ရင်သွေးလေးတွေကို ဆေးတိုက်တဲ့အခါ ဘေးကင်းစေဖို့ အသေအချာလိုက်နာရမယ့် အချက်တွေ
နေမကောင်းနေတဲ့ သားသားမီးမီးလေးတွေကို အလွယ်တကူဝယ်ရနိုင်တဲ့ ပါရာစီတမော အရည်တွေ ချောင်းဆိုးပျောက်ဆေးအရည်တွေ မိမိဘာသာ တိုက်လေ့ရှိတဲ့ မိဘတွေ သတိထားစရာတွေမို့ လေ့လာတင်ပြပေးလိုက်ပါတယ်။ ဒီအချက်လေးတွေကို မှတ်သားလိုက်နာပြီး ရင်သွေးလေးတွေကို
အန္တရာယ်ကင်းကင်းဆေးတိုက်ကြမယ်။
• ဆေးဝယ်တဲ့အခါ ဆေးဘူးပေါ်က စာကိုဖတ်တိုင်း ဆရာဝန် ဆေးဝါးပညာရှင် ဆရာမကို တပါတည်းရှင်းပြဖို့ တောင်းဆိုပါ။
• ကလေးအသက်အရွယ်နဲ့ အဆင်ပြေပါ့မလား ရှင်းလင်းအောင်မေးပါ။
• ဘူးထဲက ထည့်ထားတဲ့ခွက်လေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့အချိန်အဆအတိုင်း အတိအကျလိုက်နာပါ၊
Ceelin 1
• ကလေးငယ်တိုင်းကို ပေါင်ချိန်ချိန်ပြီးမှ ဆေးတွက်ဆပြီး ပေးတာကအမှန်ကန်ဆုံးဖြစ်ပါတယ်။
• သက်တမ်းလွန်ဆေးရည်တွေ ဆေးဝါးတွေ မဝယ်မိပါစေနဲ့။ ရက်လွန်မလွန်စစ်ဆေးပါ။
• အသက် ၄ နှစ်အောက်ကလေးတိုင်းကို ချောင်းဆိုးပျောက်ဆေးရည်တွေ ကိုယ်ထင်သလို ဝယ်မတိုက်ပါနဲ့။
• လူကြီးဆေးကို တခြမ်းတစိတ်လုပ်ပြီး ကလေးကိုမတိုက်ပါနဲ့။
• ကလေးမအိပ်လို့ဆိုပြီး ဘာမီတွန်တွေကြိတ်တိုက်တာလုံးဝမလုပ်ပါနဲ့။
• ဆေးဝါးတို်င်းကို ကလေးတွေနဲ့ လုံး၀လက်လှမ်းမမှီရာမှာ ထားပါ။
• အက်စပရင်ပါဝင်သောဆေးဝါးတွေမတိုက်မိပါစေနဲ့။
• ဆေးတိုက်ပြီး ယားတာ မောတာ ရောင်တာတွေကြုံရရင် ချက်ချင်းဆေးကိုရပ်ပြီး သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ပြသစစ်ဆေးပါ။
• ကလေးကိုကြည့်နေတဲ့ဆရာဝန်ဆရာမကို ကလေးကို တိုက်ရမယ့်ဆေးတွေ ဘေးထွက်ဆိုးကျိုးတွေ အကြိမ်ရေတွေနဲ့ ပတ်သက်တာတွေကိုမေးဖို့ မတွန့်ဆုတ်ပါနဲ့။
Ceelin 2
၃ လအောက်ကလေးတွေမှာ ဘာအကြောင်းကြောင့်ပဲဖျားဖျား ဆရာ၀န်ဆရာမရဲ့ တတ်ကျွမ်းတဲ့ ဆေးအကူအညီယူဖို့ လုံးဝမနှောင့်နှေးပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကလေးရဲ့ပင်မသွေးကြောစနစ်နဲ့ ဦးနှောက်ကြားမှာ အကာအကွယ်လွှာလေးက သိပ်မဖွံဖြိုးသေးလို့ပါ။ သဘောတရားကတော့ သွေးထဲက လာသမျှ ရောဂါပိုးတွေ ဟာ ဦးနှောက်ကို တိုက်ရိုက်ရောက်ရှိကူးစက်နိုင်ပါတယ်။ ပြီးတော့ ကလေးငယ်လေးတွေမှာ လူကြီးတွေလိုမျိုး စိုးရိမ်ရတဲ့ လက္ခဏာတွေ ပြသတာ သိပ်နည်းပါတယ်။ ဒါကြောင့် ပိုမိုဂရုစိုက်ပေးပြီး ဆရာ၀န်နဲ့သာ အလေးထားကုသဖို့ လိုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
















