ယနေ့ခေတ် ကလေးငယ်များ ကြုံနေရတာတွေ ...
>> မီဒီယာနဲ့ တိုးတက်လာတဲ့ နည်းပညာတွေ
ဒါတွေ တိုးတက်လာတာဟာ ကမ္ဘာကြီးပေါ်က အကြောင်းအရာတွေ၊ သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူ သိနိုင်တယ် ဆိုပေမယ့် တစ်ပြိုင်တည်းမှာဘဲ ထိုင်ရာမထနေခြင်းကြောင့် ပျင်းရိတာ၊ အဝလွန်တာတွေအပြင် ကိုယ့်ကိုကိုယ် မကျေနပ်မှုတွေပါ များလာနိုင်ပါတယ်။
>> လှုမှုကွန်ရက် (social media) အသုံးပြုခြင်းတွေ
မိဘတွေအနေနဲ့ သားသမီးတွေကို social media ပေးသုံးတော့မယ်ဆိုရင် ဘယ်အချိန်မှာ စသုံးခိုင်းမလဲရယ်၊ ဘယ်လိုပုံစံနဲ့ သုံးခိုင်းမလဲ ဆိုတာရယ်က အရေးကြီးပါတယ်။ Social media သုံးခြင်းကြောင့် သူငယ်ချင်းတွေ ရလာမယ်၊ ဗဟုသုတအသစ်တွေ ရလာနိုင်တယ် ဆိုပေမဲ့ တစ်zက်မှာလည်း cyber bullying လို့ခေါ်တဲ့ အွန်လိုင်းပေါ်က တိုက်ခိုက် ဝေဖန်တာတွေ၊ မသမာသူတွေရဲ့ သွေးဆောင်ဖျားယောင်း အမြတ်ထုတ်တာတွေကို တွေ့ကြုံရနိုင်ပါတယ်။
>> ညစ်ညမ်းစာပေ၊ ရုပ်ရှင်တွေ အလွယ်တကူ ရနိုင်လာတာတွေ
Internet ပေါ်တတ်ပြီး click တစ်ချက် နှိပ်ရုံနဲ့ အကုန်ရှာလို့ရနေတဲ့ ခေတ်ကြီးမှာ စစ်တမ်းတွေအရ ကလေးငယ်တွေ ညစ်ညမ်းစာပေ၊ ရုပ်ရှင်တွေနဲ့ ပထမဆုံးထိတွေ့တဲ့ အသက်အရွယ်က ၈ နှစ်ကနေ ၁၁ နှစ်အတွင်းပါတဲ့။ ဒါကို မိဘတွေအနေနဲ့ ကိုယ့်ကလေးနဲ့ အနီးကပ်နေပြီး ဂရုစိုက် စောင့်ကြည့်ဖို့လိုပါတယ်။ စဉ်းစားဆင်ခြင်နိုင်တဲ့ အသက်အရွယ်မှာ ဒါတွေ ကြည့်တာ၊ ဖတ်တာဟာ ပြဿနာ မဟုတ်ပင်မယ့် ငယ်ရွယ်သေးတဲ့ အချိန်မှာတော့ အတွေးအခေါ်အမှားတွေ၊ ရိုက်ပြ၊ ရေးပြထားတာကို တကယ်အမှန်ထင်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
EC Kidz IA 1
>> ကလေးသူငယ် လိင်အမြတ်ထုတ်မှုတွေနဲ့ လိင်ကုန်ကူးမှုတွေ
