ကျန်းမာတဲ့ကလေးတစ်ယောက် ရာသီတုပ်ကွေးဖြစ်ရင် စိုးရိမ်ဖို့မလိုဘူးလား?
ရာသီတုပ်ကွေးကူးစက်ခံရတဲ့အခါ အသက်အရမ်းငယ်တဲ့ ကလေးတွေ၊ ကိုယ်ခံအားနည်းတဲ့ကလေးတွေပဲ အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ ကျန်းမာနေတဲ့ကလေးတစ်ယောက်ဟာလည်း ရောဂါပြင်းထန်နိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဆိုးဝါးနိုင်ပါတယ်။
ကမ္ဘာ့ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအဖွဲ့အစည်း (CDC) ရဲ့ ဖော်ပြချက်တွေအရ ကျန်းမာနေတဲ့ကလေးတစ်ယောက်ဟာ တုပ်ကွေးကာကွယ်ဆေး မထိုးထားဘူးဆိုရင် ရောဂါကူးစက်ခံရတဲ့အခါ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
Atussin Kids 1

ဒါကြောင့် မေမေတို့အနေနဲ့ မိမိတို့ကလေးတွေ ရာသီတုပ်ကွေးမိတဲ့အခါ ကလေးက ကျန်းမာတာပဲဆိုပြီး မပေါ့ဆဘဲ သေချာဂရုစိုက်ပေးသင့်ပါတယ်နော်။
● လိုအပ်တဲ့ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်ပေးပါ။
● ကလေးကို များများအနားယူစေပါ။
● အရည်များများ ဝင်အောင်တိုက်ပါ။
● လေဝင်လေထွက်ကောင်းတဲ့ ချောင်ချောင်ချိချိ အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ။
● အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို သေချာစောင့်ကြည့်ပြီး ရှိလာခဲ့ရင် ဆရာဝန်နဲ့ အမြန်ပြသပေးပါ။
Atussin Kids 2

ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်တာဖြစ်လို့ ကလေးကို ရာသီတုပ်ကွေးမကူးစက်အောင် ကြိုတင်ကာကွယ်ဖို့အတွက် -
● တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ပုံမှန်ထိုးပေးပါ။
● ကလေးကို လက်ဆေးတတ်အောင် သင်ကြားပေးပါ။
● ကလေးကြီးတွေကို အပြင်သွားတဲ့အခါ နှာခေါင်းစည်း တပ်ဆင်ပေးပါ။
● ကလေးကို ဖျားနေသူတွေနဲ့ ဝေးဝေးနေစေပါ။
ရာသီတုပ်ကွေးမကူးစက်အောင် ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးတာပါပဲ။ အထူးသဖြင့် ကိုဗစ်-19 ရောဂါ ထကြွလာတဲ့ (၂၀၂၀) ခုနှစ် နောက်ပိုင်းမှာ ပိုပြီးအရေးကြီးလာပါတယ်။ အကယ်၍ ကလေးမှာသာ ကိုဗစ်-19 ရော ရာသီတုပ်ကွေးပါ တစ်ပြိုက်နက် ကူးစက်ခံရရင် ပိုပြီးအန္တရာယ်များလို့ မေမေတို့ရဲ့ သားသားမီးမီးတို့ကို တုပ်ကွေးကာကွယ်ဆေး မထိုးရသေးရင် အခုပဲထိုးထားကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။
Dr. Aye Hsu Mon (www.drmyanmar.com)
















