ချောင်းဆိုးနေတဲ့ကလေးတွေမှာ သတိထားစရာအချက်များ
ကလေးတွေတစ်ဟွတ်ဟွတ်နဲ့ ချောင်းဆိုးကြတဲ့ ရာသီကိုရောက်လာပြီဆိုတော့ မေမေတို့ကို ချောင်းဆိုးတဲ့အခါ ဘာတွေသတိထားရမယ်ဆိုတာကို ပြောပြပေးပါမယ်။
ကြီးထွားဆဲ ဖွံ့ဖြိုးဆဲ ကလေးဘဝမှာ ချောင်းဆိုးအအေးမိတယ်ဆိုတာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ရာသီဥတုအပြောင်းအလဲ၊ ရာသီဓာတ်မတည့်တာ စတာတွေကြောင့်ဆိုရင် ကောင်းကောင်းထိန်းချုပ်လို့ရပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ရိုးရိုးချောင်းဆိုးအအေးမိတာကလည်း ပြင်းထန်အခြေအနေတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။ သာမန်ရာသီတုပ်ကွေးမဟုတ်ကြောင်း ဖော်ပြနေတဲ့လက္ခဏာတွေကတော့
• ပြာနှမ်းခြင်း : ချောင်းဆိုးနေရင်း ကလေးပြာလာရင် မပေါ့သင့်ဘူးနော်။ သွေးထဲအောက်စီဂျင်နည်းနေတာကို ပြပါတယ်။ လေလမ်းကြောင်းကျဉ်းရောဂါတွေ၊ ဒါမှမဟုတ် နင်နေတာတွေကြောင့် ရတတ်ပါတယ်။ ချက်ချင်းဆေးရုံသွားဖို့လိုပါတယ်နေ်ာ။
• ကြက်ညှာချောင်းဆိုး : Bordetella pertussisလို့ခေါ်တဲ့ ဘတ်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်ပြီး တစ်ဟွတ်ဟွတ်ချောင်းဆက်တိုက်ဆိုးပြီး ဟွတ်ဆိုတဲ့အသံကြီးနဲ့ အဆုံးသတ်တတ်ပါတယ်။ အလွန်ပြန့်လွယ်တဲ့ပိုးတစ်မျိုးဖြစ်တာကြောင့် ပိုးကူးစက်ခံထားရတဲ့ကလေးကို ကိုင်တွယ်ရာမှာ အလွန်သတိထားဖို့လိုပါတယ်။ ကလေးဘဝမှာ ကာကွယ်ဆေးထိုးဖို့လည်းလိုပါတယ်။
Solmux Kids 1

• ညဘက်ချောင်းဆိုးခြင်း : ညဘက်ချောင်းဆိုးတာဟာ ပန်းနာရင်ကြပ်ကြောင့် ဖြစ်တာများပါတယ်။ အိပ်တဲ့အချိန် ကိုယ်နေဟန်ပြောင်းသွားတာကြောင့် လေလမ်းကြောင်းတုန်ခါလာပြီး မောတာကြပ်တာဖြစ်စေနိုင်ပါတယ်။ တစ်ချို့ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညအိပ်ချိန်ချောင်းဆိုးဆိုးနေရင် ဆရာဝန်နဲ့ပြပါ။
• သလိပ်ထွက်ခြင်း : သလိပ်ကလည်း ရောဂါရှာဖွေရာမှာ အရေးပါတယ်နော်။ ဝါဝါ ဒါမှမဟုတ် စိမ်းစိမ်းဆိုရင် ပိုးဝင်တာဖြစ်နိုင်ပြီး သလိပ်တွေအများကြီးထွက်နေရင် အဆုတ်ရောင်တာသော်လည်းကောင်း cystic fibrosisလို့ခေါ်တဲ့ မွေးရာပါအခြေအနေတစ်ခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကလေးမှာဒီလိုလက္ခဏာတစ်ခုခုဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ပြဖို့ကို အချိန်မဆွဲသင့်ပါဘူး။ အနီးဆုံးအဆုတ်ဆရာဝန်ဆီသာ အမြန်ဆုံးခေါ်သွားပေးပါ။
Dr Mya Phoo Ngon (www.drmyanmar.com)
Solmux Kids 2

(Unicode)
Dr Mya Phoo Ngon (www.drmyanmar.com)
















