တရိပ်ရိပ်နဲ့ ဖွံ့ဖြိုးကြီးထွားနေတဲ့ ကလေးရဲ့ဦးနှောက်လေးအတွက် သိသင့်သည်များ
(Zawgyi)
● ကေလးကို အရိပ္တၾကည့္ၾကည့္နဲ႔ အျပဳသေဘာေဆာင္ ေစာင့္ေရွာက္မႈမ်ိဳး လိုပါတယ္။ ကေလးေတြဟာ ေဘးပတ္ဝန္းက်င္ကလူေတြ ေန႔စဥ္ျပဳမူဆက္ဆံပုံမ်ိဳးကို အတုယူၾကပါတယ္။ ဒါေၾကာင့္ ကေလးအတြက္ ေလ့လာသင္ယူ ႀကီးထြားႏိုင္မယ့္ ပတ္ဝန္းက်င္မ်ိဳးမွာ ႀကီးျပင္းေဆာ့ကစားၾကရဖို႔ အေရးႀကီးတာေပါ့။ ၿပီးေတာ့ ပင္ပန္းေနတာ၊ ဗိုက္ဆာေနတာ၊ စိတ္ဖိစီးေနတာ၊ အဖက္ခံ၊ အဂ႐ုစိုက္ခံခ်င္ေနတာေတြကို သူတို႔ကိုယ္သူတို႔ သိဖို႔လည္း အေရးႀကီးပါေသးတယ္။ ဒါမွ သူတို႔ေနမေကာင္းျဖစ္ရင္၊ ဝမ္းနည္းရင္၊ စိတ္ဖိစီးေနရင္ ေမေမ ေဖေဖကို အားကိုးႏိုင္မွန္းသိၿပီး သူတို႔ လိုအပ္တာ လုပ္ေပးေၾကာင္း နားလည္လာမွာပါ။ မိဘေတြေရာ၊ ကေလးထိန္းတဲ့သူေတြ အကုန္လုံးေရာ ကေလးကို ခ်စ္ခင္ၾကင္နာ ေႏြးေထြးစြာနဲ႔ ဆက္ဆံဖို႔ လိုပါတယ္။
● ေပ်ာ္စရာကစားနည္းေတြ ေဆာ့ကစားေပးပါ။ စကားေျပာတာ၊ စာဖတ္ျပတာ၊ သီခ်င္းဆိုျပတာ အားလုံးဟာ ကေလးေလးကို ေကာင္းေကာင္းႀကီးျပင္းေစဖို႔ လြယ္ကူတဲ့နည္းလမ္းေလးေတြပါပဲ။ ကေလးေလးနဲ႔ ေမွာက္လ်က္ေလး တူတူေနတာ၊ ၅ လကေလးနဲ႔ တူတူေရဝါး ေဆာ့တာမ်ိဳးေပါ့။
● ေကာင္းေကာင္းေကြၽးေမြးပါ။ ႏို႔တိုက္ႏိုင္တယ္ဆိုရင္ ပထမ ၆ လတာအတြက္းမွာ မိခင္ႏို႔က အေကာင္းဆုံး အာဟာရပါပဲ။ ေနာက္ပိုင္းမွာလည္း ျဖည့္စြက္စာလည္းေကြၽး၊ မိခင္ႏို႔လည္းတိုက္ႏိုင္ပါတယ္။ အေမ့ႏို႔ပဲတိုက္တိုက္၊ ႏို႔ဘူးပဲတိုက္တိုက္ ႏို႔တိုက္ခ်ိန္ကိုလည္း ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ အသုံးခ်ႏိုင္ပါတယ္။ မ်က္လုံးခ်င္း ဆုံၾကည့္တာ၊ ၿပဳံးျပတာ၊ အသားခ်င္းထိတာ စတာေတြဟာ ကေလးေလးအတြက္ေတာ့ အျပဳသေဘာေဆာင္ ဆက္ဆံေရးေတြပါပဲ။ ကေလးေလး ႀကီးလာတာနဲ႔အမွ် အသီးအႏွံေတြအပါအဝင္ အာဟာရဓာတ္ေတြ ျပည့္ျပည့္စုံစုံ ေကြၽးေပးဖို႔ အေရးႀကီးပါတယ္။
● ကေလးအတြက္ ေဈးႀကီးတဲ့အ႐ုပ္ေတြ မလိုပါဘူး။ လူႀကီးေတြက သူတို႔ကို ၿပဳံးျပတာဟာ ကေလးေတြအတြက္ အေကာင္းဆုံးအ႐ုပ္ပါပဲ။ ကေလးေတြအတြက္ ပညာရေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ထုတ္ထားတဲ့ လွ်ပ္စစ္အ႐ုပ္ေတြ၊ ဒီဗီဒီေတြ၊ တီဗီရႈိးေတြရွိေပမယ့္ ဒီပစၥည္းေတြဟာ တကယ္ပဲ ကေလးေတြအတြက္ အက်ိဳး ရွိ၊ မရွိဆိုတာ မွတ္တမ္းမွတ္ရာ မရွိပါဘူး။ တီဗီေတြ၊ ဗီဒီယိုေတြ ၾကည့္တယ္ဆိုတာ တစ္ဆင့္ဆက္သြယ္မႈေတြပါ။ အေကာင္းဆုံးက ေမေမ ေဖေဖတို႔၊ ေဘးပတ္ဝန္းက်င္ အသိုင္းအဝိုင္းတို႔နဲ႔ ဆက္သြယ္ေျပာဆိုတာကသာ အေရးပါပါတယ္။ အသက္ ၂ ႏွစ္ေအာက္ကေလးေတြမွာ ဖုန္းေတြ၊ တီဗီေတြ မၾကည့္သင့္ပါဘူး။
Nutroplex 1
>> ဘာေတြလုပ္ေပးသင့္သလဲ။
● ကေလးကို အၿမဲဂ႐ုစိုက္ၾကည့္ရႉပါ။ အထူးသျဖင့္ ကေလးေလး ဖ်ားနာေနခ်ိန္၊ ဗိုက္ဆာေနခ်ိန္၊ ဝမ္းနည္းေနခ်ိန္၊ အေခ်ာ့ခံခ်င္ေနခ်ိန္မ်ိဳးေတြမွာေပါ့။ ကေလးေတြဟာ လိုအပ္ေၾကာင္းကို နည္းမ်ိဳးစုံနဲ႔ ျပပါလိမ့္မယ္။ ဘာေတြမွန္းမသိ ေျပာေနတာ၊ အသံေတြထြက္ေနတာ၊ ၿပဳံးျပတာ စသျဖင့္ေပါ့။ ဒီအခ်ိန္မွာ ခ်စ္ခင္ၾကင္နာမႈနဲ႔ ဆက္ဆံလိုက္တာဟာ ကေလးဦးေႏွာက္ငယ္ေလး ဖြံ႕ၿဖိဳးမႈအတြက္ အေရးပါပါတယ္။
● ကေလးအတြက္ လုံၿခဳံေႏြးေထြးတဲ့အိမ္ကေလး တည္ေဆာက္ေပးပါ။ အိမ္မွာ ပူေလာင္မႈေတြမရွိဘဲ ေအးေဆးတည္ၿငိမ္ေနပါေစ။
● ကေလးကို ေဘးပတ္ဝန္းက်င္ေတြ ေလ့လာပါေစ။ ေဆာ့ကစားျခင္းက ကေလးကို ေလ့လာသင္ယူခြင့္ ရေစပါတယ္။ ၿပီးေတာ့ ေမေမ ေဖေဖတို႔ဟာ ကေလးအတြက္ ပထမဆံုးေသာ ကစားေဖာ္ကစားဖက္ပါပဲ။ ႐ိုး႐ိုးကစားနည္းေလးေတြ ေဆာ့ကစားေပးတာက လူေတြနဲ႔ သူတို႔ရဲ႕ ေဘးပတ္ဝန္းက်င္ေတြကို ေလ့လာသင္ယူႏိုင္စြမ္း ရေစပါတယ္။ ေန႔စဥ္လႈပ္ရွားလုပ္ကိုင္ေနရင္းနဲ႔မွ ကေလးကို စကားေလးေတြ ေျပာေျပာေပးဖို႔ မေမ့ပါနဲ႔။ ဘာေတြျဖစ္ေနတယ္ဆိုတာ ေျပာေပးပါ။ စိတ္ဝင္စားစရာ ေကာင္းတာေလးေတြကို လက္ညႇိဳးထိုးျပပါ။ ဒီလိုနည္းနဲ႔ အျမင္၊ အၾကား၊ အရသာ၊ အနံ႔ စတဲ့ အာ႐ုံေတြ ဖြံ႕ၿဖိဳးလာမွာပါ။
● ကေလးကို မွန္မွန္ က်န္းမာေရးစစ္ေဆးပါ။ ဆရာဝန္တစ္ေယာက္နဲ႔ မွန္မွန္ျပေနဖို႔ အေရးႀကီးပါတယ္။ ကာကြယ္ေဆးကို မွန္မွန္ထိုးပါ။
● လုံၿခဳံစိတ္ခ်ရတဲ့ ကေလးထိန္းကို ေ႐ြးပါ။ ကေလးကို အခ်ိန္ျပည့္ ၾကည့္မေနႏိုင္ဘူးဆိုရင္ ကေလးကို ကိုယ့္လိုၾကည့္ရႉေပးႏိုင္မယ့္ ကေလးထိန္းကို ရွာပါ။ ကိုယ္ တကယ္ ယုံၾကည္ရမယ့္သူမ်ိဳးေပါ့။
● အကူအညီလိုတဲ့အခါ အကူအညီေတာင္းခံပါ။ အရမ္းစိတ္ဖိစီးမႈေတြ မ်ားလာၿပီ၊ စိတ္ဓာတ္ေတြ က်ေနၿပီ၊ ကေလးအတြက္ အကူအညီ လိုေနၿပီဆိုရင္ အကူအညီေတာင္းခံဖို႔ မေမ့ပါနဲ႔။
Dr. Mya Phoo Ngon (www.drmyanmar.com)
