ဘေဘီလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအဆင့်ဆင့်
< 1 လ >
● မျက်လုံးချင်းဆုံ၍ ကြည့်တတ်ခြင်း
● အော်ငို၍ အကူအညီတောင်းခြင်း
● မိဘများ၏ အသံနှင့်အပြုံးများကို တုံ့ပြန်ခြင်း
< 2 လ >
● ပြုံးရယ်တတ်လာခြင်း
● အခြားသူများနှင့် ကစားရခြင်းကို နှစ်သက်၍ ကစားခြင်းကို ရပ်လိုက်ပါက ငိုယိုခြင်း
● သက်ရှိများကို အရာဝတ္ထုများထက် ပိုမိုစိတ်ဝင်စားခြင်း
● မျက်နှာများကို မှတ်သားခြင်း
● အနီးအနားမှအသံများကို အသံထွက်၍ တုံ့ပြန်ခြင်း
● အလိုမကျမှုကို စတင်၍ ပြသတတ်လာခြင်း
< 3 လ >
● လူကြီးများ၏အာရုံစိုက်မှုကိုရရှိအောင် အသံထွက်၍ ဆွဲဆောင်ခြင်း
● အပြုံးကိုအပြုံးဖြင့် ပြန်လည်တုံ့ပြန်ခြင်း၊ လှိုက်လှိုက်လှဲလှဲ ပြုံးရယ်ခြင်းတွင် တစ်ကိုယ်လုံး ပါဝင်ပါသည်။ (လက်မောင်းကိုမြှောက်၍ ခြေထောက်များကို လှုပ်ကာရယ်မောခြင်း ဖြစ်ပါသည်)
● အချို့သောလှုပ်ရှားမှုနှင့် မျက်နှာအမူအရာများကိုအတုခိုးခြင်း
< 4 လ >
● ကလေးများကို စူးစမ်းလေ့လာခြင်း ပြင်ပ (သို့) တီဗီအစီအစဉ်တွင် ကလေးအသံကြားပါက လှည့်ကြည့်တတ်ခြင်း
● အခြားသူများ၏ အပြုအမူကိုကြည့်၍ (သို့) ကလိထိုးပါက ရယ်မောခြင်း
● ကစားခြင်းကို အနှောင့်အယှက်ပေးပါက အော်ငိုခြင်း
< 5 လ >
● မိမိကိုယ်ကို ပိုမို၍ ဂရုပြုတတ်လာခြင်း
● မိသားစုဝင်များနှင့် အခြားသူစိမ်းများကို ခွဲခြားတတ်လာခြင်း
● အစာစားစဉ် ကစားခြင်းကို နှစ်သက်ခြင်း
< 6 လ >
● ကစားစရာများကို အမြန်ငြီးငွေ့လွယ်သော်လည်း အခြားသူများ ဂရုစိုက်မှုကိုရယူရန် အမြဲကြိုးစားနေခြင်း
● ဗီဇလက္ခဏာ ပိုမိုထင်ရှားပေါ်လွင်လာခြင်း (အနေအေးသောကလေး (သို့) လှုပ်ရှားမှုကို နှစ်သက်သောကလေး)
● မိမိနာမည်ကို မှတ်မိခြင်း
● ပျော်ရွှင်နေပါက ခိုးခိုးခစ်ခစ် ရယ်မော၍ မကျေနပ်ပါက ငိုကြွေးခြင်း
● နှာမှုတ်သံ၊ လေချွန်သံ စသည့်အသံများ ပြုလုပ်တတ်လာခြင်း
< 7 လ >
● ငြင်းဆိုခြင်းကို စတင်နားလည်ခြင်း
● လူအများနှင့် ဆက်ဆံခြင်းကို နှစ်သက်ခြင်း
● စိတ်မကျေနပ်မှုကို ပိုမို၍ ပြသတတ်လာခြင်း
● လူကြီးများ၏အသံကို ကြိုးစား၍ အတုခိုးတတ်လာခြင်း
< 8 လ >
● ရင်းနှီးကျွမ်းဝင်မှုနှင့် မရင်းနှီမှုကို ခွဲခြားတတ်လာခြင်း
● သူစိမ်းများကို စိုးရွံ့ခြင်း
● အရုပ်ကို လက်လှမ်းမမီခြင်း (သို့) လုပ်ချင်သောအရာကို မလုပ်နိုင်ခြင်းများကြောင့် အသည်းအသန် ငိုကြွေးခြင်း
< 9 လ >
● အခြားသူများ၏ အပြုအမူများကို အတုခိုးခြင်း
● ရုပ်ပုံတစ်ခုကို နာမည်ပြောပါက မှန်ကန်စွာ ကြည့်တတ်ခြင်း
● မှန်ထဲရှိ မိမိရုပ်ပုံကို ပြုံးကြည့်၍ နမ်းခြင်း
● မိဘများအနီးတစ်ဝိုက်တွင် ကစားရသည်ကို နှစ်သက်ခြင်း (ဥပမာ - မိခင်ဟင်းချက်နေပါက မီးဖိုချောင်တွင် ကစားခြင်း)
● မိဘအနီးတွင် အခြားကလေးများရှိပါက မခံမရပ်နိုင် ပိုမိုဖြစ်လာခြင်း
< 10 လ >
● ခွဲခွာခြင်းကြောင့် စိုးရွံ့ထိတ်လန့်မှုကို စတင်ခံစားရခြင်း
● မိမိကိုယ်ကိုယုံကြည်မှု စတင်ဖွံ့ဖြိုးလာခြင်း
● ချီးမြှောက်အသိအမှတ်ပြုခြင်း (ဥပမာ - လက်ခုတ်တီးခြင်း) ကို တုံ့ပြန်ခြင်း
● အရပ်အမောင်းကို သတိပြုတတ်လာခြင်း
● ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း စသောခံစားမှုများကို ပြသခြင်း
< 11 လ >
● အသိအမှတ်ပြုမှုရရှိရန် ကြိုးစားခြင်း
< 12 လ >
● စိတ်ဆိုးစိတ်ကောက်ခြင်း
● တစ်ခါတစ်ရံ ပူးပေါင်းဆောင်ရွက်၍ တစ်ခါတစ်ရံတွင် ရှောင်ဖယ်ခြင်း
● ဟာသဉာဏ်ရွှင်လာသည်ကို ပြသခြင်း
● မိဘနှစ်ဦး (သို့) တစ်ဦးတည်းကိုသာ ပိုမိုတွယ်ကပ်ခြင်း
Dr. Thinzar Wynn (www.drmyanmar.com)
