ဒီနေ့ခေတ်မှာ အများဆုံး ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး လေ့လာသူတွေရဲ့ အဆိုအရ ကလေး ၅ ယောက်မှာ ၁ ယောက်က လိင်အမြတ်ထုတ်ခံနေရပြီး ကြူးလွန်သူဟာလည်း ကလေးတွေ သိတဲ့၊ ရင်းနှီးတဲ့လူ ဖြစ်နေတတ်ပါတယ်တဲ့။ ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေနဲ့ ဆိုရင်တောင် သေချာဂရုစိုက်ပြီး ကြည့်ပေးနေဖို့ လိုပါမယ်။ ဒီလိုတွေ မဖြစ်အောင်လည်း ကလေးကို ကြိုပြီး ဘယ်နားကိုတော့ အကိုင်မခံရဘူး၊ ဘယ်လို လုပ်တာမျိုးကို လက်မခံရဘူး ဆိုတာမျိုးတွေ သင်ပေးထားပါ။
>> ရပိုင်ခွင့်ရှိတယ်လို့ ထင်နေတာ
သူတို့ရနေတဲ့ အခွင့်အရေးတွေ၊ အခြေအနေတွေက ရသင့်တဲ့ ရပိုင်ခွင့်တွေလို့ ထင်ပြီး ကျေးဇူးမတင်တတ်တော့တာမျိုး ဖြစ်လာပါတယ်။ ဒီလိုဖြစ်ရတာကလည်း ဒီနေ့ခေတ် မိဘတွေဟာ အရင်ခေတ်က မိဘတွေလို မဟုတ်ဘဲ သားသမီးကို အရာရာ အဆင်သင့်ထား၊ အလိုလိုက် တတ်ကြတာကြောင့် ဖြစ်ပါတယ်။
>> ဒါ့ကြောင့် မိဘတွေအနေနဲ့ သားသမီးကို နည်းမှန်လမ်းမှန် စောင့်ရှောက်နိုင်ဖို့ဆိုရင် -
1. စကားများများ ပြောပါ။
2. ရင်းရင်းနှီးနှီး နေပါ။ သူငယ်ချင်းပေါင်း ပေါင်းပါ။
3. ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပါ။
4. လိင်အမြတ်ထုတ်မှုတွေ မကြုံရလေအောင် သင်ပေးထားပါ။
Dr. Htar (www.drmyanmar.com)
EC Kidz IA 2
(Zawgyi)
>> မီဒီယာနဲ႔ တိုးတက္လာတဲ့ နည္းပညာေတြ
ဒါေတြ တိုးတက္လာတာဟာ ကမာၻႀကီးေပၚက အေၾကာင္းအရာေတြ၊ သတင္းအခ်က္အလက္ေတြကို လြယ္လြယ္ကူကူ သိႏိုင္တယ္ ဆိုေပမယ့္ တစ္ၿပိဳင္တည္းမွာဘဲ ထိုင္ရာမထေနျခင္းေၾကာင့္ ပ်င္းရိတာ၊ အဝလြန္တာေတြအျပင္ ကိုယ့္ကိုကိုယ္ မေက်နပ္မႈေတြပါ မ်ားလာႏိုင္ပါတယ္။
>> လႈမႈကြန္ရက္ (social media) အသုံးျပဳျခင္းေတြ
မိဘေတြအေနနဲ႔ သားသမီးေတြကို social media ေပးသုံးေတာ့မယ္ဆိုရင္ ဘယ္အခ်ိန္မွာ စသုံးခိုင္းမလဲရယ္၊ ဘယ္လိုပုံစံနဲ႔ သုံးခိုင္းမလဲ ဆိုတာရယ္က အေရးႀကီးပါတယ္။ Social media သုံးျခင္းေၾကာင့္ သူငယ္ခ်င္းေတြ ရလာမယ္၊ ဗဟုသုတအသစ္ေတြ ရလာႏိုင္တယ္ ဆိုေပမဲ့ တစ္zက္မွာလည္း cyber bullying လို႔ေခၚတဲ့ အြန္လိုင္းေပၚက တိုက္ခိုက္ ေဝဖန္တာေတြ၊ မသမာသူေတြရဲ႕ ေသြးေဆာင္ဖ်ားေယာင္း အျမတ္ထုတ္တာေတြကို ေတြ႕ႀကဳံရႏိုင္ပါတယ္။
>> ညစ္ညမ္းစာေပ၊ ႐ုပ္ရွင္ေတြ အလြယ္တကူ ရႏိုင္လာတာေတြ
