/
news/ကလေးများနှင့်ကျန်းမာရေး/မောင်နှမတွေချစ်ခင်စေဖို့

မောင်နှမတွေချစ်ခင်စေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

• မိဘတွေအနေနဲ့ မွေးကင်းစကလေးငယ်ကိုချစ်တာက သူတို့ကို (ကလေးကြီးတွေကို) ချစ်တဲ့နေရာမှာ အစားထိုးတာမဟုတ်ဘူး၊ နှစ်ယောက်စလုံးကို အတူတူချစ်တယ်ဆိုတာကို ကလေးကြီးတွေကိုနားလည်အောင်ပြောပြထားပေးဖို့လိုပါတယ်။

• ပြီးတော့ ကလေးကြီးကို သူက မိသားစုထဲမှာအရေးကြီးတယ်ဆိုတာကိုသိအောင်ပြောပြပေးပါ။ ဥပမာ- သားက ညီမလေးရဲ့အစ်ကိုပဲ သားကသူ့ဘဝတစ်လျှောက်လုံးအရေးကြီးတာတွေကိုသင်ပေးရမှာ။ ဒါက တကယ့်ကိုအထူးပဲဆိုပြီးပြောပြပေးပါ။

• အိမ်မှာ ရင်သွေးအသစ်လေးရောက်လာရင်ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို စာအုပ်တွေရှာဖွေဖတ်ရှုပြီး ဗဟုသုတဖြည့်ဆည်းထားပါ။

• ကလေးအကြီးကို သူ့အသက်အရွယ်နဲ့ကိုက်ညီတဲ့ အငယ်လေးနဲ့ပတ်သက်တဲ့ တာဝန်လေးပေးထားပါ။ သေးခံယူပေးတာမျိုး၊ ကလေးအဝတ်လေးတွေရွေးပေးတာမျိုး၊ ကလေးအကျႌဝတ်ရင် ကူညီပေးတာမျိုးစတာလေးတွေကို တာဝန်ယူပါစေ။ ဒါ့အပြင် ကလေးအစာကျေွးတဲ့အခါမှာကူပေးနိုင်သလို ပုခက်လည်းလွှဲပေးလို့ရပါတယ်။ ဒီလိုမျိုးအကူအညီတွေရလို့ အဆင်ပြေတယ်ဆိုတဲ့အကြောင်းကလေးကို ပြောပြပေးပါ။

Ceelin 1

• ကလေးအကြီးကိုပစ်မထားဘဲ သူနဲ့နှစ်ယောက်တည်းအချိန်ပေးနိုင်ဖို့လည်းအစီအစဉ်ဆွဲထားပါ။ ဒါက ကိုယ်ကလေးအငယ်ကိုပဲအာရုံစိုက်နေချိန်မှာ ကလေးအကြီးကို သူ့အလုပ်သူဖြောင့်ဖြောင့်လုပ်နေဖို့ စိတ်ခွန်အားပေးပါတယ်။

• တခြားသူတွေက ကလေးငယ်ကိုပဲအာရုံစိုက်နေတဲ့အခါမှာ ကလေးအကြီးလေးကို ဒီလိုပြောပြထားပေးပါ။ အပြင်သွားတဲ့အခါ၊ ပွဲတွေသွားတဲ့အခါမှာ လူတွေက မောင်လေး/ညီမလေးကိုပဲ ဝိုင်းကြည့်ပြီးဂရုစိုက်နေလိမ့်မယ်။ ဒါကလူတွေက ကလေးငယ်လေးတွေကိုချစ်တတ်လို့ သား/သမီးကိုမချစ်လို့မဟုတ်ဘူးနော်ဆိုပြီး နားလည်သဘောပေါက်အာင်ပြောပြထားပေးပါ။

• တခြားလူတွေက ကလေးငယ်လေးကိုပဲအာရုံစိုက်နေချိန်မှာ မိဘတွေအနေနဲ့ ကလေးကြီးကို ပိုပြီးချစ်ပေးဖို့လိုပါတယ်။ ကိုယ့်ရဲ့ရင်းနှီးတဲ့သူတွေ၊ ဆွေမျိုးတွေကို ကလေးအကြီးကိုလည်း ဂရုစိုက်ပေးဖို့မှာထားပါ။

www.drmyanmar.com

Ceelin 2

(Unicode)








www.drmyanmar.com