှာ​ချောင်​းဆိုးလက္ခဏာဖြစ်​နိုင်​ပါတယ်​။ ဒါ​​ကြောင်​့ တစ်​ခုခု ပုံမမှန်​တဲ့ လက္ခဏာ​တွေကြုံလာတဲ့အခါ ဆရာဝန်​နဲ့ ပြသတိုင်​ပင်​ဖို့ ဝန်​မ​လေးပါနဲ့။​

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Cool Feel 2

(Unicode)


 



 



 



 



 



 

Dr. Mya Phoo Ngon (www.drmyanmar.com)