လစဉ်နှင့်အမျှ ကလေးငယ်လေးများ၏ စိတ်ပိုင်းဆိုင်ရာဖွ့ံဖြိုးမှုအခြေအနေများ
1 လ
- မျက်လုံးချင်းဆုံ၍ကြည့်တတ်ခြင်း
- အော်ငို၍ အကူအညီတောင်းခြင်း
- မိဘများ၏ အသံနှင့်အပြုံးများကိုတုံ့ပြန်ခြင်း
2 လ
- ပြုံးရယ်တတ်လာခြင်း
- အခြားသူများနှင့် ကစားရခြင်းကို နှစ်သက်၍ ကစားခြင်းကိုရပ်လိုက်ပါက ငိုယိုခြင်း
- သက်ရှိများကို အရာ၀တၳုများထက်ပိုမိုစိတ်၀င်စားခြင်း
- မျက်နှာများကို မှတ်သားခြင်း
- အနီးအနားမှအသံများကို အသံထွက်၍တုံ့ပြန်ခြင်း
- အလိုမကျမှုကိုစတင်၍ ပြသတတ်လာခြင်း
3 လ
- လူကြီးများ၏အာရုံစိုက်မှုကိုရရှိအောင် အသံထွက်၍ဆွဲဆောင်ခြင်း
- အပြုံးကိုအပြုံးဖြင့် ပြန်လည်တုံ့ပြန်ခြင်း၊ လှိုက်လှိုက်လှဲလှဲပြုံးရယ်ခြင်းတွင် တစ်ကိုယ်လုံးပါ၀င်ပါသည်။ (လက်မောင်းကိုမြှောက်၍ ခြေထောက်များကို လှုပ်ကာရယ်မောခြင်းဖြစ်ပါသည်။)
- အချို့သောလှုပ်ရှားမှုနှင့် မျက်နှာအမူအရာများကိုအတုခိုးခြင်း
4 လ
- ကလေးများကိုစူးစမ်းလေ့လာခြင်း ပြင်ပ(သို့) တီဗီအစီအစဉ်တွင် ကလေးအသံကြားပါက လှည့်ကြည့်တတ်ခြင်း
- အခြားသူများ၏ အပြုအမူကိုကြည့်၍ (သို့) ကလိထိုးပါက ရယ်မောခြင်း
- ကစားခြင်းကို အနှောင့်အယှက်ပေးပါက အော်ငိုခြင်း
5 လ
- မိမိကိုယ်ကိုပိုမို၍ ဂရုပြုတတ်လာခြင်း
- မိသားစု၀င်များနှင့် အခြားသူစိမ်းများကိုခွဲခြားတတ်လာခြင်း
- အစာစားစဉ် ကစားခြင်းကိုနှစ်သက်ခြင်း
6 လ
- ကစားစရာများကို အမြန်ငြီးငွေ့လွယ်သော်လည်း အခြားသူများဂရုစိုက်မှုကိုရယူရန် အမြဲကြိုးစားနေခြင်း
- ဗီဇလက္ခဏာပိုမိုထင်ရှားပေါ်လွင်လာခြင်း (အနေအေးသောကလေး (သို့) လှုပ်ရှားမှုကိုနှစ်သက်သောကလေး)
- မိမိနာမည်ကို မှတ်မိခြင်း
- ပျော်ရွှင်နေပါက ခိုးခိုးခစ်ခစ်ရယ်မော၍ မကျေနပ်ပါက ငိုကြွေးခြင်း
- နှာမှုတ်သံ၊ လေချွန်သံ စသည့်အသံများပြုလုပ်တတ်လာခြင်း
7 လ
- ငြင်းဆိုခြင်းကို စတင်နားလည်ခြင်း
- လူအများနှင့် ဆက်ဆံခြင်းကိုနှစ်သက်ခြင်း
- စိတ်မကျေနပ်မှုကိုပိုမို၍ ပြသတတ်လာခြင်း
- လူကြီးများ၏ အသံကိုကြိုးစား၍အတုခိုးတတ်လာခြင်း
8 လ
- ရင်းနှီးကျွမ်း၀င်မှုနှင့် မရင်းနှီမှုကိုခွဲခြားတတ်လာခြင်း
- သူစိမ်းများကို စိုးရွံ့ခြင်း
- အရုပ်ကိုလက်လှမ်းမမီခြင်း (သို့) လုပ်ချင်သောအရာကိုမလုပ်နိုင်ခြင်းများကြောင့် အသည်းအသန်ငိုကြွေးခြင်း
9 လ
- အခြားသူများ၏ အပြုအမူများကို အတုခိုးခြင်း
- ရုပ်ပုံတစ်ခုကို နာမည်ပြောပါက မှန်ကန်စွာကြည့်တတ်ခြင်း
- မှန်ထဲရှိ မိမိရုပ်ပုံကို ပြုံးကြည့်၍နမ်းခြင်း
- မိဘများအနီးတစ်၀ိုက်တွင် ကစားရသည်ကိုနှစ်သက်ခြင်း (ဥပမာ - မိခင်ဟင်းချက်နေပါက မီးဖိုချောင်တွင်ကစားခြင်း)
- မိဘအနီးတွင် အခြားကလေးများရှိပါက မခံမရပ်နိုင်ပိုမိုဖြစ်လာခြင်း
10 လ
- ခွဲခွာခြင်းကြောင့် စိုးရွံ့ထိတ်လန့်မှုကို စတင်ခံစားရခြင်း
- မိမိကိုယ်ကိုယုံကြည်မှုစတင်ဖွ့ံဖြိုးလာခြင်း
- ချီးမြှောက်အသိအမှတ်ပြုခြင်း (ဥပမာ - လက်ခုတ်တီးခြင်း) ကိုတုံ့ပြန်ခြင်း
- အရပ်အမောင်းကို သတိပြုတတ်လာခြင်း
- ၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း စသောခံစားမှုများကိုပြသခြင်း
11 လ
- အသိအမှတ်ပြုမှုရရှိရန်ကြိုးစားခြင်း
12 လ
- စိတ်ဆိုးစိတ်ကောက်ခြင်း
- တခါတရံပူးပေါင်းဆောင်ရွက်၍ တခါတရံတွင် ရှောင်ဖယ်ခြင်း
- ဟာသဉာဏ်ရွှင်လာသည်ကိုပြသခြင်း
- မိဘနှစ်ဦး (သို့) တစ်ဦးတည်းကိုသာ ပိုမိုတွယ်ကပ်ခြင်း
Dr. Thinzar Wynn
















