/
news/ကလေးများနှင့်ကျန်းမာရေး/ရင်သွေးလေးတွေ-ပိန်နေတာ-ဘာကြောင့်လဲ၊-ဘယ်လိုဂရုစိုက်သင့်လဲ

ရင်သွေးလေးတွေ ပိန်နေတာ ဘာကြောင့်လဲ၊ ဘယ်လိုဂရုစိုက်သင့်လဲ

Category
ကလေးများနှင့်ကျန်းမာရေး

မိဘတိုင်းနီးပါးဟာ သားသားမီးမီးလေးတွေကို ၀၀ဖြိုးဖြိုးလေးအဖြစ် မြင်တွေ့ချင်ကြပါတယ်။ ကိုယ့်ဘက်က အစွမ်းကုန် ကျွေးမွေးပါလျက်နှင့် ကလေး ကိုယ်အလေးချိန်မတိုးလာပဲ ပိန်နေလို့ စိတ်ညစ်နေရတဲ့ မေမေတို့အတွက် ကိုယ်အလေးချိန်တိုးစေမယ့် နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

>>  ရင်သွေးလေးတွေ မဖွံ့ဖြိုးရတဲ့ အကြောင်းရင်းများ
(၁)  မျိုးရိုးအရ
မိဘနှစ်ယောက်စလုံးက ပိန်သွယ်သူများဆိုပါက မွေးလာတဲ့ကလေးဟာလည်း ပိန်ဖို့အလားအလာ များပါတယ်။

(၂)  အစာချေစနစ်ရောဂါများ
အစာအိမ်အချဉ်ပြန်ရောဂါ (GERD)၊ အူရောင်ရောဂါရှိသော ကလေးများအနေနှင့် ကိုယ်အလေးချိန် နည်းတတ်ပါတယ်။ အစာစားလိုက်တိုင်း ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ခြင်းတို့ ဖြစ်ပေါ်စေခြင်းကြောင့် ဖြစ်ပါတယ်။

(၃)  သိုင်းရွိုက်ရောဂါများ
ကလေးမှာ သိုင်းရွိုက် လွန်ကဲစွာ အလုပ်လုပ်သောပြဿနာ ရှိနေပါက ကိုယ်အလေးချိန် နည်းတတ်ပါတယ်။

(၄)  အစားစားခြင်းနှင့် ပတ်သက်သောရောဂါများ
ကလေးမှာ အစာစားပြီးတာနှင့် အန်သောရောဂါ၊ အစားရှောင်သောရောဂါတွေ ရှိနေပါက ကိုယ်အလေးချိန်မတိုးဘဲ ရှိတတ်ပါတယ်။

>>  ကလေးမှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းပါးနေပြီဆိုတာကို ပြသနေတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
●  အရိုးအဆစ်နာခြင်း
●  ပိန်ခြင်း
●  ကြွက်သားများ လျော့ရဲနေခြင်း၊ အဆီမရှိခြင်း
●  ပုံမှန်ကြီးထွားမှုမရှိခြင်း
●  စိတ်အတက်အကျမြန်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စာသင်ခြင်းဆိုင်ရာပြဿနာများ
●  အရိုးပျော့ခြင်း

