/
news/ကလေးများနှင့်ကျန်းမာရေး/မျက်စိစမ်းသပ်ဖို့လိုနေတဲ့-သားသားမီးမီးတွေ

မျက်စိစမ်းသပ်ဖို့လိုနေတဲ့ သားသားမီးမီးတွေ

Category
ကလေးများနှင့်ကျန်းမာရေး

        မျက်လုံးအမြင်အားကောင်းပြီး ကျန်းမာတဲ့ကလေးတွေရှိသလို မျက်စိမကောင်းလို့ စာသင်ရတာ အခက်အခဲဖြစ်နေတတ်တဲ့ ကလေးလေးတွေလဲ ရှိပါတယ်။ ဒီတော့ ကလေးတွေမှာ ဘယ်လိုလက္ခဏာတွေပြရင် မျက်စိဆေးခန်းခေါ်သွားဖို့လိုနေပြီလဲဆိုတာ ကြည့်လိုက်ရအောင်။

မျက်ခွံတွဲကျတာတွေရှိရင်

• မျက်လုံးအိမ်ထဲက အဆံကဖြူနေရင်

• အလွန်အကျွံမျက်ရည်ကျရင်

• အလင်းစူးတာကို မခံနိုင်ဘဲ ခဏခဏ လွှဲဖယ်ပြီး မျက်တောင်ခတ်နေရင်

• မျက်လုံးတဖက်တည်းရဲနေရင်

• မျက်လုံးတဖက်တည်းက ရောင်ပြီး မျက်ဝတ်တွေထွက်ရင်

• မျက်လုံးကိုမကြာခဏပွတ်သတ်ရင်

• တီဗီကြည့်တဲ့အခါ ကပ်ကြည့်ရင်

• ဘာကိုပဲကြည့်ကြည့် အတင်းဆွဲကပ်ပြီး ကြည့်နေပြီဆိုရင်

• အဝေးကိုကြည့်နေချိန်မှာ မျက်စိစွေသွားရင်

• ခေါင်းကိုစောင်းပြီး ငုံ့ပြီး တခုခုကိုကြည့်တိုင်း စိတ်ပူ နေသလိုအမူအရာပြရင်

• မျက်လုံးတဖက်ပိတ် တဖက်ဖွင့်ပြီး ကြည့်ရင်

ဒါ့အပြင် ကျောင်းမှာ စာသင်တဲ့အခါ ပြသနာရှိမရှိ ဆရာမနဲ့ ဆွေးနွေးကြည့်ပါ။

အတန်းတူတွေနဲ့ ဆက်ဆံရေး၊ သူ့ရဲ့ လုပ်ဆောင်မှု မှတ်တမ််း အမှတ်စာရင်းတွေကို ကြည့်ပါ။ အမြင်အာရုံမကောင်းလို့ စာမလိုက်နိုင်တဲ့အခါ ကလေးတွေ စိတ်ဖိစီးလာတတ်ကြပါတယ်။ ပြေးလွှားဆော့ရဲ့လား ငိုင်ပြီးထိုင်နေတတ်တဲ့ ကလေးလားဆိုတာ စောင့်ကြည့်ပါ။ ကလေး စာလေ့လာတဲ့အခါ ကြာကြာထိုင်ပြီး အာရုံစူးစိုက်နိုင်မှုရှိ၊ မရှိ မေးကြည့်ပါ။

မျက်ဝန်းအမြင်အားလျော့နည်းနေပြီး ပြဿနာတစ်ခုခုရှိနေလို့ ဒီလက္ခဏာတွေပြလာတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေပြနေတဲ့ သားသား သို့မဟုတ် မီးမီးကို မျက်စိစင်တာတစ်ခုခုဆီအမြန်ဆုံးခေါ်သွားပေးဖို့ အကြံပြုလိုက်ပါတယ်နော်။

 

www.drmyanmar.com