/
news/ကလေးများနှင့်ကျန်းမာရေး/တိရစ္ဆာန်တွေကို-ထိတွေ့လို့ရတဲ့-တိရစ္ဆာန်ဥယျာဉ်ကို-မိသားစုနဲ့သွားရာကနေ

တိရစ္ဆာန်တွေကို ထိတွေ့လို့ရတဲ့ တိရစ္ဆာန်ဥယျာဉ်ကို မိသားစုနဲ့သွားရာကနေ မထင်မှတ်တဲ့ဖြစ်ရပ်နဲ့ တွေ့ကြုံခဲ့ရတဲ့ မောင်နှမ (၂) ဦး

Category
ကလေးများနှင့်ကျန်းမာရေး

တိရစ္ဆာန်တွေကို ထိတွေ့လို့ရတဲ့ တိရစ္ဆာန်ဥယျာဉ်ကိုသွားရာကနေပြီးတော့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တစ်ယောက် သေဆုံးပြီးတော့ သူမရဲ့အစ်ကိုမှာတော့ သူ့ဘဝတစ်လျှောက်လုံး ရုန်းကန်နေရတဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။
မိသားစုနဲ့အတူ အပြင်ထွက်လည်ရတာက ပျော်ဖို့ကောင်းပေမယ့်လည်း တစ်ခါတလေမှာတော့ မခန့်မှန်းနိုင်တဲ့လှည့်ကွက်တွေ ကြုံတွေ့ရနိုင်ပါတယ်။ Minessota မိသားစုဟာဆိုရင် ကလေးတစ်ယောက် သေဆုံးပြီး နောက်တစ်ယောက်က တစ်သက်လုံး ရောဂါကို တိုက်ခိုက်နေရတဲ့ ဖြစ်ရပ်မျိုးကို ကြုံတွေ့ခဲ့ရပါတယ်။
Kade နဲ့ Kallan ဆိုတဲ့ မောင်နှမနှစ်ယောက်က သူတို့ရဲ့မိသားစုနဲ့အတူ တိရစ္ဆာန်တွေကို ထိတွေ့လို့ရတဲ့ တိရစ္ဆာန်ဥယျာဉ်ကိုသွားပြီး အဲဒီက တိရစ္ဆာန်တွေနဲ့အတူ ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာအနေနဲ့ ဒီလိုထွက်ပြီးတော့ သိပ်မကြာခင်မှာ မောင်နှမနှစ်ယောက်လုံး အရမ်းနေမကောင်းဖြစ်ပြီးတော့ သွေးဝမ်းတွေသွား၊ မရပ်မနား အန်ခဲ့ပါတယ်။ နှစ်ယောက်စလုံးမှာ E.coli ရောဂါပိုး ကူးစက်ခံရတယ်လို့ သတ်မှတ်ခံရကာ နှစ်ယောက်စလုံး ရုတ်တရက် ကျောက်ကပ်ပျက်စီးမှုကို ခံစားရပြီး hemolytic uremic syndrome လို့ခေါ်တဲ့ နောက်ဆက်တွဲဆိုးကျိုးကို ခံစားတယ်လို့ ဆိုပါတယ်။
သတင်းဆိုးအနေနဲ့ Kade ကလေးကတော့ အသက်ဆုံးရှုံးသွားပြီး သူမရဲ့အစ်ကိုက အရမ်းကို နေမကောင်း ဖြစ်ခဲ့ပါတယ်။ ရောဂါကူးစက်ခံရတဲ့ အကြောင်းအရင်း အတိအကျကို အခုထိ နားမလည်နိုင်သေးပေမယ့်လည်း နှစ်ယောက်စလုံးက တိရစ္ဆာန်ဥယျာဉ်က တိရစ္ဆာန်တွေကနေ ကူးစက်ခံရတယ်လို့ ယုံကြည်ပါတယ်။ ကလေးမိဘတွေက ကလေးတွေ အရမ်းနာကျင်ခံစားနေရတာကို ဘာမှမကူညီနိုင်တာ အရမ်းကို ရင်နာရတယ်လို့ ပြောထားပါတယ။် Kallan လေးရဲ့ ကျောက်ကပ်က ဘက်တီးရီးယားပိုးဆီကလာတဲ့ အဆိပ်ကြောင့် ပြင်းထန်စွာ ပျက်စီးနေပြီးတော့ အသက်ရှင်ဖို့အတွက် အထောက်အပံ့စနစ်နဲ့ နေနေရတယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ ကလေး အနည်းငယ် တိုးတက်လာမှုရှိပြီးတော့ မိသားစုအနေနဲ့ ကလေးက ဒီရောဂါကို အောင်မြင်စွာ တိုက်ထုတ်နိုင်ဖို့ကို မျှော်လင့်နေပါတယ်။
ဒီဖြစ်စဉ်အရ ကလေးတစ်ယောက်ကို ဒီလိုတိရစ္ဆာန်တွေကို ထိတွေ့လို့ရတဲ့ တိရစ္ဆာန်ဥယျာဉ်ကို ခေါ်သွားမယ်ဆိုရင် လိုက်နာရမယ့်အချက်တွေကို မိဘတွေအနေနဲ့ သိထားသင့်ပါတယ်။
●  တိရစ္ဆာန်ကို ထိတွေ့ကိုင်တွယ်ပြီးပြီးချင်း (သို့) တိရစ္ဆာန်နေတဲ့နေရာကိုထိပြိးရင် ချက်ချင်း လက်ဆေးသင့်ပါတယ်။
●  တိရစ္ဆာန်တွေကို ထိတွေ့မှုရှိရှိ၊ မရှိရှိ ဒီနေရာတွေက ထွက်လာပြီဆိုရင် လက်ဆေးပါ။
●  ရေနဲ့ ဆပ်ပြာမရှိဘူးဆိုရင် လက်သန့်စင်ဆေးရည်နဲ့ အရင်ဆေးကြောထားပြီးတော့ ရေတွေ၊ ဆပ်ပြာတွေရှိတဲ့နေရာ ရောက်တာနဲ့ ချက်ချင်းပြန်ဆေးပါ။
●  တိရစ္ဆာန်ဥယျာဉ်တွေ သွားတဲ့အခါမှာ အသက် ၅ နှစ်အောက်ကလေးတွေကို လူကြီးမိဘတွေရဲ့ မျက်စီအောက်မှာ အမြဲထားရပါမယ်။
●  တိရစ္ဆာန်တွေ နေတဲ့နေရာတွေမှာ (သို့) တိရစ္ဆာန်တွေ အနီးအနားရောက်ရင် ကလေးကို သူတို့ရဲ့လက်ချောင်း၊ လက်မနဲ့ အခြားအရာတွေကို ပါးစပ်ထဲမထည့်ဖို့ သေချာစောင့်ကြည့်ပါ။
●  အရုပ်တွေ၊ အစားအစာတွေ၊ ပုလင်းတွေ၊ ခွက်တွေ၊ နေ့လည်စာထမင်းဘူးတွေကို တိရစ္ဆာန်တွေ ထားတဲ့နေရာကို ဘယ်တော့မှ ယူမသွားပါနဲ့။
●  အိမ်ပြန်ရောက်တဲ့အခါမှာ တိရစ္ဆာန်အညစ်အကြေးတွေ၊ မစင်တွေကို နင်းမိလာနိုင်တဲ့အတွက် ဖိနပ်အောက်ခြေတွေကို သေချာပိုးသတ်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)