/
news/ကလေးများနှင့်ကျန်းမာရေး/ချောင်းဆိုးနေတဲ့-သားသားမီးမီးလေးတွေကို-ဒီလိုလေးတွေပြုစုပေးရအောင်

ချောင်းဆိုးနေတဲ့ သားသားမီးမီးလေးတွေကို ဒီလိုလေးတွေပြုစုပေးရအောင်

Category
ကလေးများနှင့်ကျန်းမာရေး

ချောင်းဆိုးနေတဲ့သားသားမီးမီးကို ဒီလိုလေးတွေ စနစ်တကျပြုစုစောင့်ရှောက်ပေးကြရအောင်။ သူလေးလည်းသက်သာ မေမေလည်းအနားရ စိတ်လည်းအေးဖို့ ကောင်းမွန်ထိရောက်တဲ့ အခြေခံအကြံပြုချက်လေးတွေ တင်ပြပေးလိုက်ပါတယ်နော်။

• အအေးမိနှာစေးကြောင့်ဖြစ်တဲ့ ချောင်းဆိုးရောဂါပာာ ပျောက်ဖို့မလွယ်ပါဘူး။ ရက်ပေါင်းများစွာချောင်းခြောက်ကျန်နေတတ်တာကြောင့်စိတ်အညစ်ရဆုံးပေါ့။ ဆားရေနွေးလေးငုံလိုက်ထွေးလိုက်လုပ်စေတာ၊ ရင်ဘတ်လေးကိုနွေးနွေးထွေးထွေးထားတာ၊ လေတိုက်မခံတာ၊ တစ်နှစ်အထက်ကလေးဆိုရင် ရေနွေးနွေးလေးတိုက်တာတွေက သင့်တော်ကောင်းမွန်ပါတယ်နော်။

• အချိုအဆိမ့်ကြိုက်တဲ့ ရင်သွေးလေးတွေမှာဖြစ်တတ်တဲ့ အစာရေမျိုပြွန်ရောင်နာ ရင်ပူနာကြောင့်ဖြစ်တဲ့ ချောင်းဆိုးေ၀ဒနာပာာ ဆေးကောင်တာမှာအလွယ်တကူ၀ယ်ယူနိင်တဲ့ ချောင်းဆိုးပျောက်ဆေး၊ ရင်ပူနာသက်သာဆေး၊ ရင်ချောင်အစာကြေဆေးရည်လေး တွေတိုက်ရုံနဲ့ အဆင်ပြေသွားနိုင်ပါတယ်။ ဆေးမတိုက်ခင်တော့ ဆရာ၀န်ပြကိုပြသင့်ပါတယ်နော်။

Solmux Kids 1

• ပတ်၀န်းကျင်က အနံ့အသက်တွေ ဖုံတွေအမှုံတွေကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာအတွက် အိပ်ရာဘေးမှာ အစိုဓာတ်ရေငွေ့လွှတ်တဲ့ စက်လေးတွေထားပေးနိုင်ပါတယ်။ အိမ်ထဲမှာ အမွှေးနံ့ပြင်းပြင်းတွေမထားရပါဘူး။ ဘုရားပန်းထိုးတာကအစ သတိပြုစေချင်ပါတယ်။ နောက်ပြီး ပွပွချောင်ချောင်နဲ့ နွေးထွေးသက်သာတဲ့ချည်ထည်လေးတွေက မွေးပွအကျႌတွေထက် ပိုအဆင်ပြေပါတယ်။ အကျႌတွေကိုလည်း ပေါင်ဒါတွေလူးတာ အမွှေးနံ့တွေအရမ်းဖျန်းတာတွေမလုပ်ပါနဲ့။

• တုပ်ကွေးမိနေတဲ့ရင်သွေးလေးအတွက် အဖျားကျတေး၊ ချောင်းဆိုးပျောက်ဆေးတို့ တိုက်ကျေွးတာအပြင် အိမ်လုပ်စွပ်ပြုတ်ပူပူနွေးနွေးလေးတိုက်တာ ဓာတ်ဆားရည်တိုက်တာ အသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်လေးတွေတိုက်တာက ကိုယ်ခံအားကို မြင့်တက်စေပြီးချောင်းဆိုးပါ တပါတည်းသက်သာစေပါတယ်။

• ချောင်းဆိုးတွေထဲမှာ အဆိုးဆိုးလို့ပြောရမယ့် ကြက်ညှာချောင်းဆိုးရောဂါပာာ ကလေးကိုအလွန်အနေရခက်စေပါတယ်။ ပြင်းပြင်းထန်ထန်ချောင်းဆိုးရင်းသီးသွားတတ် လေပြွန်ပိတ်ဆို့တတ်တဲ့အတွက် စိတ်ပူရပါတယ်။ ကြက်ညှာချောင်းဆိုးဆိုရင် ချောင်းဆိုးသံပာာထူးခြားတဲ့ဆူညံသံလိုထွက်နေပြီး ပြင်းထန်စွာအဆက်အပြတ်ဆိုးပါတယ်။ ဒီလိုဖြစ်လာရင်တော့ ကလေးအထူးကုဆရာ၀န်နဲ့သာပြသကုသမှုခံယူပါ။ ဒါ့အပြင် အလွန်ကူးစက်လွယ်တဲ့ရောဂါဖြစ်တာမို့ ကလေးကို သီးသန့်ထားဖို့လိုအပ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Solmux Kids 2

(Unicode)