Nutrilin IA 1

>>  ကလေးတွေ ကိုယ်အလေးချိန်တိုးဖို့ ဒီနည်းလမ်းလေးတွေ အသုံးပြုကြည့်နိုင်ပါတယ်။
●  ကလေးကို ကယ်လိုရီများများပါသော အစားအစာများကို နေ့စဉ်ကျွေးပါ။ ထမင်း၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တို့ မျှတစွာပါဝင်အောင် ကျွေးပေးပါ။
●  အစာတစ်နပ်နှင့်တစ်နပ်ကြားမှာ အာဟာရပြည့်ဝသော သရေစာများကို ၂ ကြိမ် ကျွေးမွေးသင့်ပါတယ်။ အသင့်စားအစာတွေအစား ပေါင်မုန့်၊ နွားနို့၊ ပူတင်း၊ ကြက်ဥ၊ ချိစ်၊ အစေ့အဆံ၊ အာလူး စတာတွေကို သရေစာအဖြစ် ကျွေးမွေးနိုင်ပါတယ်။ သစ်သီးနှင့်နွားနို့ိကို ရောစပ်ပြီး milkshake အဖြစ် တိုက်နိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်း နွားနို့တစ်ခွက် တိုက်ကျွေးနိုင်ပါတယ်။
●  ရေကူးခြင်း၊ ပြေးလွားဆော့ကစားခြင်းတို့ကိုလည်း ပြုလုပ်ခိုင်းခြင်းဖြင့် ဗိုက်ဆာပြီး အစာပိုစားစေနိုင်ပါတယ်။
ကိုယ်အလေးချိန်နည်းသော ကလေးတွေကို ကိုယ်အလေးချိန် တိုးစေဖို့အတွက် မေမေတို့အနေနှင့် စိတ်ရှည်ရှည်ထားပြီး ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
အာဟာရပြည့်ဝသော အစားအစာများကို ကလေးရဲ့အာသီသနှင့်ကိုက်ညီအောင် အမျိုးမျိုး ပြင်ဆင်ကျွေးမွေးမယ်ဆိုရင်တော့ ကိုယ်အလေးချိန် တဖြည်းဖြည်း တိုးလာမှာပါ။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုံလင်စွာပါဝင်တဲ့ အားဆေးတစ်မျိုးမျိုးကိုလည်း တိုက်ကျွေးသင့်ပါတယ်။ အားဆေးကြောင့်တော့ ဝလာမှာ မဟုတ်ပေမယ့် ကိုယ်ခန္ဓာအတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြည့်ပြည့်၀၀ ရရှိစေနိုင်ပါတယ်။ အစားရွေးတဲ့ ကလေးတွေအတွက် ပိုပြီးလိုအပ်ပါတယ်။
နောက်ပြီး ကလေးတွေကို ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တဲ့ အလေ့အကျင့်လေးကိုလည်း မွေးမြူပေးတာမျိုး လုပ်ပေးဖို့အတွက်လည်း တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Nutrilin IA 2

(Zawgyi)

မိဘတိုင္းနီးပါးဟာ သားသားမီးမီးေလးေတြကို ၀၀ၿဖိဳးၿဖိဳးေလးအျဖစ္ ျမင္ေတြ႕ခ်င္ၾကပါတယ္။ ကိုယ့္ဘက္က အစြမ္းကုန္ ေကြၽးေမြးပါလ်က္ႏွင့္ ကေလး ကိုယ္အေလးခ်ိန္မတိုးလာပဲ ပိန္ေနလို႔ စိတ္ညစ္ေနရတဲ့ ေမေမတို႔အတြက္ ကိုယ္အေလးခ်ိန္တိုးေစမယ့္ နည္းေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။

>>  ရင္ေသြးေလးေတြ မဖြံ႕ၿဖိဳးရတဲ့ အေၾကာင္းရင္းမ်ား
(၁)  မ်ိဳး႐ိုးအရ
မိဘႏွစ္ေယာက္စလုံးက ပိန္သြယ္သူမ်ားဆိုပါက ေမြးလာတဲ့ကေလးဟာလည္း ပိန္ဖို႔အလားအလာ မ်ားပါတယ္။

(၂)  အစာေခ်စနစ္ေရာဂါမ်ား
အစာအိမ္အခ်ဥ္ျပန္ေရာဂါ (GERD)၊ အူေရာင္ေရာဂါရွိေသာ ကေလးမ်ားအေနႏွင့္ ကိုယ္အေလးခ်ိန္ နည္းတတ္ပါတယ္။ အစာစားလိုက္တိုင္း ဗိုက္ေအာင့္ျခင္း၊ အန္ျခင္း၊ ဝမ္းပ်က္ျခင္းတို႔ ျဖစ္ေပၚေစျခင္းေၾကာင့္ ျဖစ္ပါတယ္။

(၃)  သိုင္းရြိဳက္ေရာဂါမ်ား
ကေလးမွာ သိုင္းရြိဳက္ လြန္ကဲစြာ အလုပ္လုပ္ေသာျပႆနာ ရွိေနပါက ကိုယ္အေလးခ်ိန္ နည္းတတ္ပါတယ္။

(၄)  အစားစားျခင္းႏွင့္ ပတ္သက္ေသာေရာဂါမ်ား
ကေလးမွာ အစာစားၿပီးတာႏွင့္ အန္ေသာေရာဂါ၊ အစားေရွာင္ေသာေရာဂါေတြ ရွိေနပါက ကိုယ္အေလးခ်ိန္မတိုးဘဲ ရွိတတ္ပါတယ္။

