နို့သောက်ချိန်တိုင်း စိတ်မညစ်နေရဖို့ ...
ကျန်းမာစွာစားသောက်တတ်တဲ့ အလေ့အကျင့်ရအောင်ဆိုပြီး ကလေးတွေကို နို့တစ်ခွက် တိုက်ချင်ကြတာ မိဘတွေရဲ့ ဆန္ဒပါပဲ။ ဒါပေမဲ့ ကလေးတွေက နို့မသောက်ချင်ကြရင် မိဘတွေအနေနဲ့လည်း စိတ်ညစ်ရပါတယ်။ ကလေးတွေနို့သောက်ချိန်တိုင်းမှာ မေမေတို့ စိတ်မညစ်ရဖို့ နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။
>> တချို့ကလေးတွေဟာ ဘာကြောင့် နို့မသောက်ချင်ကြတာလဲ?
အရသာကြောင့် မသောက်ချင်ကြတာက အဓိကပါပဲ။ စားနေကျ အစားအသောက်တွေက အရသာကောင်းပြီး နို့ကအရသာမရှိရင် ကလေးတွေက နို့သောက်ချင်ကြမှာ မဟုတ်ပါဘူး။ ကျန်တာကတော့ အနံ့မခံနိုင်လို့၊ အရောင်မလှလို့ မသောက်ချင်ကြတာ ဖြစ်နိုင်ပါတယ်။
Dugro IA 1 (2022)

>> ကလေးတွေဟာ နို့သောက်ဖို့လိုသလား?
ကလေးတွေအနေနဲ့ နို့သောက်ဖို့ လိုအပ်ပါတယ်။ လျင်လျင်မြန်မြန်ပဲ ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးအသက်ရဲ့ အစောပိုင်းနှစ်တွေမှာ အာဟာရဓာတ် လုံလုံလောက်လောက်ရဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ကလေးအများစုဟာ အစားရွေးတာကြောင့် အာဟာရဓာတ်တွေကို နေ့စဉ်စားတဲ့ အစားအစာတွေကနေ အပြည့်အဝရနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအပြည့်အဝမရနိုင်တဲ့ အာဟာရလိုအပ်ချက်ကို နို့သောက်ခြင်းဖြင့် ဖြည့်ဆည်းပေးနိုင်ပါတယ်။
>> ကလေးတွေ နို့သောက်ချင်လာအောင် ဘယ်လိုလုပ်ကြမလဲ?
● နို့စမတိုက်ခင် ရက်အနည်းငယ်လောက်အလိုမှာ ဒိန်ချဉ်၊ ချိစ် စတဲ့ နို့ထွက်ပစ္စည်းတစ်မျိုးမျိုးကို အရင်ကျွေးကြည့်ပါ။ ဒီအရသာတွေကို အသားကျသွားရင် နို့သောက်ရတာလည်း ကလေးအတွက် အဆင်ပြေလာပါလိမ့်မယ်။
● စတိုက်တိုက်ချင်းမှာ တစ်ခွက်အပြည့်မထည့်ဘဲ နည်းနည်းသာထည့်ပေးပြီး ကုန်အောင်သောက်စေပါ။ နောက်မှ ဖြည်းဖြည်းချင်း ပမာဏကို တိုးသွားပါ။
● အမြဲလိုလို နို့ချည်းတိုက်နေတာမျိုးမဟုတ်ဘဲ တစ်ခါတလေ အရသာကောင်းအောင် မစ်ရှိတ်ဖြစ်ဖြစ်၊ Smoothie ဖြစ်ဖြစ် လုပ်ကျွေးကြည့်ပါ။ ကလေးအကြိုက်အရသာရှိတဲ့ နို့တွေကိုလည်း တိုက်ပေးလို့ရပါတယ်။
● နို့အနံ့ကိုမကြိုက်ဘူးဆိုရင် ဗင်နီလာအမှုန့်ဖြစ်ဖြစ်၊ အသီးခြောက်အမှုန့်ဖြစ်ဖြစ် နို့ထဲကိုထည့်ပြီး အနံ့ဖုံးသွားအောင် လုပ်ပေးပါ။
