စာမေးပွဲ Stress တွေကို ဘယ်လိုဖြေရှင်းကြမလဲ
စာမေးပွဲတွေ ဖြေကြမယ့်အချိန်ကို ရောက်လာပြီဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေဟာ အနည်းနဲ့အများတော့ စိတ်ဖိစီးမှုကို ခံစားကြရမှာပါ။ စိတ်ဖိစီးမှုကို အလွန်အကျွံ ခံစားလာရမယ် ဆိုရင်တော့ ကျန်းမာရေးကိုသာမက စာမေးပွဲမှာ ကိုယ့်ရဲ့လုပ်ဆောင်မှုကိုပါ ထိခိုက်လာမှာပါ။
မိဘတွေ၊ အုပ်ထိန်းသူတွေကလည်း ကိုယ့်ရဲ့သားသမီးအခြေအနေကို စောင့်ကြည့်ပေး နေဖို့လိုပါတယ်။ စိတ်ဖိစီးမှုများနေတာကို သိနိုင်တဲ့လက္ခဏာတွေကတော့ စိတ်အပြောင်းအလဲမြန်တာ၊ အစားမစားချင်တာ၊ ဒေါသကြီးတာ၊ အိပ်မပျော်တာ၊ စိုးရိမ်စိတ်များတာ၊ ငိုတာ၊ စာမလုပ်ချင်တော့တာတို့ပဲ ဖြစ်ပါတယ်။
1. စာဖတ်ဖို့နေရာ သတ်မှတ်ပါ။
ဒါကအရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တဲ့အတွက် ကိုယ့်အတွက် စိတ်ကို စုစည်းနိုင်မယ့်၊ စာကို မှတ်မိလွယ်မယ့်နေရာကို ရွေးပါ။
2. ဘာကိုဖတ်ရမလဲဆိုတာ သိပါစေ။
တွေ့သမျှဖတ်နေမယ့်အစား အရေးကြီးတာကို အရင်ဖတ်ပါ။ ဥပမာ - မေးခွန်းဟောင်းတွေ၊ သိကို သိရမယ့်ဟာတွေပေါ့။ ဒီလိုစနစ်တကျလေ့လာခြင်းက အချိန်တွေ မပုတ်စေတော့ဘဲ စိတ်ပူပန်တာကိုလည်း လျော့ကျစေပါတယ်။
3. စိတ်ကို လွင့်ပျံ့စေတဲ့အရာတွေကို ဖြတ်ပါ။
ဥပမာ - Facebook, YouTube လိုအရာတွေ။ စာဖတ်လိုက်၊ Facebook လေး သုံးလိုက်လုပ်နေတာက ဒီတိုင်းဆို မသိသာပေမယ့် သုံးလိုက်မိတဲ့အချိန်တွေကို ပေါင်းလိုက်ရင် အံ့သြဖို့ကောင်းအောင် များနေတာကို တွေ့ရပါလိမ့်မယ်။
4. အနားယူပါ၊ အိပ်ပါ။
အိပ်ရေးဝအောင် အိပ်ပါ။ စာဖတ်တာမဟုတ်တဲ့ တခြားအလုပ်တွေ ဥပမာ - လမ်းထွက်လျှောက်တာ၊ အားကစား 10 မိနစ်လောက် လုပ်တာမျိုး လုပ်ပေးပါ။
EC Kidz IA 1
5. အာဟာရပြည့်ဝစေမယ့် အစားအသောက်တွေ ကောင်းကောင်းစားပါ။
အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာ၊ ဗီတာမင်တွေ ကြွယ်ဝတဲ့ လတ်ဆတ်တဲ့အသီးအနှံ၊ သစ်သီးတွေစားပါ။ Enervon-C Kidz လို လန်းဆန်းတက်ကြွစေမယ့် အားဆေးမျိုးနေ့စဉ် တိုက်ကျွေးပေးလို့လည်း ရပါတယ်။ ကဖင်းဓာတ်၊ သကြားဓာတ်တွေကိုတော့ လျှော့ချပါ။
6. စိတ်ကိုပြန်ပြီး အနားပေးပါ။
ကလေးကို ၅ မိနစ်လောက် တစ်နေရာမှာ ငြိမ်ငြိမ်လေး ထိုင်ခိုင်းပြီး စိတ်ကိုတည်ငြိမ်နေအောင် ဘာမှမစဉ်းစားဘဲ ထိုင်နေခိုင်းပါ။
>> မိဘတွေကရော ဘာတွေလုပ်ပေးရမလဲ?
