/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစကလေးတွေမှာ-ခေါင်းလေးတွေပုံစံမမှန်ရင်

မွေးကင်းစကလေးတွေမှာ ခေါင်းလေးတွေပုံစံမမှန်ရင်

Category
ကလေးများနှင့်ကျန်းမာရေး

ဘေဘီလေးတွေရဲ့ ခေါင်းက တချို့ဧရိယာလေး တွေမှာ ကွက်ပြီး ပြားပြားလေး ဖြစ်နေတာ တွေ့ဖူးကြမှာပါ။ 

ဒီလိုလေး ပြားနေရတဲ့အကြောင်းကတော့ တဖက်တည်းကို လှဲသိပ်ခြင်း ကလေးကို လှည့်မပေးခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ မွေးကင်းစလေးတွေရဲ့ ခေါင်းက ပျော့ပျော့လေးလေ။

တကယ်တော့ ဦးခေါင်းပုံစံမမှန်တာက ပြသနာသိပ်မရှိတတ်ပါဘူး။ ကြီးထွားနှုန်းနှေးတာ ညဏ်မကောင်းတာတွေနဲ့ ဆက်စပ်မှုမရှိပါဘူး။ ဦးခေါင်းခွံကအရိုးတွေအသွင်ပြောင်းပြီး ဖိနှိပ်တာတွေကြောင့် ဖြစ်တာဖြစ်လို့ စိတ်မပူပါနဲ့ ။

ခေါင်းကလေးတွေပုံစံမမှန်ဘူးထင်ရင် ..

• တဖက်တည်းကွက်ပြီး ဆံပင်မပေါက်ခြင်း

• ခေါင်းလေးက မဝိုင်းဘဲ ခပ်ပြားပြားလေး စောင်းနေရင်

• ဦးခေါင်းပေါ်မှာ မာနေတဲ့အရိုးဇောင်းနေရာလေးတွေရှိမယ်

• ပြားနေတဲ့ဘက်က နားရွက်ပုံစံလေးပါ တွန့်တွန့်ခေါက်ခေါက်လေးဖြစ်နေမယ်။

Ceelin 1

ဘေဘီလေးရဲ့ ခေါင်းလေးကိုလှပီး ဝိုင်းဝိုင်းလေးဖြစ်ချင်ရင်…

ပက်လက်အကြာကြီးမသိပ်ဘဲ မှောက်ရက်လေး ခဏထားပေးပါ။ စောင့်ကြည့်ပေးပါ။ ကလေးကိုမကြာခဏစောင်းပေးပါ။ နှာခေါင်းပေါက်ပိတ်မှာစိုးလို့ ကလေးခေါင်းလေးကို စောင်းပေးတဲ့အခါ မှောက်ကြည့်တဲ့အခါ မေမေက ဘေးကနေ တစိုက်မတ်မတ်ကြည့်ပေးဖို့လိုပါတယ်နော်။

 

မွေးကတည်းကပြားတာလား ? မွေးပြီးမှလား……..

 

ကလေးအိပ်ပုံအနေအထား တသမတ်တည်း ထားတာကြောင့် ဦးခေါင်းပုံစံမမှန်တာက စိတ်မပူရပေမယ့် ဝမ်းတွင်းကတည်းက ဦးနှောက်အရိုးပုံစံ ပြောင်းပြီး ခေါင်းလေးပြားနေတာကျတော့ ကလေးအထူးကုဆရာဝန်နဲ့ပြသပြီး ခွဲစိတ်မှု လိုမလိုမေးဖို့ လိုတတ်ပါတယ်။ မူမမှန်တဲ့ ဦးခေါင်းပုံစံတချို့ဟာ ဦးနှောက်ဖွံဖြိုး မှု တချို့ကို နှောင့်နှေးစေလို့ပါ။ ဥပမာ အရိုးဆက်ကြောင်းတွေ စောပြီးပိတ်သွားတာမျိုးပေါ့။ 

များသောအားဖြင့်ကတော့ တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ဦးခေါင်းပုံစံလေးက မှန်လာပြီး ဆံပင်ပေါက်လာကြောင့် ထေပြီးသားဖြစ်သွားလေ့ရှိပါတယ်။

 

ပတ် ကနေ ၈ပတ်သား ဘေဘီလေးတွေမှာဦးခေါင်းပုံစံမမှန်တာတွေှိခဲ့မယ်ဆိုရင် ....

 

• ကွက်ပြီးပြားနေတဲ့နေရာလေးတွေတွေ့တဲ့အခါ

• နားရွက်လေးပုံစံမမှန်ရင်

• မျက်လုံးလေးစောင်းနေရင်

• ဦးခေါင်းမှာ ငယ်ထိပ်နေရာလေးပျောက်နေရင်

• ခေါင်းပေါ်မှာ မာကြောတဲ့အရိုးဆက်ကြောင်းတွေရှိရင် ဆရာဝန်ကို ချက်ချင်းပြသတိုင်ပင်ကြပါနော်။ 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Ceelin 2

(Unicode)









 



 


 



 


 