>>  ကေလးမွာ ရွိသင့္တဲ့ ကိုယ္အေလးခ်ိန္ထက္ နည္းပါးေနၿပီဆိုတာကို ျပသေနတဲ့ လကၡဏာေတြကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
●  အ႐ိုးအဆစ္နာျခင္း
●  ပိန္ျခင္း
●  ႂကြက္သားမ်ား ေလ်ာ့ရဲေနျခင္း၊ အဆီမရွိျခင္း
●  ပုံမွန္ႀကီးထြားမႈမရွိျခင္း
●  စိတ္အတက္အက်ျမန္ျခင္း၊ စိုးရိမ္ပူပန္ျခင္း၊ စာသင္ျခင္းဆိုင္ရာျပႆနာမ်ား
●  အ႐ိုးေပ်ာ့ျခင္း

>>  ကေလးေတြ ကိုယ္အေလးခ်ိန္တိုးဖို႔ ဒီနည္းလမ္းေလးေတြ အသုံးျပဳၾကည့္ႏိုင္ပါတယ္။
●  ကေလးကို ကယ္လိုရီမ်ားမ်ားပါေသာ အစားအစာမ်ားကို ေန႔စဥ္ေကြၽးပါ။ ထမင္း၊ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္တို႔ မွ်တစြာပါဝင္ေအာင္ ေကြၽးေပးပါ။
●  အစာတစ္နပ္ႏွင့္တစ္နပ္ၾကားမွာ အာဟာရျပည့္ဝေသာ သေရစာမ်ားကို ၂ ႀကိမ္ ေကြၽးေမြးသင့္ပါတယ္။ အသင့္စားအစာေတြအစား ေပါင္မုန႔္၊ ႏြားႏို႔၊ ပူတင္း၊ ၾကက္ဥ၊ ခ်ိစ္၊ အေစ့အဆံ၊ အာလူး စတာေတြကို သေရစာအျဖစ္ ေကြၽးေမြးႏိုင္ပါတယ္။ သစ္သီးႏွင့္ႏြားႏို႔ိကို ေရာစပ္ၿပီး milkshake အျဖစ္ တိုက္ႏိုင္ပါတယ္။ ညအိပ္ရာဝင္ခါနီးတိုင္း ႏြားႏို႔တစ္ခြက္ တိုက္ေကြၽးႏိုင္ပါတယ္။
●  ေရကူးျခင္း၊ ေျပးလြားေဆာ့ကစားျခင္းတို႔ကိုလည္း ျပဳလုပ္ခိုင္းျခင္းျဖင့္ ဗိုက္ဆာၿပီး အစာပိုစားေစႏိုင္ပါတယ္။
ကိုယ္အေလးခ်ိန္နည္းေသာ ကေလးေတြကို ကိုယ္အေလးခ်ိန္ တိုးေစဖို႔အတြက္ ေမေမတို႔အေနႏွင့္ စိတ္ရွည္ရွည္ထားၿပီး ဂ႐ုစိုက္ရမွာ ျဖစ္ပါတယ္။
အာဟာရျပည့္ဝေသာ အစားအစာမ်ားကို ကေလးရဲ႕အာသီသႏွင့္ကိုက္ညီေအာင္ အမ်ိဳးမ်ိဳး ျပင္ဆင္ေကြၽးေမြးမယ္ဆိုရင္ေတာ့ ကိုယ္အေလးခ်ိန္ တျဖည္းျဖည္း တိုးလာမွာပါ။ လိုအပ္ရင္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ စုံလင္စြာပါဝင္တဲ့ အားေဆးတစ္မ်ိဳးမ်ိဳးကိုလည္း တိုက္ေကြၽးသင့္ပါတယ္။ အားေဆးေၾကာင့္ေတာ့ ဝလာမွာ မဟုတ္ေပမယ့္ ကိုယ္ခႏၶာအတြက္ ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြကို ျပည့္ျပည့္၀၀ ရရွိေစႏိုင္ပါတယ္။ အစားေရြးတဲ့ ကေလးေတြအတြက္ ပိုၿပီးလိုအပ္ပါတယ္။
ေနာက္ၿပီး ကေလးေတြကို ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္တဲ့ အေလ့အက်င့္ေလးကိုလည္း ေမြးျမဴေပးတာမ်ိဳး လုပ္ေပးဖို႔အတြက္လည္း တိုက္တြန္းလိုက္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)