Internet ေပၚတတ္ၿပီး click တစ္ခ်က္ ႏွိပ္႐ုံနဲ႔ အကုန္ရွာလို႔ရေနတဲ့ ေခတ္ႀကီးမွာ စစ္တမ္းေတြအရ ကေလးငယ္ေတြ ညစ္ညမ္းစာေပ၊ ႐ုပ္ရွင္ေတြနဲ႔ ပထမဆုံးထိေတြ႕တဲ့ အသက္အ႐ြယ္က ၈ ႏွစ္ကေန ၁၁ ႏွစ္အတြင္းပါတဲ့။ ဒါကို မိဘေတြအေနနဲ႔ ကိုယ့္ကေလးနဲ႔ အနီးကပ္ေနၿပီး ဂ႐ုစိုက္ ေစာင့္ၾကည့္ဖို႔လိုပါတယ္။ စဥ္းစားဆင္ျခင္ႏိုင္တဲ့ အသက္အ႐ြယ္မွာ ဒါေတြ ၾကည့္တာ၊ ဖတ္တာဟာ ျပႆနာ မဟုတ္ပင္မယ့္ ငယ္႐ြယ္ေသးတဲ့ အခ်ိန္မွာေတာ့ အေတြးအေခၚအမွားေတြ၊ ႐ိုက္ျပ၊ ေရးျပထားတာကို တကယ္အမွန္ထင္သြားတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။
>> ကေလးသူငယ္ လိင္အျမတ္ထုတ္မႈေတြနဲ႔ လိင္ကုန္ကူးမႈေတြ
ဒီေန႔ေခတ္မွာ အမ်ားဆုံး ႀကဳံေတြ႕ေနရတဲ့ ျပႆနာတစ္ခုျဖစ္ၿပီး ေလ့လာသူေတြရဲ႕ အဆိုအရ ကေလး ၅ ေယာက္မွာ ၁ ေယာက္က လိင္အျမတ္ထုတ္ခံေနရၿပီး ၾကဴးလြန္သူဟာလည္း ကေလးေတြ သိတဲ့၊ ရင္းႏွီးတဲ့လူ ျဖစ္ေနတတ္ပါတယ္တဲ့။ ေဆြမ်ိဳးသားခ်င္း၊ သူငယ္ခ်င္းေတြနဲ႔ ဆိုရင္ေတာင္ ေသခ်ာဂ႐ုစိုက္ၿပီး ၾကည့္ေပးေနဖို႔ လိုပါမယ္။ ဒီလိုေတြ မျဖစ္ေအာင္လည္း ကေလးကို ႀကိဳၿပီး ဘယ္နားကိုေတာ့ အကိုင္မခံရဘူး၊ ဘယ္လို လုပ္တာမ်ိဳးကို လက္မခံရဘူး ဆိုတာမ်ိဳးေတြ သင္ေပးထားပါ။
>> ရပိုင္ခြင့္ရွိတယ္လို႔ ထင္ေနတာ
သူတို႔ရေနတဲ့ အခြင့္အေရးေတြ၊ အေျခအေနေတြက ရသင့္တဲ့ ရပိုင္ခြင့္ေတြလို႔ ထင္ၿပီး ေက်းဇူးမတင္တတ္ေတာ့တာမ်ိဳး ျဖစ္လာပါတယ္။ ဒီလိုျဖစ္ရတာကလည္း ဒီေန႔ေခတ္ မိဘေတြဟာ အရင္ေခတ္က မိဘေတြလို မဟုတ္ဘဲ သားသမီးကို အရာရာ အဆင္သင့္ထား၊ အလိုလိုက္ တတ္ၾကတာေၾကာင့္ ျဖစ္ပါတယ္။
>> ဒါ့ေၾကာင့္ မိဘေတြအေနနဲ႔ သားသမီးကို နည္းမွန္လမ္းမွန္ ေစာင့္ေရွာက္ႏိုင္ဖို႔ဆိုရင္ -
1. စကားမ်ားမ်ား ေျပာပါ။
2. ရင္းရင္းႏွီးႏွီး ေနပါ။ သူငယ္ခ်င္းေပါင္း ေပါင္းပါ။
3. ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတိုင္ပင္ပါ။
4. လိင္အျမတ္ထုတ္မႈေတြ မႀကဳံရေလေအာင္ သင္ေပးထားပါ။
Dr. Htar (www.drmyanmar.com)
