● နို့သောက်ချိန်မှာ ကလေးကို ကိုယ်တိုင် နို့တစ်ခွက် ဖျော်ခိုင်းလိုက်ပါ။ နို့ဖျော်နေရာကနေ သူ့ဘာသာသူတောင် မသိလိုက်ဘဲ နို့သောက်လိုက်မိတာမျိုး ဖြစ်နိုင်ပါတယ်။
● မိဘတွေကိုယ်တိုင်က စံနမူနာဖြစ်နေဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ကလေးနို့သောက်ချိန်မှာ ကော်ဖီတွေ၊ လက်ဖက်ရည်တွေ မသောက်ဘဲ ကလေးနဲ့အတူ နို့ကိုသာ သောက်ပေးပါ။
● နို့ပူပူချည်း သောက်နေရရင် ကလေးအနေနဲ့လည်း ငြီးငွေ့လာနိုင်ပါတယ်။ ဒါကြောင့် နို့အေးအေးလေးတိုက်တာ၊ နို့ကို အေးခဲစေပြီး ရေခဲချောင်းအနေနဲ့ကျွေးတာမျိုး လုပ်ကြည့်ပါ။
● ကလေးကြိုက်တဲ့ မုန့်တွေ၊ ဘီစကစ်တွေနဲ့ တွဲတိုက်ပေးပါ။
Dugro IA 1 (2022)

>> နို့တိုက်ဖို့အတွက် နို့အမျိုးအစားတွေကို ဘယ်လိုရွေးချယ်ကြမလဲ?
ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါ၊ မပါကို Food Label ကြည့်ပြီးမှ ရွေးချယ်ဝယ်ယူပါ။ ကြီးထွားဖွံ့ဖြိုးချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်အချို့ကတော့ သံဓာတ်၊ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ၊ DHA တို့ပဲ ဖြစ်ပါတယ်။ သံဓာတ်က ကလေးတွေမှာ သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီက အရိုးတွေကြီးထွားသန်မာဖို့ လိုအပ်ပြီး DHA ကတော့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ ဒါ့အပြင် ကလေးတွေအတွက် အမျှင်ဓာတ်လည်း လိုအပ်ပါသေးတယ်။ အမျှင်ဓာတ်က အစာချေစနစ်ကို ကောင်းမွန်စေတာကြောင့် ကိုယ်ခံအားကောင်းဖို့ အထောက်အကူပေးပါတယ်။
ဈေးနှုန်းသင့်တင့်ပြီး အာဟာရတန်ဖိုးစုံလင်တဲ့ နို့အမျိုးအစားကို ရှာဖွေနေရင်တော့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေ ရှိပါတယ်။ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) ဟာဆိုရင် ကလေးတွေရဲ့ အာဟာရလိုအပ်ချက်အတိုင်း ဖော်စပ်ထားတာဖြစ်လို့ အသက်နှစ်နှစ်ကနေ ကိုးနှစ်အရွယ် ကလေးတွေကို ဂရုတစိုက် တိုက်ကျွေးပေးသင့်တဲ့ နို့အမျိုးအစားပဲ ဖြစ်ပါတယ်။ ကလေးတွေ ကြိုက်နှစ်သက်တဲ့ အရသာလည်းရှိပြီး ကလေးဖြည့်စွက်အာဟာရ၊ ထမင်းဟင်းတို့နဲ့လည်း တွဲဖက်ကျွေးနိုင်လို့ ကလေးတွေကို နို့တိုက်ချင်တဲ့ မိဘတွေအတွက်တော့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေကို ရွေးချယ်ကြပါလို့ အကြံပြုချင်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)
















