/
news/ကလေးများနှင့်ကျန်းမာရေး/မိခင်ကနေ-ရင်သွေးဆီသို့-ကိုဗစ်ကူးစက်ခြင်း

မိခင်ကနေ ရင်သွေးဆီသို့ ကိုဗစ်ကူးစက်ခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

အမေရိကန်နိုင်ငံရှိ ကိုဗစ်ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ ကိုယ်ဝန် ၃၄ ပတ်မှာ ကလေးကို ဗိုက်ခွဲမွေးဖွားခဲ့ပါတယ်။ ကလေးအား မွေးပြီးပြီးချိန်တွင် အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ခဲ့ပြီးနောက် တစ်ပတ်အကြာမှာတော့ မိခင်ပြန်လည်သက်သာပြီဖြစ်လို့ မိခင်နှင့်အတူ ပြန်ထားခဲ့ပါတယ်။
ကလေးငယ် ကူးစက်ရောဂါရှာဖွေရေးအဖွဲ့ရဲ့ လေ့လာချက်အရ ကလေးငယ်ရဲ့ မွေးပြီး ၂၄ နာရီအတွင်း နှာခေါင်းတို့ဖတ်အဖြေမှာ ပိုးမတွေ့ရှိခဲ့ပေမယ့် ၄၉ နာရီနောက်ပိုင်း သွေးစစ်ဆေးမှုအဖြေမှာတော့ Positive ဖြစ်ခဲ့ပြီး သွေးတွင်းမှာ ဗိုင်းရပ်စ်ပမာဏ များနေတာကို တွေ့ရှိခဲ့ပါတယ်။ သို့သော် ကလေးမှာတော့ ကိုဗစ်လက္ခဏာများ ပြသခြင်းမရှိခဲ့ပါဘူး။ နှာခေါင်းတို့ဖတ်မှာ ဗိုင်းရပ်စ်ကို တွေ့ပြီးချိန်မှာတော့ အချင်းသွေးနှင့် ဆီးမှာပါ ဗိုင်းရပ်စ်ကို တွေ့ရှိရပြီး အချင်းမှာတော့ ဗိုင်းရပ်စ်ကို မတွေ့ရှိပါဘူး။
●  ဆရာဝန်များ သတိပြုသင့်သည်ကတော့ ကိုဗစ်ပိုးရှိသူမိခင်ကနေ မွေးဖွားလာသော ရင်သွေးတွေမှာ ကိုဗစ်ပိုးရှိကြောင်း သက်သေပြဖို့ အချိန်အနည်းငယ်ပေးပြီး စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။
●  အမေရိကန်ကလေးဆရာဝန်များ အဖွဲ့အစည်းကတော့ မွေးကင်းစကလေးတွေကို ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာသာ နှာခေါင်းတို့ဖတ်ယူပြီး စစ်ဆေးဖို့နှင့် ရောဂါလက္ခဏာများမရှိပါက ထပ်မံစစ်ဆေးဖို့မလိုကြောင်း လမ်းညွန်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုနကလို ဖြစ်စဉ်ကတော့ မွေးကင်းစကလေးများမှာ မွေးပြီး ၄၈ နာရီနောက်ပိုင်းမှသာ ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးနိုင်ခဲ့တာကို မီးမောင်းထိုးပြသခဲ့တာ ဖြစ်ပါတယ်။
●  အချင်းမှာ ကိုဗစ်ဗိုင်းရပ်စ်ကို မတွေ့ဘဲ သွေးထဲမှာသာ တွေ့ရှိတာမို့ အမေကနေ ရင်သွေးဆီသို့ သွေးကနေတစ်ဆင့် ကူးစက်သလား ဒါမှမဟုတ် အချင်းရဲ့အချို့အစိတ်အပိုင်းတွေမှာကော ပိုးရှိနေနိုင်သလားဆိုတာတော့ စဉ်းစားစရာ ဖြစ်နေပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)