/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးအသက်အရွယ်အလိုက်ရှိသင့်တဲ့အိပ်ချိန်ပုံစံများ

ကလေးအသက်အရွယ်အလိုက်ရှိသင့်တဲ့အိပ်ချိန်ပုံစံများ

Category
ကလေးများနှင့်ကျန်းမာရေး

         ကလေးရဲ့ပတ်ဝန်းကျင်ကို နေ့အချိန်မှာ အလင်းရောင်နဲ့လေဝင်လေထွက်ကောင်းအောင်ထားခြင်း၊ ညဘက်မှာ မှောင်မှောင်လေးထားခြင်းက ကလေးရဲ့ အိပ်စက်မှုပုံစံအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်ပဲဖြစ်ပါတယ်။

          သားဦးမွေးထားတဲ့ မိခင်အသစ်စက်စက်လေးတွေအတွက် အိပ်ရေးပျက်တဲ့ဒဏ်ကို တဖြည်းဖြည်းနဲ့ခံစားလာရပါလိမ့်မယ်။ ကလေးအိပ်တဲ့အချိန်မှာလည်း တခြားလုပ်စရာတွေလုပ်နေရတဲ့အတွက် ပင်ပန်းနွမ်းနယ်မှုတွေခံစားရပါတယ်။ ကလေးရဲ့ အိပ်ချိန်ပုံစံမှန်ပြီးသေချာသိမယ်ဆိုရင် အမေလည်း လိုက်ပြီးအိပ်လို့ရတဲ့အတွက် ကလေးရောအမေပါ ပိုပြီးအနားရကာ ပျော်ရွှင်ပြီး ကလေးနဲ့ကစားဖို့အချိန် ကလေးအကြောင်းပိုသိဖို့အချိန်တွေရလာပါလိမ့်မယ်။

         ကလေးအသက်အရွယ်အလိုက်ရှိသင့်တဲ့အိပ်ချိန်ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Ceelin 1

>> အသက် ၀-၃ လမှ ကလေးရဲ့ အိပ်ချိန်ပုံစံ

­- ဒီအရွယ်ကလေးတွေက တစ်ရက်ကို ၁၈ နာရီလောက်အိပ်လေ့ရှိပါတယ်။

- ညဘက်ပဲဖြစ်ဖြစ်၊ နေ့ဘက်ပဲဖြစ်ဖြစ် တစ်ခါအိပ်ရင် ၃-၄ နာရီထက်ပိုမအိပ်ပါဘူး။

- အလင်းရောင်က ကလေးအိပ်တာကို အနှောင့်အယှက်ဖြစ်စေပါတယ်။

>> ၃-၆ လ ကလေးရဲ့ အိပ်ချိန်ပုံစံ

- ဒီအရွယ်ကလေးတွေကတော့ တစ်ရက်မှာ ၁၅ နာရီလောက်အိပ်လေ့ရှိပါတယ်။

- ညဘက်မှာ ၁၀ နာရီလောက်တစ်ရေးထဲအိပ်ပြီး နေ့လည်ဘက်တွေမှာတော့ ၃ ကြိမ်လောက် ခဏအိပ်တတ်ပါတယ်။

- အိပ်စက်ချိန်ပိုကြာပြီး အနားပိုရပါတယ်။

Ceelin 2

>> အသက် ၆-၉ လ အရွယ်ကလေးရဲ့အိပ်ချိန်ပုံစံ

- တစ်နေ့ကို ၁၃ နာရီလောက်အိပ်ဖို့ိလိုအပ်ပါတယ်။
- ၇-၁၀ နာရီလောက်ကြာအောင်တစ်ရေးထဲအိပ်နိုင်ပြီး ခဏနိုးလာပြီးရင်လည်း ပြန်သိပ်လို့ရပါတယ်။
- မနက်ပိုင်းမှာ ၁နာရီခွဲလောက်၊ နေ့လည်ပိုင်းမှာ ၁နာရီခွဲလောက်ပြန်အိပ်တတ်ပြီး အိပ်ချိန်ပိုမှန်လာပါတယ်။

>> အသက် ၉-၁၂ လအရွယ်ကလေးငယ်ရဲ့ အိပ်ချိန်ပုံစံ

- တစ်နေ့ကို ၁၂ နာရီလောက်အိပ်နိုင်ပါတယ်။
- ညဘက်မှာပိုပြီးအိပ်ပြီး နေ့ဘက်တွေမှာတော့ ခဏပဲမှေးပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)