Nutroplex 2
(Unicode)
● ကလေးကို အရိပ်တကြည့်ကြည့်နဲ့ အပြုသဘောဆောင် စောင့်ရှောက်မှုမျိုး လိုပါတယ်။ ကလေးတွေဟာ ဘေးပတ်ဝန်းကျင်ကလူတွေ နေ့စဉ်ပြုမူဆက်ဆံပုံမျိုးကို အတုယူကြပါတယ်။ ဒါကြောင့် ကလေးအတွက် လေ့လာသင်ယူ ကြီးထွားနိုင်မယ့် ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းဆော့ကစားကြရဖို့ အရေးကြီးတာပေါ့။ ပြီးတော့ ပင်ပန်းနေတာ၊ ဗိုက်ဆာနေတာ၊ စိတ်ဖိစီးနေတာ၊ အဖက်ခံ၊ အဂရုစိုက်ခံချင်နေတာတွေကို သူတို့ကိုယ်သူတို့ သိဖို့လည်း အရေးကြီးပါသေးတယ်။ ဒါမှ သူတို့နေမကောင်းဖြစ်ရင်၊ ဝမ်းနည်းရင်၊ စိတ်ဖိစီးနေရင် မေမေ ဖေဖေကို အားကိုးနိုင်မှန်းသိပြီး သူတို့ လိုအပ်တာ လုပ်ပေးကြောင်း နားလည်လာမှာပါ။ မိဘတွေရော၊ ကလေးထိန်းတဲ့သူတွေ အကုန်လုံးရော ကလေးကို ချစ်ခင်ကြင်နာ နွေးထွေးစွာနဲ့ ဆက်ဆံဖို့ လိုပါတယ်။
● ပျော်စရာကစားနည်းတွေ ဆော့ကစားပေးပါ။ စကားပြောတာ၊ စာဖတ်ပြတာ၊ သီချင်းဆိုပြတာ အားလုံးဟာ ကလေးလေးကို ကောင်းကောင်းကြီးပြင်းစေဖို့ လွယ်ကူတဲ့နည်းလမ်းလေးတွေပါပဲ။ ကလေးလေးနဲ့ မှောက်လျက်လေး တူတူနေတာ၊ ၅ လကလေးနဲ့ တူတူရေဝါး ဆော့တာမျိုးပေါ့။
● ကောင်းကောင်းကျွေးမွေးပါ။ နို့တိုက်နိုင်တယ်ဆိုရင် ပထမ ၆ လတာအတွက်းမှာ မိခင်နို့က အကောင်းဆုံး အာဟာရပါပဲ။ နောက်ပိုင်းမှာလည်း ဖြည့်စွက်စာလည်းကျွေး၊ မိခင်နို့လည်းတိုက်နိုင်ပါတယ်။ အမေ့နို့ပဲတိုက်တိုက်၊ နို့ဘူးပဲတိုက်တိုက် နို့တိုက်ချိန်ကိုလည်း ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အသုံးချနိုင်ပါတယ်။ မျက်လုံးချင်း ဆုံကြည့်တာ၊ ပြုံးပြတာ၊ အသားချင်းထိတာ စတာတွေဟာ ကလေးလေးအတွက်တော့ အပြုသဘောဆောင် ဆက်ဆံရေးတွေပါပဲ။ ကလေးလေး ကြီးလာတာနဲ့အမျှ အသီးအနှံတွေအပါအဝင် အာဟာရဓာတ်တွေ ပြည့်ပြည့်စုံစုံ ကျွေးပေးဖို့ အရေးကြီးပါတယ်။
● ကလေးအတွက် ဈေးကြီးတဲ့အရုပ်တွေ မလိုပါဘူး။ လူကြီးတွေက သူတို့ကို ပြုံးပြတာဟာ ကလေးတွေအတွက် အကောင်းဆုံးအရုပ်ပါပဲ။ ကလေးတွေအတွက် ပညာရစေဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ထားတဲ့ လျှပ်စစ်အရုပ်တွေ၊ ဒီဗီဒီတွေ၊ တီဗီရှိုးတွေရှိပေမယ့် ဒီပစ္စည်းတွေဟာ တကယ်ပဲ ကလေးတွေအတွက် အကျိုး ရှိ၊ မရှိဆိုတာ မှတ်တမ်းမှတ်ရာ မရှိပါဘူး။ တီဗီတွေ၊ ဗီဒီယိုတွေ ကြည့်တယ်ဆိုတာ တစ်ဆင့်ဆက်သွယ်မှုတွေပါ။ အကောင်းဆုံးက မေမေ ဖေဖေတို့၊ ဘေးပတ်ဝန်းကျင် အသိုင်းအဝိုင်းတို့နဲ့ ဆက်သွယ်ပြောဆိုတာကသာ အရေးပါပါတယ်။ အသက် ၂ နှစ်အောက်ကလေးတွေမှာ ဖုန်းတွေ၊ တီဗီတွေ မကြည့်သင့်ပါဘူး။
