/
news/ကလေးများနှင့်ကျန်းမာရေး/ဆက်ကြီးထွားမလာတဲ့-ကလေးတွေ

ဆက်ကြီးထွားမလာတဲ့ ကလေးတွေ

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးတွေဆိုတာ အညှောက်ပေါက်ကာစ ... အပင်ပေါက်လေးတွေလိုပါပဲ ... သဘာဝက သတ်မှတ်သလို သူ့အရွယ်နဲ့သူ ဝလာ၊ ထွားလာ၊ အရပ်ထွက်လာရမှာ ဖြစ်ပါတယ်။ အညွန့်အညှောက်တွေ တန့်သွားပြီး  ဆက်မကြီးထွားတော့တဲ့ ချစ်စရာ့အရွယ်  အပင်ပေါက်လေးတွေမှာ ဘာပြဿနာတွေများ ရှိနေပါလိမ့်နော်။

          ကလေးတွေအတွက် စနစ်တကျ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန် သတ်မှတ်ဇယားဆိုတာ ရှိပါတယ်။ ဒီဇယားအတိုင်း လိုက်လျောညီထွေ တဖြည်းဖြည်းနဲ့ ကြီးထွားလာရမှာပါ။

●        သူတို့တွေ အစား မစားလို့လား၊ ပထမဆုံး စစဉ်းစားရမှာက အစား စားသင့်သလောက် စားရဲ့လား။

          သူလေး မကြိုက်တာတွေ များနေလား။

          အဆော့မက်ပြီး စားဖို့ မေ့နေတတ်လား။

          အစာကျွေးတဲ့ မေမေ၊ ဖေဖေ၊ ဖွားဖွား၊ သားသားမီးမီး စား၊ မစား တကယ်ဂရုစိုက်ရဲ့လားပေါ့။

          သူလေး ဘာကြိုက်လဲ အလေးဂရုပြုရမယ့်အချိန်ပါပဲ။ သူလေး ထွားလာဖို့  အစားအသောက် ဂရုတစိုက် ကျွေးကြရအောင် ...။

●        စားတိုင်း ထွေးထုတ်သလား၊ အန်တတ်သလား၊ မတည့်တာတွေ များနေသလား၊ စားတိုင်း ဝမ်းလျှောနေတတ်သလား။

●        ဂလူတန် (Gluten) နဲ့ မတည့်တဲ့အစားတွေ စားမိတိုင်း ဝမ်းလျှောမယ်။ အူလမ်းကြောင်းမှာ အနာလေးတွေ မူမမှန်တဲ့ အာရုံကြောထုံးတွေရှိတဲ့အခါ ဒီလိုရောဂါဆန်းတွေကြောင့် ကလေး ဝမ်း ခဏခဏ လျှောတာ၊ ဗိုက်နာတာတွေ ဖြစ်နေတတ်ပါတယ်။

●        အစာအိမ်ထွက်ပေါက်ကျဉ်းရောဂါ (Pyloric Stenosis) ကြောင့် စားတိုင်း အန်ထွက်နေတတ်ပြီး ကလေးက တနေ့တခြား ပိန်လိုက်လာတတ်ပါတယ်။

●        မကစားနိုင် ငိုရင် ပြာတတ်ပြီး တခြားကလေးနည်းတူ လှုပ်ရှားမှု သိပ်မလှုပ်နိုင်တဲ့ ကလေးတွေဟာ သိပ်ပိန်လွန်းပြီး မွေးရာပါ နှလုံးရောဂါ ပါနေတတ်ပါတယ်။ ဘယ်လောက်စားစား မဝလာတော့ပါဘူး။

●        မျက်နှာလေးတွေ ဖော၊ ကိုယ်လေးတွေ ရောင်နေတတ်တဲ့ ကလေးတွေဟာ ကျောက်ကပ်ရောဂါ ခံစားနေရလေ့ရှိပြီး ပိန်လိုက်၊ ဖောင်းလိုက်နဲ့ ဝမလာတော့ပါဘူး။

Nutroplex 1

●        လည်ပင်းကြီး ဟော်မုန်းလွန်ကဲမှုရောဂါ ခံစားနေရတဲ့ ကလေးတွေဟာလည်း စားသလောက်မဝဘဲ ကြုံလှီနေတတ်ပါတယ်။

●        တချို့သော ရှားပါမွေးရာပါ ရောဂါတချို့ မျိုးရိုးဗီဇ ချို့ယွင်းတဲ့ရောဂါတွေ ပါလာခဲ့ရင်လည်း ကလေးက ထွားသင့်သလောက် မထွားတော့ဘဲ ရှိနေတတ်ပါတယ်။

●        မွေးကာစမှာ ဦးနှောက်အောက်ဆီဂျင် နည်းပါးမှုကြောင့် ဦးနှောက်ရောင်ရောဂါ ခံစားခဲ့ရသူ ကလေးတွေ ဦးနှောက်ထဲ ပြည်တည်တာ၊ အမြှေးရောင်တာ၊ ပိုးဝင်ရောဂါ ခံစားခဲ့သူ ကလေးတွေဟာ သဘာဝအတိုင်း ဆက်လက်မကြီးထွားတော့ပါဘူး။

          အထက်ပါ အကြောင်းရင်းတွေဟာ ရင်သွေးလေး ဆက်မကြီးထွားတဲ့ ဝသင့်သလောက် ဝမလာတဲ့ အကြောင်းရင်းတွေ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဒီတော့ မိဘတွေအနေနဲ့ ကလေးလေးကို မှန်မှန် ကိုယ်အလေးချိန် ချိန်၊ အစားကို ဂရုတစိုက် စောင့်ကြည့်ကျွေးမွေးခြင်း၊ ပရိုတင်းနဲ့ အသားဓာတ် ထပ်မံဖြည့််စွက်ကျွေးမွေးခြင်းတွေနဲ့ ထွားလာအောင် ကြိုးစားကြည့်သလို နောက်ကွယ်က ရောဂါလက္ခဏာတွေ ဖော်ပြပါ အတွင်းရောဂါအခံတွေကိုပါ လျစ်လျူမရှုမိကြဖို့ ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။

ဂျီီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Nutroplex 2

(Unicode)