● ကလေးကို အချိန်စာရင်းဆွဲဖို့ ဦးဆောင်ပါ။
● စားချိန်၊ အိပ်ချိန် မှန်အောင် ဘေးကနေ ဂရုစိုက်ပေးပါ။
● အားပေးတဲ့စကားတွေပဲ ပြောပေးပါ။
● စိတ်ထဲမှာ ပူပန်နေတာရှိရင် မိဘတွေကို ပြောပြဖို့ တိုက်တွန်းပါ။
● ကလေးကို စည်းကမ်းရှိအောင်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင် အားပေးပါ။
● အရင်က မှားခဲ့တာတွေကို ခဏခဏပြန်မပြောပါနဲ့။
Dr. Htar (www.drmyanmar.com)
EC Kidz IA 2
(Zawgyi)
စာေမးပြဲေတြ ေျဖၾကမယ့္အခ်ိန္ကို ေရာက္လာၿပီဆိုေတာ့ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ အနည္းနဲ႔အမ်ားေတာ့ စိတ္ဖိစီးမႈကို ခံစားၾကရမွာပါ။ စိတ္ဖိစီးမႈကို အလြန္အကြၽံ ခံစားလာရမယ္ ဆိုရင္ေတာ့ က်န္းမာေရးကိုသာမက စာေမးပြဲမွာ ကိုယ့္ရဲ႕လုပ္ေဆာင္မႈကိုပါ ထိခိုက္လာမွာပါ။
မိဘေတြ၊ အုပ္ထိန္းသူေတြကလည္း ကိုယ့္ရဲ႕သားသမီးအေျခအေနကို ေစာင့္ၾကည့္ေပး ေနဖို႔လိုပါတယ္။ စိတ္ဖိစီးမႈမ်ားေနတာကို သိႏိုင္တဲ့လကၡဏာေတြကေတာ့ စိတ္အေျပာင္းအလဲျမန္တာ၊ အစားမစားခ်င္တာ၊ ေဒါသႀကီးတာ၊ အိပ္မေပ်ာ္တာ၊ စိုးရိမ္စိတ္မ်ားတာ၊ ငိုတာ၊ စာမလုပ္ခ်င္ေတာ့တာတို႔ပဲ ျဖစ္ပါတယ္။
1. စာဖတ္ဖို႔ေနရာ သတ္မွတ္ပါ။
ဒါကအေရးႀကီးပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မတူႏိုင္တဲ့အတြက္ ကိုယ့္အတြက္ စိတ္ကို စုစည္းႏိုင္မယ့္၊ စာကို မွတ္မိလြယ္မယ့္ေနရာကို ေ႐ြးပါ။
2. ဘာကိုဖတ္ရမလဲဆိုတာ သိပါေစ။
ေတြ႕သမွ်ဖတ္ေနမယ့္အစား အေရးႀကီးတာကို အရင္ဖတ္ပါ။ ဥပမာ - ေမးခြန္းေဟာင္းေတြ၊ သိကို သိရမယ့္ဟာေတြေပါ့။ ဒီလိုစနစ္တက်ေလ့လာျခင္းက အခ်ိန္ေတြ မပုတ္ေစေတာ့ဘဲ စိတ္ပူပန္တာကိုလည္း ေလ်ာ့က်ေစပါတယ္။
3. စိတ္ကို လြင့္ပ်ံ႕ေစတဲ့အရာေတြကို ျဖတ္ပါ။
ဥပမာ - Facebook, YouTube လိုအရာေတြ။ စာဖတ္လိုက္၊ Facebook ေလး သုံးလိုက္လုပ္ေနတာက ဒီတိုင္းဆို မသိသာေပမယ့္ သုံးလိုက္မိတဲ့အခ်ိန္ေတြကို ေပါင္းလိုက္ရင္ အံ့ၾသဖို႔ေကာင္းေအာင္ မ်ားေနတာကို ေတြ႕ရပါလိမ့္မယ္။
4. အနားယူပါ၊ အိပ္ပါ။
အိပ္ေရးဝေအာင္ အိပ္ပါ။ စာဖတ္တာမဟုတ္တဲ့ တျခားအလုပ္ေတြ ဥပမာ - လမ္းထြက္ေလွ်ာက္တာ၊ အားကစား 10 မိနစ္ေလာက္ လုပ္တာမ်ိဳး လုပ္ေပးပါ။
5. အာဟာရျပည့္ဝေစမယ့္ အစားအေသာက္ေတြ ေကာင္းေကာင္းစားပါ။
အာဟာရဓာတ္ျပည့္ဝတဲ့ အစားအစာ၊ ဗီတာမင္ေတြ ႂကြယ္ဝတဲ့ လတ္ဆတ္တဲ့အသီးအႏွံ၊ သစ္သီးေတြစားပါ။ Enervon-C Kidz လို လန္းဆန္းတက္ႂကြေစမယ့္ အားေဆးမ်ိဳးေန႔စဥ္ တိုက္ေကြၽးေပးလို႔လည္း ရပါတယ္။ ကဖင္းဓာတ္၊ သၾကားဓာတ္ေတြကိုေတာ့ ေလွ်ာ့ခ်ပါ။
6. စိတ္ကိုျပန္ၿပီး အနားေပးပါ။
ကေလးကို ၅ မိနစ္ေလာက္ တစ္ေနရာမွာ ၿငိမ္ၿငိမ္ေလး ထိုင္ခိုင္းၿပီး စိတ္ကိုတည္ၿငိမ္ေနေအာင္ ဘာမွမစဥ္းစားဘဲ ထိုင္ေနခိုင္းပါ။
>> မိဘေတြကေရာ ဘာေတြလုပ္ေပးရမလဲ?
● ကေလးကို အခ်ိန္စာရင္းဆြဲဖို႔ ဦးေဆာင္ပါ။
● စားခ်ိန္၊ အိပ္ခ်ိန္ မွန္ေအာင္ ေဘးကေန ဂ႐ုစိုက္ေပးပါ။
● အားေပးတဲ့စကားေတြပဲ ေျပာေပးပါ။
● စိတ္ထဲမွာ ပူပန္ေနတာရွိရင္ မိဘေတြကို ေျပာျပဖို႔ တိုက္တြန္းပါ။
● ကေလးကို စည္းကမ္းရွိေအာင္၊ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈရွိေအာင္ အားေပးပါ။
● အရင္က မွားခဲ့တာေတြကို ခဏခဏျပန္မေျပာပါနဲ႔။
Dr. Htar (www.drmyanmar.com)
