>> ဘာတွေလုပ်ပေးသင့်သလဲ။
● ကလေးကို အမြဲဂရုစိုက်ကြည့်ရှူပါ။ အထူးသဖြင့် ကလေးလေး ဖျားနာနေချိန်၊ ဗိုက်ဆာနေချိန်၊ ဝမ်းနည်းနေချိန်၊ အချော့ခံချင်နေချိန်မျိုးတွေမှာပေါ့။ ကလေးတွေဟာ လိုအပ်ကြောင်းကို နည်းမျိုးစုံနဲ့ ပြပါလိမ့်မယ်။ ဘာတွေမှန်းမသိ ပြောနေတာ၊ အသံတွေထွက်နေတာ၊ ပြုံးပြတာ စသဖြင့်ပေါ့။ ဒီအချိန်မှာ ချစ်ခင်ကြင်နာမှုနဲ့ ဆက်ဆံလိုက်တာဟာ ကလေးဦးနှောက်ငယ်လေး ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။
● ကလေးအတွက် လုံခြုံနွေးထွေးတဲ့အိမ်ကလေး တည်ဆောက်ပေးပါ။ အိမ်မှာ ပူလောင်မှုတွေမရှိဘဲ အေးဆေးတည်ငြိမ်နေပါစေ။
● ကလေးကို ဘေးပတ်ဝန်းကျင်တွေ လေ့လာပါစေ။ ဆော့ကစားခြင်းက ကလေးကို လေ့လာသင်ယူခွင့် ရစေပါတယ်။ ပြီးတော့ မေမေ ဖေဖေတို့ဟာ ကလေးအတွက် ပထမဆုံးသော ကစားဖော်ကစားဖက်ပါပဲ။ ရိုးရိုးကစားနည်းလေးတွေ ဆော့ကစားပေးတာက လူတွေနဲ့ သူတို့ရဲ့ ဘေးပတ်ဝန်းကျင်တွေကို လေ့လာသင်ယူနိုင်စွမ်း ရစေပါတယ်။ နေ့စဉ်လှုပ်ရှားလုပ်ကိုင်နေရင်းနဲ့မှ ကလေးကို စကားလေးတွေ ပြောပြောပေးဖို့ မမေ့ပါနဲ့။ ဘာတွေဖြစ်နေတယ်ဆိုတာ ပြောပေးပါ။ စိတ်ဝင်စားစရာ ကောင်းတာလေးတွေကို လက်ညှိုးထိုးပြပါ။ ဒီလိုနည်းနဲ့ အမြင်၊ အကြား၊ အရသာ၊ အနံ့ စတဲ့ အာရုံတွေ ဖွံ့ဖြိုးလာမှာပါ။
● ကလေးကို မှန်မှန် ကျန်းမာရေးစစ်ဆေးပါ။ ဆရာဝန်တစ်ယောက်နဲ့ မှန်မှန်ပြနေဖို့ အရေးကြီးပါတယ်။ ကာကွယ်ဆေးကို မှန်မှန်ထိုးပါ။
● လုံခြုံစိတ်ချရတဲ့ ကလေးထိန်းကို ရွေးပါ။ ကလေးကို အချိန်ပြည့် ကြည့်မနေနိုင်ဘူးဆိုရင် ကလေးကို ကိုယ့်လိုကြည့်ရှူပေးနိုင်မယ့် ကလေးထိန်းကို ရှာပါ။ ကိုယ် တကယ် ယုံကြည်ရမယ့်သူမျိုးပေါ့။
● အကူအညီလိုတဲ့အခါ အကူအညီတောင်းခံပါ။ အရမ်းစိတ်ဖိစီးမှုတွေ များလာပြီ၊ စိတ်ဓာတ်တွေ ကျနေပြီ၊ ကလေးအတွက် အကူအညီ လိုနေပြီဆိုရင် အကူအညီတောင်းခံဖို့ မမေ့ပါနဲ့။
Dr. Mya Phoo Ngon (www.drmyanmar.com)
















